fb_icon

bnr_tob_1

2019.10.10SOCIAL

ကမ္ဘာ့အဆင့် တက္ကသိုလ် သတ်မှတ်ချက်တွင် ရန်ကုန်တက္ကသိုလ် အဆင့်ငါးထောင်ကျော် မြင့်တက်

By ဆုဆက်

ရန်ကုန်တက္ကသိုလ်သည် ကမ္ဘာ့အဆင့်တက္ကသိုလ် သတ်မှတ်ချက်တွင် ၂၀၁၆ က အဆင့် (၁၃,၀၇၂) ဆင့်ရှိခဲ့ရာ မှ ၂၀၁၉ ၌ အဆင့် (၇,၂၂၁) သို့မြင့်တက်လာသည်။

ကမ္ဘာ့အဆင့်တက္ကသိုလ် သတ်မှတ်ချက်များ ထုတ်ပြန်သည့် Webometrics အဖွဲ့အစည်း၏ ၂၀၁၉ ဇူလိုင်အထိ ဆန်း စစ်မှုအရ ရန်ကုန်တက္ကသိုလ် သည် မြန်မာနိုင်ငံတက္ကသိုလ်များ အဆင့်တွင် နံပါတ်(၁)နေရာ၌ ရှိနေပြီး ကမ္ဘာ့အဆင့်တွင် (၇,၂၂၁) ၌ ရှိနေသည်။

‘‘ကမ္ဘာ့အဆင့် တစ်သောင်း ကျော်ရှိတာကနေ အခု ၂၀၁၉ ခုနှစ်မှာ အဆင့်ခုနစ်ထောင်ကျော် ဖြစ်လာတယ်။ နိုင်ငံတကာက အသိအမှတ်ပြုလာတယ်။ လာ မယ့်  ၁၀ နှစ်အတွင်းမှာ နိုင်ငံတ ကာတန်းဝင်တက္ကသိုလ်၊ ဒေသ အတွင်းမှာ ထိပ်တန်းတက္ကသိုလ် တစ်ခုဖြစ်လာဖို့ မျှော်မှန်းထားပါ တယ်’’ဟု ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဖိုး ကောင်းက ပြောသည်။

Webometrics အဖွဲ့အ စည်းစာရင်းအရ မန္တလေးတက္က သိုလ်သည် ကမ္ဘာ့အဆင့် (၁၁,၂၅၇)၊ ရန်ကုန်ကွန်ပျူတာ တက္ကသိုလ်သည် အဆင့် (၁၂,၂၃၃)၊ ရေဆင်းစိုက်ပျိုး ရေးတက္ကသိုလ်သည် အဆင့် (၁၅,၂၁၆)၊ မြိတ်တက္ကသိုလ်က အဆင့် (၁၇,၆၂၃) ရရှိထားပြီး ထိုတက္ကသိုလ်များသည် မြန်မာ နိုင်ငံရှိတက္ကသိုလ်၊ ဒီဂရီကော လိပ်၊ ကောလိပ် ၁၇၆ ခုရှိသည့်အ နက် ကမ္ဘာ့အဆင့်တွင် အမြင့်ဆုံး စာရင်းဝင်တက္ကသိုလ်များ ဖြစ် သည်။

Webometrics အဖွဲ့အ စည်းသည် ကမ္ဘာပေါ်ရှိတက္ကသိုလ် ၂၈,၀၀၀ ကျော်ကို တစ်နှစ်လျှင် နှစ်ကြိမ် ဇန်နဝါရီနှင့် ဇူလိုင်တွင် ဆန်းစစ်ကာ ကမ္ဘာ့တက္ကသိုလ် အဆင့်သတ်မှတ်ချက်ကို တစ်နှစ် လျှင် နှစ်ကြိမ်ကြေညာပေးသည်။

လုပ်ငန်းခွင် လိုအပ်ချက် ဖြည့်ဆည်းနိုင်သည့် ဘွဲ့ရအရည် အသွေးမီ ကျောင်းသားမွေးထုတ် နိုင်မှု ပမာဏ၊ ကျောင်းသား၊ ဆရာအချိုး၊ နိုင်ငံတကာကျောင်း သားဦးရေ၊ အမျိုးသား၊ အမျိုး သမီးဦးရေ အချိုးတို့ပေါ်မူတည် ၍ ကမ္ဘာ့အဆင့်တက္ကသိုလ်စာရင်း  သတ်မှတ်ခြင်းဖြစ်ပြီး  တရားဝင် ဝက်ဘ်ဆိုက်ဖွင့်ထားသည့် တက္က  သိုလ်များကိုသာ  ကမ္ဘာ့အဆင့် တက္ကသိုလ်သတ်မှတ်ချက်၌ထည့် သွင်းစဉ်းစားခြင်းဖြစ်သည်။

ကမ္ဘာ့အဆင့်တက္ကသိုလ် သတ်မှတ်ချက်တွင် ဟားဗက် တက္ကသိုလ်က အဆင့်(၁)၊စတမ်း ဖို့ဒ် တက္ကသိုလ်က အဆင့်(၂)၊  မန်ချူးဆက် နည်းပညာတက္က သိုလ်က အဆင့်(၃)၌ရှိနေပြီး အာ ရှနိုင်ငံများရှိ တက္ကသိုလ်များအ နက် တရုတ်နိုင်ငံ ဘေဂျင်းမြို့ရှိ Tsinghua တက္ကသိုလ်က ကမ္ဘာ့ အဆင့် (၃၃) နေရာ၌ ရှိနေသည်။ အာရှနိုင်ငံများတွင် ဟောင် ကောင်တက္ကသိုလ်က ဒုတိယအ ဆင့်၌ ရှိနေပြီး ကမ္ဘာ့အဆင့် (၄၅) ဖြစ်သည်။ စင်ကာပူအမျိုးသား တက္ကသိုလ်က ကမ္ဘာ့အဆင့် (၅၀) နေရာ၌ရှိနေပြီး အာရှတွင် တတိယအဆင့် ရပ်တည်နေ သည်။

Credit : http://7daydaily.com/

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img