bnr_tob_1

2020.08.17SOCIAL

Yangon Water Bus စီးကြမယ်

ရန်ကုန်မြို့ လမ်းမတော်မြို့နယ် လမ်းသစ်ဆိပ်ကမ်းနဲ့ ကြည့်မြင်တိုင်မြို့နယ် ဆာပါချောင်ဆိပ်ကမ်းကို ပြေးဆွဲပေးနေတဲ့ Yangon Water Bus ခရီးစဉ်ကို ဩဂုတ်လ ၁ ရက်မှာ ပြန်လည်စတင်ပြေးဆွဲနေပြီဖြစ်ပါတယ်။

Yangon Water Bus ကို ၂၀၁၇ အောက်တိုဘာလကတည်းက စတင်ပြေးဆွဲခဲ့တာဖြစ်ပြီး ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလမှာ ပြေးဆွဲမှုကို ရပ်ဆိုင်းထားခဲ့ပြီး ၂၀၂၀ ခုနှစ် ဩဂုတ်လ ၁ ရက်ကစပြီး ပြန်လည်ပြေးဆွဲနေတာဖြစ်ပါတယ်။

Yangon Water Bus မှာ Aircon ပါ မှန်လုံရေယာဉ်ဖြစ်ပြီး သန့်ရှင်းသပ်ရပ်စွာစီမံထားတဲ့အတွက် စီးနင်းတဲ့ခရီးသည်တွေအတွက် သက်တောင့်သက်သာရှိပြီး စိတ်ချမ်းမြေ့စွာစီးနင်းနိုင်ပါတယ်။

Covid 19 ရောဂါကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်တွေနဲ့အညီ စီးနင်းသူတွေကိုလည်း နှာခေါင်းစည်းတပ်ဆင်ပြီးမှ စီးနင်းခွင့်ပြုတာတွေ၊ ကိုယ်အပူချိန်တိုင်းတာတွေကိုလည်း စီမံဆောင်ရွက်ပေးပါတယ်။

ပြေးဆွဲချိန်တွေကတော့ ဆာပါချောင်ဆိပ်ကမ်းမှ မနက် ၆ နာရီမှစတင်ကာ မနက် ၉ နာရီ ၃၀ အထိ မိနစ် ၃၀ ခြားတစ်စီးနှုန်းထွက်ခွာပေးပြီး လမ်းသစ်ဆိပ်ကမ်းမှလည်း မနက် ၆ နာရီ ၁၅ မိနစ်မှစတင်ကာ မနက် ၉ နာရီ ၄၅ အထိ မိနစ် ၃၀ ခြားတစ်စီးနှုန်းပြေးဆွဲပေးပါတယ်။

ညနေပိုင်းမှာလည်း လမ်းသစ်ဆိပ်ကမ်းမှ ညနေ ၃ နာရီ ၃၀ မှစတင်ကာ ညနေ ၇ နာရီအထိ မိနစ် ၃၀ ခြားတစ်စီးနှုန်း ပြေးဆွဲပေးပြီး ဆာပါချောင်ဆိပ်ကမ်းမှလည်း ညနေ ၃ နာရီ ၄၅ မှစတင်ကာ ညနေ ၆ နာရီ ၄၅ အထိ မိနစ် ၃၀ ခြားတစ်စီး ပြေးဆွဲပေးနေတာဖြစ်ပါတယ်။

စီးနင်းခကိုတော့ တစ်ဦးကို ၃၀၀ ကျပ် သတ်မှတ်ထားပြီး နိုင်ငံခြားသားတွေကို ၁၅၀၀ ကျပ် သတ်မှတ်ထားပါတယ်။ Yangon Water Bus မှ လက်ရှိမှာ လမ်းသစ်-ဆာပါချောင်ခရီးစဉ်တစ်ခုသာပြေးဆွဲနေတာဖြစ်ပြီး အောက်တိုဘာလအတွင်းမှာလည်း အပျော်စီးခရီးစဉ်တွေကို ပြေးဆွဲပေးဖို့စီစဉ်ထားကြောင်းလည်းသိရပါတယ်။

By : Kyaw Thura Tun

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img
This error message is only visible to WordPress admins

Error: API requests are being delayed for this account. New posts will not be retrieved.

Log in as an administrator and view the Instagram Feed settings page for more details.