bnr_tob_1

2020.09.22SOCIAL

ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ထဲက တိရစ္ဆာန်လေးတွေကို မွေးစားနိုင်မယ့်အစီအစဉ်တွေ ရှိနေပြီ

တိရစ္ဆာန်လေးတွေကို ချစ်မြတ်နိုးသူတွေအတွက် ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ထဲမှာရှိတဲ့ တိရစ္ဆာန်လေးတွေကို ယာယီမွေးစားနိုင်မယ့် အစီအစဉ်တွေ ရှိနေပြီဖြစ်ပါတယ်။
ရန်ကုန်တိရစ္ဆာန်ဥယျာဉ်မှာ ကျားအပါအဝင် အသားစားသတ္တဝါတွေ အများကြီးရှိတာမို့ အစာအခက်အခဲကိုဖြေရှင်းနိုင်ဖို့ ရည်ရွယ်သလို တိရစ္ဆာန်ချစ်တဲ့သူတွေအနေနဲ့လည်း Covid ကာလမှာ တိရစ္ဆာန်လေးတွေကို​တွေ့ခွင့်ရဖို့ အခွင့်အရေးလည်းဖြစ်ပါတယ်။
ရန်ကုန်တိရစ္ဆာန်ဥယျာဉ်မှာ ကုန်းနေ၊​ရေနေ၊ တွားသွားသတ္တဝါမျိုးစိတ်ပေါင်း ၁၃၈ မျိုးမှ အကောင်ရေ ၁၄၀၀ ကျော်ရှိပြီး အဲဒီအထဲက ကျား၊ ဆင် နဲ့ ခြင်္သေ့ အပါအဝင် တိရစ္ဆာန် ၅ မျိုးကို ယာယီမွေးစားခွင့်ပြုနေတာဖြစ်ပါတယ်။

Covid 19 ဖြစ်ပွားနေတဲ့ကာလမှာ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ပိတ်ထားခဲ့ရပြီး အစာကျွေးမွေးလှူဒါန်းသူတွေကိုသာ ဝင်ရောက်ခွင့်ပေးထားပါတယ်။ အစာကျွေးတဲ့အစီအစဉ်မှာတော့ အသားချည်​​း​​ကွေ ျးမယ်ဆိုရင် ၆ သိန်းခန့်ကုန်ကျပြီး အသီးအရွ​​က်​ကွေ ျးမယ်ဆိုရင် ၄ သိန်းခန့် နဲ့ အသားနဲ့အသီးအရွက် နှစ်မျိုးလုံးကျွေးမယ်ဆိုပါက ဆယ်သိန်းခန့်ကုန်ကျမှာဖြစ်တယ်လို့သိရပါတယ်။
Online ကနေလှူဒါန်းနိုင်အောင်လည်း စီစဉ်ထားရှိပြီး လှူဒါန်းလိုသူတွေအနေနဲ့ Onepay app ကနေ အလွယ်တကူ လှူဒါန်းနိုင်ဖို့ စီစဉ်ပေးထားပါတယ်။ One-Donate ထဲက Yangon Zoo Animals Feed Program ထဲကိုဝင်ပြီး ဖုန်းနံပါတ်၊ email နဲ့ လှူဒါန်းလိုတဲ့ ငွေပမာဏကို ဖြည့်စွက်ပြီး လှူဒါန်းနိုင်ပါသေးတယ်။

လှူဒါန်းသူအားလုံးအတွက် ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ရဲ့ လှူဒါန်းမှုအသိအမှတ်ပြုလက်မှတ် ပေးအပ်မယ့်အပြင် အများဆုံးလှူဒါန်းသူ သုံးဦးနဲ့ မိသားစုဝင်တွေကို ရန်ကုန်တိရစ္ဆာန်ဥယျာဉ်မှာ သီးသန့်လာရောက်အစာကျွေးခွင့်ကိုလည်း ရရှိမှာဖြစ်ပါတယ်။ ဒီအစီအစဉ်မှာပါဝင်ဖို့ စက်တင်ဘာ ၁၈ ရက်ကနေ အောက်တိုဘာ ၁၈ အတွင်း Onepay ရဲ့ ONE-Donate အစီအစဉ်နဲ့ လှူဒါန်းနိုင်မှာဖြစ်ပါတယ်။
ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ဟာ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်ရိပ်သာလမ်းမှာတည်ရှိကာ ၁၉၀၆ ခုနှစ်၊ ဇန်နဝါရီ ၂၅ မှာ ဖွင့်လှစ်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီ ၂၅ ရက်မှာ နှစ်ပေါင်း ၁၁၄ နှစ်ရှိပြီဖြစ်ပါတယ်။

By : Kyaw Thura Tun

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img