bnr_tob_1

2020.07.27SOCIAL

YPS ကတ်ဖြင့်စီးနင်း၍ရသည့်ယာဉ်ဟုတ်/မဟုတ် အရင်စစ်ဆေးရန်လိုမည်

YPS ကတ်ဖြင့်စီးနင်း၍ရသည့်ယာဉ်ဟုတ်/မဟုတ် အရင်စစ်ဆေးရန်လိုမည်

ဇူလိုင်လ ၁၆ ရက်မှစတင်ကာ YPS ကတ်တွေကို စတင်ရောင်းချပေးခဲ့ပြီး ဇူလိုင်လ ၂၁ ရက်မှစတင်ပြီး YBS စီးနင်းသူတွေဟာ YPS ကတ်ကို စတင်အသုံးပြုနိုင်ပြီဖြစ်ပါတယ်။

ရန်ကုန်မြို့မှာပြေးဆွဲပေးနေတဲ့ YBS ယာဉ်တွေမှာ ယာဉ်လမ်းကြောင်း ၁၂၈ ကြောင်းကို ယာဉ်အစီးရေ ၄၀၀၀ နီးပါးဖြင့် ပြေးဆွဲပေးနေပြီး လက်ရှိမှာ Bus Validata တပ်ဆင်ထားတဲ့ ယာဉ်အစီးရေမှာ ၁၉၀၀ ခန့်သာရှိသေးတဲ့အတွက် မိမိစီးနင်းမယ့်ယာဉ်ဟာ YPS ကတ်အသုံးပြု၍ ရသည့်ယာဉ် ဟုတ်/မဟုတ် အရင်စစ်ဆေးဖို့ လိုပါတယ်။

YPS ကတ်စနစ်နဲ့ပေးချေတဲ့ ဝန်ဆောင်မှုရ / မရ ကို ယာဉ်စီးနင်းမယ့်သူတွေသိရှိစေဖို့ Bus Validata စက်တပ်ဆင်ထားတဲ့ ယာဉ်တွေမှာ အမှတ်အသား Sticker တွေနဲ့ မြင်သာ​အောင် ပြသပေးထားပါတယ်။ယာဉ်​ပေါ်မတက်ခင် YPS အမှတ်တံဆိပ်ပါတဲ့ Sticker အရောင်တွေကို သေချာစွာကြည့်ရှု့စစ်ဆေးရပါမယ်။

YPS Service Available Sticker အဝါရောင်မှာ Bus Validata စက်တပ်ဆင်ထားတဲ့ယာဉ် ဖြစ်ပါတယ်။

YPS Service Available Sticker အစိမ်းရောင်ဖြစ်ပါက ကတ်အသုံးပြုစီးနင်းနိုင်ပါတယ်။

YPS Maintenance Sticker အနီရောင်ဖြစ်ပါက ကတ်စနစ်ပြုပြင်ထိန်းသိမ်းနေဆဲယာဉ်ဖြစ်တာကို ပြသထားတာဖြစ်လို ့ YPS ကတ်ဖြင့် လတ်တလောအသုံးပြုလို့မရတဲ့ယာဉ်ဖြစ်ပါတယ်။

Notice Sticker ကတော့ ယာဉ်ရဲ့အဆင်းနေရာမှာ ထားရှိပေးပြီး ယာဉ်ပေါ်မှအဆင်းမှာ ကတ်ဖြတ်ရန်မမေ့ဖို့ သတိပေးထားတဲ့ Sticker ဖြစ်ပါတယ်။

YPS ကတ်တွေကို YPS Customer Service Center တွေ၊ YPS တရားဝင်အရောင်းကိုယ်စားလှယ်တွေဖြစ်တဲ့ G&G ဆိုင်တွေ၊ သတ်မှတ်ထားတဲ့ YPS ဆိုင်းဘုတ်ပါရှိတဲ့ စတိုးဆိုင်တွေမှာ ဝယ်ယူနိုင်မှာဖြစ်ပါတယ်။

YPS ကတ်ဝယ်ယူရာမှာလည်း မိမိဖြည့်သွင်းမယ့် ငွေပမာဏအတိုင်း ငွေလက်ခံဖြတ်ပိုင်းကို ထုတ်ပေးမှာဖြစ်ပြီး ရရှိတဲ့ငွေလက်ခံဖြတ်ပိုင်းနဲ့ ကတ်ထဲရှိငွေလက်ကျန်ပမာဏ ကိုက်ညီမှု ရှိ/မရှိ ကို ဝယ်ယူတဲ့ဆိုင်ရှိစက်မှာ မိမိကိုယ်တိုင် စစ်ဆေးနိုင်မှာဖြစ်ပါတယ်။ ယာဉ်စီးနင်းချိန် ယာဉ်ပေါ်အတက်ရှိ Bus Validata စက်မှာလည်း ငွေလက်ကျန်ကို စစ်ဆေးနိုင်ပါတယ်။

YRTA ရဲ့ နေ့စဉ်ယာဉ်စီးနင်းမှ ုထုတ်ပြန်ချက်အရ ၂၅-၇-၂၀၂၀ ရက်နေ့ YBS စီးနင်းသူမှာ ( ၁၀၂၆၂၁၃) ဦးရှိကြောင်း သိရပါတယ်။

By : Kyaw Thura Tun

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img