bnr_tob_1

2020.08.04SOCIAL

ရန်ကုန်တက္ကသိုလ် နှစ် ၁၀၀ ပြည့်အထိမ်းအမှတ် ရောင်စုံဓာတ်ပုံပြိုင်ပွဲကျင်းပမည်

ရန်ကုန်တက္ကသိုလ် နှစ် ၁၀၀ ပြည့်အထိမ်းအမှတ်အတွက် ရောင်စုံဓာတ်ပုံပြိုင်ပွဲကို ” ရာပြည့်တက္ကသိုလ်မြကျွန်းညို” ခေါင်းစဉ်နဲ့ ကျင်းပမှာဖြစ်ပါတယ်။

ဒီပြိုင်ပွဲမှာ ရန်ကုန်တက္ကသိုလ်ရဲ့ ခမ်းနားတင့်တယ်မှု၊ သမိုင်းအစဉ်အလာကြီးမြတ်မှု၊​ခေတ်အဆက်ဆက်ပြု ပြင်ပြောင်းလဲမ ှု၊ ဖွံ့ဖြိုးတိုးတက်မှု၊ နိုင်ငံနှင့်လူမျိုးအတွက် အကျိုးပြုပုံရိပ်များ၊ အောင်မြင်ထူးချွန် ထင်ရှားသည့် ပုဂ္ဂိုလ်များ၊ ထင်ရှားသည့် သင်္ကေတ၊ နေရာဒေသနှင့်အဆောက်အအုံများ၊ ရန်ကုန်တက္ကသိုလ်ရဲ့ နှစ်ပေါင်း ၁၀၀ အတွင်း ဆောင်ရွက်ခဲ့တဲ့လှုပ်ရှားမှုများနှင့်ပွဲတော်ပုံရိပ်များ၊ စတဲ့ ရန်ကုန်တက္ကသိုလ်ရဲ့အနှစ်သာရကို ဖော်ညွန်းရိုက်ကူးထားတဲ့ ရောင်စုံဓာတ်ပုံတွေနဲ့ ပါဝင်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

ပြိုင်ပွဲရဲ့စည်းကမ်းချက်တွေကတော့…

၁။ ပြိုင်ပွဲတွင် မြန်မာနိုင်ငံသားမည်သူမဆို ပါဝင်ယှဉ်ပြိုင်နိုင်သည်၊
၂။ ဓာတ်ပုံမှာမြန်မာနိုင်ငံအတွင်း ရိုက်ကူးထားသော ရောင်စုံဓာတ်ပုံဖြစ်ရမည်၊
၃။ ြပြိင်ပွဲဓာတ်ပုံအရွယ်အစားမှာ ၁ဝလက်မ×၁၅လက်မ အရွယ်အစားတစ်မျ ိုးတည်းသာ ယှဉ်ပြိုင်ရန်နှင့် ပုံအရေအတွက် အကန့်အသတ်မရှိ ယှဉ်ပြိုင်နိုင်သည်၊
၄။ မည်သည့်ကင်မရာအမျ ုိုိးအစားမဆို အသုံးပြုနိုင်သည်၊
၅။ ဒစ်ဂျစ်တယ်နည်းပညာဖြင့် ပြု ပြင်ဖန်တီးထားသော ဓာတ်ပုံများနှင့် ပြည်တွင်းပြည်ပ ဓာတ်ပုံပြိုင်ပွဲများတွင် ဆုရခဲ့ဖူးသည့် ဓာတ်ပုံများအား ပြိုင်ပွဲသို့ယှဉ်ပြိုင်ခြင်းမပြုရ၊
၆။ ပြိုင်ပွဲဝင်ဓာတ်ပုံများသည် ပုံနှိပ်ထုတ်ဝေပြီးသော ဓာတ်ပုံများ၊ Website များတွင် အသုံးပြု
ပြီ​သောဓာတ်ပုံမဖြ​​စ်​စေရ၊
၇။ ပြိုင်ပွဲဝင်ဓာတ်ပုံများကို ပေးပို့ရာတွင် ဓာတ်ပုံအရွယ်အစား ၁ဝလက်မ×၁၅လက်မဓာတ်ပုံ Hard Copy နှင့် Soft Copy (CD)ကို ပူးတွဲပေးပို့ရမည်၊
၈။ ပြိုင်ပွဲဝင်ဓာတ်ပုံများအား အများပြည်သူအကျ ုိုိးငှါ ပြပွဲများ၊ စာအုပ်စာစောင်များ၊ Website များ၊ လက်ကမ်းစာစောင်များ၊ သင်ခန်းစာပို့ချမှုများနှင့် ဗီဒီယိုမှတ်တမ်းများ၌ အသုံးပြု ခြင်းကို သဘောတူခွင့်ပြုရမည်၊

၉။ ပြိုင်ပွဲဝင်ဓာတ်ပုံတိုင်းတွင် အမည်၊ မှတ်ပုံတင်အမှတ်၊ နေရပ်လိပ်စာ၊ ဓာတ်ပုံ၏အကြောင်းအရာ၊ ရိုက်ကူးသည့်ဒေသတို့ကို ဓာတ်ပုံတိုင်း၏နောက်ကျော၌ သီးခြားစက္ကူ ဖြင့်ကပ်ပြီး တစ်ပါတည်းပူးတွဲ ပေးပို့ရမည်၊

ပြိုင်ပွဲမှာဆုရရှိသူတွေကို ပထမဆု ကျပ်ငါးသိန်း၊ ဒုတိယဆု သုံးသိန်းငါးသောင်း၊ တတိယဆု ကျပ်နှစ်သိန်းနဲ့ အထူးဆုကို ကျပ်တစ်သိန်းစီ ချီးမြှင့်မှာဖြစ်ပါတယ်၊

ပြိုင်ပွဲဝင်ဓာတ်ပုံတွေကို ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၁၅ ရက်၊ ညနေ ၄ နာရီနောက်ဆုံးထားပြီး ဦးကျော်ဇင်စိုး၊ ညွှန်ကြားရေးမှုး (ထုတ်လုပ်)၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အမှတ် ၂၂၈၊ သိမ်ဖြူလမ်း၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း ၀၁-၈၃၇၁၃၄၂၊ ၀၁-၈၂၀၁၉၃၆ ကို ပေးပို့ရမှာဖြစ်ပြီး ၎င်းနေ့ထက်ကျော်လွန်ပေးပို့လာတဲ့ ဓာတ်ပုံတွေကို ပြိုင်ပွဲဝင်ဓာတ်ပုံအဖြစ် လက်ခံမှာမဟုတ်ကြောင်း ကြေညာထားပါတယ်။

ရန်ကုန်တက္ကသိုလ်ကို ၁၉၂၀၊ ဒီဇင်ဘာလမှာ စတင်ဖွင့်လှစ်ခဲံ့တာဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလမှာ နှစ်ပေါင်း ၁၀၀ သက်တမ်းရှိနေပြီဖြစ်ပါတယ်။

By : Kyaw Thura Tun

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img