bnr_tob_1

2020.09.21SOCIAL

ရန်ကုန်တစ်တိုင်းလုံး ကိုကိုးကျွန်းမှအပ Semi-Lockdown ချ

ရန်ကုန်မြို့တွင် Stay at Home သတ်မှတ်ထားသောမြို့နယ်တစ်ခုမှ လမ်းတစ်လမ်းကိုတွေ့ရစဉ်။ စက်တင်ဘာ ၂၁ ရက်မှစ၍ ရန်ကုန်တစ်တိုင်းလုံး (ကိုကိုးကျွန်းမြို့နယ်မှအပ) Stay at Home သတ်မှတ်လိုက်သည်။ (ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ))

ဘဏ်၊ စက်သုံးဆီ၊ အစားအသောက်၊ သားငါးနှင့် ရေသန့်လုပ်ငန်းများကလွဲ၍ အခြားသော အဖွဲ့အစည်းနှင့် ကုမ္ပဏီများ နေအိမ်၌သာ လုပ်ကိုင်ကြရန် ထုတ်ပြန်

By

ရန်ကုန်တိုင်းဒေသကြီး အတွင်း ကိုကိုးကျွန်းမြို့နယ်မှအပ ကျန်မြို့နယ်များအားလုံးကို နေ အိမ်တွင် နေထိုင်ခြင်း (Stay at Home) အစီအစဉ် သတ်မှတ် လိုက်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယမန် နေ့ ညတွင် ထုတ်ပြန်သည်။


COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာတွင် ရန် ကုန်တိုင်းအတွင်း ပိုးတွေ့လူနာ ထပ်မံတွေ့ရှိမှု၊ ခရီးသွားရာဇဝင် မရှိသည့်အပြင် ပိုးတွေ့လူနာနှင့် ထိတွေ့မှုမရှိသောလူနာများတွေ့ ရှိမှုတို့ကြောင့် ရောဂါကာကွယ် ထိန်းချုပ်နိုင်ရန် Semi-Lock-down အစီအစဉ်နှင့် ကိုက်ညီ သည့် နေအိမ်တွင်နေထိုင်ခြင်းကို သတ်မှတ်လိုက်ခြင်းဖြစ်သည်။

ထို့အပြင် အစိုးရရုံးဌာနများ တွင် ဝန်ထမ်းများ နှစ်ပတ်ရုံး တက်၊ နှစ်ပတ် နေအိမ်မှအလုပ် လုပ်ခြင်း၊ ဘဏ်နှင့် ငွေကြေးဝန် ဆောင်မှုလုပ်ငန်းများ၊ စက်သုံး ဆီ၊ အစားအသောက်နှင့် သားငါး လုပ်ငန်းများ၊ ဆေးဝါးနှင့် ရေသန့် ထုတ်လုပ်ငန်းနှင့် တစ်ကိုယ်ရေ သုံးလုပ်ငန်းများမှအပ အခြား သောအဖွဲ့အစည်းနှင့် ကုမ္ပဏီ များအနေဖြင့် နေအိမ်၌သာ အလုပ်လုပ်ကြရန် ထုတ်ပြန်ချက် တွင် ထည့်သွင်းထားသည်။

အလားတူ လက်ခစားအ ထည်ချုပ်လုပ်ငန်းများကိုလည်း စက်တင်ဘာ ၂၄ ရက်ကစ၍ အောက်တိုဘာ ၇ ရက်အထိလုပ်ငန်းခွင်သို့ သွားရောက်တာ ဝန်ထမ်းဆောင်ခြင်းမပြုရန် တား မြစ်လိုက်သည်။

‘‘ကျွန်တော်တို့ အလုပ်မ ဆင်းရတော့ဘူးဆိုရင် လစာနဲ့ အခြေခံနှုန်းထား အလုပ်ရှင်ဘက် က ဘယ်လိုတွက်ပေးမလဲ အရေး ကြီးတယ်။ နောက်ကျိန်းသေတာ တစ်ခုက ဒီရက်ပိုင်းတွေ အလုပ် မသွားရတော့ ဒီလကုန်ရှင်းရမယ့် အဆောင်လခအတွက်လည်း ညှိ ရမယ့်ကိစ္စတစ်ခုဖြစ်လာပြီ’’ ဟု အင်းစိန်မြို့နယ် အထည်ချုပ်စက် ရုံတစ်ခုမှ ဝန်ထမ်းဖြစ်သူ ကို အောင်လေးက ပြောသည်။

Stay at Home အစီအစဉ်၌ အကျုံးဝင်သော မြို့နယ်များ တွင်နေထိုင်သူများသည် အစား အသောက်ဝယ်ယူခြင်းအတွက် တစ်အိမ်ထောင်လျှင် တစ်ဦးနှုန်း နှင့် ဆေးရုံ၊ ဆေးခန်းသွားရောက် ရန်လိုအပ်ပါက နှစ်ဦးနှုန်းသာ သွားရောက်ခွင့်ရှိကြောင်း ဝန်ကြီး ဌာနထုတ်ပြန်ချက်တွင် ဖော်ပြ သည်။ ထို့အပြင် ယင်းကိစ္စရပ်များ အတွက် သတ်မှတ်ဦးရေထက် ကျော်လွန်၍ သွားရောက်ရန်လို အပ်ပါက ရပ်ကွက်၊ ကျေးရွာအုပ် ချုပ်ရေးအဖွဲ့များ၏ ခွင့်ပြုချက် ရရှိမှသာ သွားရောက်ရမည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

အုပ်ချုပ်ရေးဆိုင်ရာ တာဝန် ရှိသူများအနေဖြင့်လည်း တာဝန် ထမ်းဆောင်ရန် သွားရောက်သူ များနှင့် ပြန်လာသူများမှလွဲ၍ ရပ်ကွက်တွင်းမှလည်းကောင်း၊ ရပ်ကွက်ပြင်ပမှလည်းကောင်း ဝင်၊ ထွက်ခွင့်မပြုရန် တားမြစ် ထားသည်။

ဤအမိန့်သည် စက်တင်ဘာ ၂၁ ရက် (ယနေ့) နံနက်  ၈ နာရီမှ စတင်သက်ရောက်ပြီး လိုက်နာ ရန်ပျက်ကွက်ပါက တည်ဆဲဥပ ဒေအရ အရေးယူဆောင်ရွက် မည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြ သည်။ ယင်းအပြင် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သော စက်တင်ဘာ ၁ ရက်စွဲပါစာနှင့် ၉ ရက် ရက်စွဲပါ စာများကို ဤအမိန့်ဖြင့် လွှမ်းမိုးပယ်ဖျက်လိုက်ကြောင်းလည်း ထည့်သွင်းဖော်ပြထားသည်။

ဝန်ကြီးဌာနသည် ရန်ကုန်တိုင်းဒေသကြီးနှင့်ပတ်သက်ပြီး စက်တင်ဘာ ၁ ရက်တွင် မြို့နယ် ခုနစ်မြို့နယ်၊ စက်တင်ဘာ ၉ ရက်တွင် မြို့နယ် ၂၁ မြို့နယ်ဖြင့် စုစုပေါင်း ၂၈ မြို့နယ်ကို Stay at Home အစီအစဉ်ချမှတ်ခဲ့သည်။

လက်ရှိ အခြေအနေတွင် စက်တင်ဘာ ၂၀ ရက် နံနက်ပိုင်း အထိ ရန်ကုန်တိုင်းဒေသကြီးအ တွင်း သြဂုတ် ၁၆ ရက်နောက်ပိုင်း တွေ့ရှိရသော ပိုးတွေ့လူနာ ၂,၈၆၉ ဦးရှိပြီဖြစ်သည်။

Credit : https://7day.news

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img
This error message is only visible to WordPress admins

Error: API requests are being delayed for this account. New posts will not be retrieved.

Log in as an administrator and view the Instagram Feed settings page for more details.