bnr_tob_1

2020.02.11SOCIAL

အချိန်ပိုင်း၀င်ငွေရှာချင်တဲ့သူတွေမဖြစ်မနေသွားသင့်တဲ့ Facebook နဲ့ Youtube တို့ပေါ်က ငွေပြန်ရနိုင်မယ့်နည်းလမ်းတွေကိုပြောပြမယ့်ပွဲ

လက်ရှိအချိန်မှာလူငယ်တွေဟာ ပိုပိုပြီးရှာချင်၊ သုံးချင်လာကြပါပြီ။ ကျောင်းတက်နေတဲ့လူငယ်တွေဆိုရင်တော့ အချိန်ပြည့်အလုပ်လုပ်ဖို့ခက်ခဲမှာပါ။ အချိန်ပိုင်းအလုပ်ကလည်းရှားပါးပါတယ်။ ဒီလိုအချိန်မှာ ဒီပွဲကတော့ တကယ့်ကို ရွှေပါပဲ။ ဒီပွဲကနေမှရလာတဲ့ အသိပညာတွေကနေ သုံးတတ်ရင် တကယ့်ကို ရတနာပါပဲ။ ဒီပွဲဆိုတာ ဘယ်ပွဲလဲဆိုတော့ Digital Platformတွေကို အသုံးပြုပြီး ဘယ်လိုငွေရှာမလဲ ? ( Free Public Seminar ) ပဲဖြစ်ပါတယ်

– လူတိုင်းနီးပါ Mobile Phone တွေကိုင်လာနိုင်တဲ့ ဒီနေ့လို Digital ခေတ်ကြီးထဲမှာ လူငယ်တွေအနေနဲ့ ဖုန်းတစ်လုံးရှိယုံနဲ့ လက်ရှိ နေ့စဉ် အသုံးပြုနေကြတဲ့ Digital Platform တွေကို အသုံးပြုပြီး ဝင်ငွေတွေ ပြန်ရှာလို့ရနိုင်နေပါပြီ။

– Digital နည်းပညာတွေ တိုးတက်လာမှုနဲ့အတူ လူငယ်တွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေရော ဝင်ငွေရပေါက်ရလမ်းတွေရောပါ အများအပြားရှိလာပြီးဖြစ်ပါတယ်။

– လူငယ်တွေအနေနဲ့ အင်တာနက်ကို အကျိုးရှိရှိအသုံးချပြီး Digital Platform တွေပေါ်မှာ ပိုက်ဆံရှာနည်းပေါင်း မြောက်များစွာရှိပါတယ်

– နည်းပညာတွေကိုအသုံးချပြီး မီလျံနာဖြစ်လာဖို့ဆိုတာ အိမ်မက်တစ်ခုလို့ထင်နေတာလား ဒါမှမဟုတ် မဖြစ်နိုင်ဘူးလို့ ထင်နေကောင် ထင်နေပါလိမ့်မယ် ။
လူငယ်တွေအတွက်တော့ မဖြစ်နိုင်ဘူးဆိုတာ မရှိပါဘူး။ တကယ်လုပ်ရင် တစ်ကယ်ဖြစ်နိုင်ပါတယ်။

– အခုဆိုရင် အိမ်းနီချင်းနိုင်ငံက လူငယ်တွေကတော့ Youtube, Facebook စတဲ့ Platform အပြင် အခြားသော Digital Platform တွေပေါ်ကနေ လစဉ်ဝင်ငွေ ဒေါ်လာ ထောင်နဲ့ သောင်းနဲ့ သန်းနဲ့ချီ ရနေကြသူတွေ မြောက်မြာစွာရှိနေကြပါပြီး။

– ဒီလိုဝင်ငွေတွေရအောင် သူတို့ ဘယ်လိုတွေ လုပ်နေလဲ ? ဒီလိုတွေရဖို့အတွက် သူတို့တွေ ဘယ်လိုလေ့လာပြင်ဆင်နေကြလဲ ?

– ဘာကြောင့် Youtube Facebook စတဲ့ Digital Platform တွေကနေ ဝင်ငွေ ဒေါ်လာ ထောင်နဲ့ သောင်းနဲ့ သန်းနဲ့ချီ ရနေကြတာလဲ ?

ကျွန်တော်တို့ မြန်မာနိုင်ငံမှာရော ဒီလိုလုပ်လို့မရနိုင်ဖူးလာ ?

– လုပ်မယ်ဆို ဘာတွေ လိုအပ်မလဲ ? ဘယ်လို အခက်အခဲတွေ ဖြစ်လာနိုင်မလဲ ? ကြုံလာနိုင်မယ့် အခက်အခဲတွေအတွက် ဘယ်လိုတွေ ကြိုတင်ပြင်ဆင်ကြမလဲ ? စတဲ့ အကြောင်းအရာတွေအပြင် ..

– လက်ရှိ Digital Platform ပေါ်သွားကြမယ့် သွားနေကြတဲ့ Online Media Online Publisher, Creator သမားတွေအတွက်လည် . မိမိတို့ ကြိုးစားအားထုတ်ထားတဲ့ အကြောင်းအရာတွေ ကို Digital Platform တွေပေါ်မှာ ဘယ်လိုကာကွယ်မလဲ ၊

– မိမိရဲ့ Content တွေကို Facebook Youtube အပြင် အခြား ဘယ် Digital Platform တွေအထိ ဖြန့်ချီလို့ရနိုင်သေးလဲ . ..

– Online မူပိုင်ခွင့်တွေနဲ့ပက်သက်ပြီး ဘယ်လိုတွေ ကြိုတင်ပြင်ဆင်ထားသင့်လဲ ..

စတဲ့ အသေးစိတ် အကြောင်းအရာတွေကို လေ့လာနိုင်ဖို့

Bangkok အခြေစိုက် BMG Group နဲ့အတူ Mobile Guide Journal, NetGuide Journal နှင့် အခွင့်အလမ်းဂျာနယ်တို့ပူပေါင်းစီစဉ်တဲ့ ” Digital Platformတွေကို အသုံးပြုပြီး ဘယ်လိုငွေရှာမလဲ ? Free Public Seminar ကို တက်ရောက်ကြဖို့ပြောကြားချင်ပါတယ်။

ပါ၀င်ပြောကြားမည့်သူများကတော့ –

Board of director at ရတနာပုံ Bank,
Chief Smart City Officer at ASEAN Smart Cities Network
Founder, Director at Yatanapon Cyber Coperation
Founder, Director at Myanmar Egress
Founder , Managing Director at Alpha Computer Mandalay
Former Central Executive Committee at UMFCCI
Former joint Secretary General at Mandalay Region Chamber of Commerce and Industry
Former President at Mandalay MBA Alumni Association
Former Executive commette at MYEA (Myanmar Young Entrepreneurs Association)
Former President at Myanmar Computer Industry Association Mandalay’ ဖြစ်တဲ့ ဉီးရဲမြတ်သူ ပဲဖြစ်ပါတယ်။ အန်ကယ်ရဲမြတ်သူကတော့ ဒီပွဲရဲ့ Keynote Speaker  အဖြစ်ပါ၀င်သွားမှာပဲဖြစ်ပါတယ်။

နောက်ထပ် Guest Speaker ကတော့ Ko Zin Ko Htet ( Youtube Specialist ) ပဲဖြစ်ပါတယ်။ ကိုဇင်ကိုထက်ဟာ Youtube Certified နည်းပညာရှင်းတစ်ယောက်ဖြစ်ပြီး လက်ရှိ မြန်မာနိုင်ငံရဲ့ Music Company တစ်ခုမှာ နည်းပညာရှင် အဖြစ် ဆောက်ရွက်လျက်ရှိနေပါသည်။

နောက်ဆုံးတစ်ဖြစ်လည်း ပါ၀င်ပြောကြားမယ့်သူကတော့ Ko Sa Htet Naing Aye ( Online Ads Specialist  ပဲဖြစ်ပါတယ်။ကိုစထက်နိုင်အေးဟာ BMG Group ရဲ့ Founder တစ်ယောက်အနေနဲ့ ဖြစ်ပြီးတော့ အခုလက်ရှိ မြန်မာနိုင်ငံရဲ့ နာမည်ကြီး Online Media များတွင် Onine Ads Adviser အနေနဲ့ လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါတယ်။

အဆိုပါ Free Public Seminar ပွဲဟာ UMFCCI ခန်းမထဲမှာ ကျင်းပသွားမှာဖြစ်ပါတယ်။ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ (တနဂ်နွေနေ့) မှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး နေ့လည်၂နာရီမှ နေ့လည် ၄နာရီအထိ ပြုလုပ်သွားမှာဖြစ်ပါတယ်။ ပိုက်ဆံရှာချင်တဲ့လူငယ်တွေ မဖြစ်မနေသွားသင့်တဲ့ပွဲတစ်ပွဲဖြစ်ပြီး ပွဲတက်ဖို့အတွက်တော့ Register လုပ်ပေးရမှာပဲဖြစ်ပါတယ်။

( Register Link –  https://forms.gle/zefhCZuaNmo5GTMe6 )

ကျွန်မကတော့ လူငယ်တွေကို တစ်ခေါက်လောက်တော့ သွားပြီးနားထောင်ကြည့်စေချင်ပါတယ်ရှင်။

By : Myo Wai Thu

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img