bnr_tob_1

2020.03.18SOCIAL

ရန်ကုန်သင်္ကြန်နှင့် Covid-19

မြန်မာ့နှစ်သစ်ကူးပွဲတော်တစ်ခုဖြစ်တဲ့ အတာသင်္ကြန်ပွဲတော်ကြီးဟာ မကြာခင်
ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။ နှစ်စဉ် မြန်မာ့ရိုးရာ နှစ်သစ်ကူးပွဲတော်
သင်္ကြန်ပွဲကြီးကို မြန်မာနိုင်ငံအနှံ့အပြား အစဉ်အလာမပျက်
ကျင်းပခဲ့ပါတယ်။ ဒီနှစ်မှာတော့ တရုတ်နိုင်ငံဝူဟန်မြို့ကနေ
စတင်ဖြစ်ပွားခဲ့တဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ (Coronavirus
Disease-2019) ကြောင့် လူစုလူဝေးနဲ့ ကျင်းပတဲ့ အခမ်းအနားတွေ၊
ပွဲလမ်းသဘင်တွေနဲ့ မြန်မာ့ရိုးရာ သင်္ကြန်အတွက် မဏ္ဍပ် ဆောက်လုပ်ပြီး
ကျင်းပတာတွေကို မပြုလုပ်ကြဖို့ မတ်လ (၁၃)ရက်၊ ၂၀၂၀ မှာ
နိုင်ငံတော်သမ္မတရုံးမှ ထုတ်ပြန်ကြေညာထားကြောင်း
နိုင်ငံပိုင်သတင်းစာတွေမှ သိရပါတယ်။
ရန်ကုန်မြို့မှာတော့ နှစ်ကူးအတာ သင်္ကြန်ပွဲတော်အတွင်း
လူစုလူဝေးဖြစ်ပေါ်နိုင်တဲ့ မဏ္ဍပ်ကြီးတွေကို
ဆောက်လုပ်ခွင့်မပြုတော့ဘူးလို့သိရပါတယ်။ အဲဒါအပြင် အကယ်ဒမီပေးပွဲနဲ့
တပ်မတော်နေ့ အခမ်းအနားတွေကိုလည်း ခေတ္တဆိုင်းငံ့ထားခဲ့ကြောင်း သိရပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ၁၅−၃−၂၀၂၀ရက်နေ့ မြန်မာစံတော်ချိန် (၁၅း၃၀) နရီ
ထုတ်ပြန်ချက်အရ
ကမ္ဘာပေါ်တွင် ရောဂါ ဖြစ်ပွားနေသည့် နိုင်ငံပေါင်း                = ၁၄၄ နိုင်ငံ
ကမ္ဘာ့နိုင်ငံများတွင် ဓါတ်ခွဲအတည်ပြုလူနာစုစုပေါင်း      = ၁၅၃၅၁၇ ဉီး
ကမ္ဘာ့နိုင်ငံများတွင် သေဆုံးသူစုစုပေါင်း                        = ၅၇၃၅ ဉီး
ကမ္ဘာပေါ်တွင် သေဆုံးမှု ရာခိုင်နှုန်း                   = ၃.၈ ရာခိုင်နှုန်း

ကမ္ဘာပေါ်တွင် ရောဂါဖြစ်ပွားမှုနှင့် သေဆုံးမှုများသော နိုင်ငံများမှာ

၁။ တရုတ်နိုင်ငံ

ရောဂါဖြစ်ပွားသူ ၈၁၀၄၈ ဉီး

သေဆုံးသူ        ၃၂၀၄ ဉီး

၂။ အီတလီ       

ရောဂါဖြစ်ပွားသူ ၂၁၁၅၇ ဉီး
သေဆုံးသူ        ၁၄၄၁ ဉီး

၃။ အီရန်               

ရောဂါဖြစ်ပွားသူ ၁၂၇၂၉ ဉီး
သေဆုံးသူ        ၆၀၈ ဉီး

၄။ ကိုရီးယား   

ရောဂါဖြစ်ပွားသူ ၈၁၆၂ ဉီး
သေဆုံးသူ        ၇၅ ဉီး

၅။ စပိန်               

ရောဂါဖြစ်ပွားသူ ၅၇၅၃ ဉီး
သေဆုံးသူ        ၁၃၆ ဉီး


ကိုရီးယား၊ အီတလီနဲ့ အီရန်နိုင်ငံတို့ရဲ့ ရောဂါဖြစ်ပွားမှု ၊ သေဆုံးမှုဟာ
တရုတ်နိုင်ငံပြင်ပ အခြားနိုင်ငံတွေမှာ ရောဂါဖြစ်ပွားမှု အားလုံးရဲ့
(၅၈)ရာခိုင်နှုန်းခန့်နဲ့ သေဆံုးမှုအားလုံးရဲ့ (၈၄)ရာခိုင်နှုန်းခန့်
ရှိပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ လွန်ခဲ့တဲ့ (၂)ပတ်အတွင်း
တရုတ်နိုင်ငံမှာ ရောဂါ ကူးစက်ပြန့်ပွားမှုနှုန်း ကျဆင်းလာပေမယ့်
အခြားနိုင်ငံတွေမှာ ရောဂါကူးစက်တဲ့ဉီးရေ (၁၃)ဆ ပိုများလာခဲ့ပြီး
ရောဂါကူးစက်ဖြစ်ပွားတဲ့ နိုင်ငံအရေအတွက်မှာလည်း (၃)ဆ ပိုများလာခဲ့ကြောင်း
သိရပါတယ်။
လက်ရှိအချိန်ထိ ကမ္ဘာပေါ်မှာ Covid-19 ရောဂါ အတည်ပြုလူနာ မတွေ့ရှိရသေးတဲ့
ကမ္ဘာ့ကုလ သမဂ္ဂအဖွဲ့ဝင် နိုင်ငံစုစုပေါင်း (၅၀)နိုင်ငံရှိပြီး
အဲဒီနိုင်ငံတွေ ထဲမှာ မြန်မာနိုင်ငံလည်း ပါဝင်ပါတယ်။
အထက်ဖော်ပြပါ သတင်းအချက်အလက်တွေကတော့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ ၁၅−၃−၂၀၂၀
ရက်နေ့ မြန်မာစံတော်ချိန် (၁၅း၃၀) နာရီ ထုတ်ပြန်ချက်တွေဖြစ်ပြီး
၁၇−၃−၂၀၂၀ ရက်နေ့ထုတ် ကြေးမုံသတင်းစာမှာ ဖော်ပြထားတဲ့
သတင်းအချက်အလက်တွေကို ကောက်နုတ်ဖော်ပြထားခြင်း ဖြစ်ပါတယ်။
ရန်ကုန်မြို့မှာတော့ လူစုလူဝေးတွေ ဖြစ်ပေါ်နိုင်တဲ့ ပွဲလမ်းသဘင်တွေ၊
အခမ်းအနားတွေကို လက်ရှိကာလမှာရပ်နားထားပြီး ရုပ်ရှင်ရုံတွေကိုလည်း
၁၆−၃−၂၀၂၀ နေ့မှ စတင်ကာ ခေတ္တပိတ်ထားမယ်လို့ သိရပါတယ်။
ရန်ကုန်သင်္ကြန်ကိုတော့ မဏ္ဍပ်ကြီးေတွကို ဆောက်လုပ်ခွင့်မပြုပေမယ့်
မိမိိအစီအစဉ်နဲ့ ရေပက်ခံထွက်တာတွေ၊ ရေကစားတာတွေတော့ ပြုလုပ်နိုင်တယ်လို့
သိရပါတယ်။

By : Kyaw Thura Tun

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img