bnr_tob_1

2020.03.30SOCIAL

တစ်ပတ်အတွင်းရန်ကုန်မြို့ကုန်ဈေးနှုန်းအခြေအနေ

ရန်ကုန်မှာ နေထိုင်ကြသူတွေရော အနယ်နယ်အရပ်ရပ်ကသူတွေပါ ဒီကာလမှာ စိတ်ဝင်စားနေကြတာကတော့ ကုန်ဈေးနှုန်းတွေရဲ ့ အတက်အကျတွေပါပဲ။ လတ်တလော ဖြစ်ပွားနေတဲ့ ဗိုင်းရပ်စ် ကူးစက်ရောဂါကြောင့် ကုန်ဈေးနှုန်း အတက်အကျတွေ မရှိစေဖို ့ သက်ဆိုင်ရာတွေက ထိန်းချုပ်ပေးနေတဲ့အတွက် ကုန်ဈေးနှုန်းတွေဟာလည်း ပုံမှန်အတိုင်းပဲ ရှိနေပါတယ်။

အဲဒါကြောင့် အများပြည်သူတွေ သိရှိစေဖို ့ အတွက် ယခုအပါတ် ကောက်ခံရရှိထားတဲ့ ရန်ကုန်မြို့ရဲ့ ကုန်စည်ဈေးနှုန်းတွေနဲ့ နိုင်ငံခြားငွေ ဈေးနှုန်းတွေကို ဖော်ပြပေးချင်ပါတယ်။

ဖျာပုံပေါ်ဆန်း = 40000-50000 တစ်အိတ်
ပုသိမ်ပေါ်ဆန်း=45000-50000
ပေါ်ဆန်း နယ်စုံ=35000-40000
ဧည့်မထ =24000-35000
မိုးသုခရှယ် = 24500-26000
ငစိန် = 20000-24000
ကြက်သွန်နီ = 1300-1900 တစ်ပိသာ
ကြက်သွန်ဖြူ = 3000-5000
ပဲဆီ = 6000 တစ်ပိသာ
စားအုန်းဆီ = 1600-2000
ကြက်သား စီပီ = 5000-7000
ဝက်သား = 10000-12000
အမဲသား = 16000-18000
ဘဲဥ တစ်လုံး = 180-220
ကြက်ဥ = 120-150

အထက်ပါဈေးနှုန်းတွေကတော့ ယခုတစ်ပါတ်အတွင်းမှာ ရှိတဲ့ ဈေးနှုန်းတွေပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဝက်ဘ်ဆိုက်မှ 25-3-2020 ရက်နေ့ ရယူထားတဲ့ နိုင်ငံခြားငွေဈေးနှုန်းတွေကတော့

အမေရိကန် တစ်ဒေါ်လာ= 1389.0
စင်္ကာပူ တစ်ဒေါ်လာ = 960.90
တောင်ကိုရီယား တစ်ရာဝမ် = 112.54
ဂျပန် တစ်ရာယန်း = 1247.4
မလေးရှား တစ်ရင်းဂစ် = 316.08
ထိုင်း တစ်ဘတ် = 42.322
တရုတ် တစ်ယွမ် = 195.65

ယခုအပါတ် ရန်ကုန်မြို့ရဲ့ စက်သုံးဆီ ဈေးနှုန်းတွေကတော့

ဒီဇယ် တစ်လီတာ = 500-555
အောက်တိန်း 95 = 520-580
အောက်တိန်း 92 = 380-450
အဆင့်မြင့်ဒီဇယ် = 500-565

ရန်ကုန် လက်ကားဈေးကတော့
ဒီဇယ် တစ်လီတာ = 440-450
အောက်တိန်း 92 = 330-335
အဆင့်မြင့်ဒီဇယ်= 450-460

အထက်ပါဈေးနှုန်းတွေကတော့ မြန်မာနိုင်ငံ စက်သုံးဆီအသင်းမှ ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

လတ်တလော ဖြစ်ပေါ်နေတဲ့ ဗိုင်းရပ်စ်ရောဂါနဲ့ ဆက်စပ်ပြီး ပြည်သူလူထုထံကို ဆန်စပါးနဲ့ ပတ်သက်တဲ့ ကောလာဟလတွေ ဖြစ်ပေါ်နေတဲ့အတွက် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ ပြည်တွင်းဈေးကွက်မှာ ဆန်စပါးလက်ကျန် အလုံအလောက် ရှိကြောင်းနဲ့ သတင်းမှား ဖြန် ့ ဝေခြင်းတွေကို ရှောင်ကြဉ်နိုင်ဖို ့ နဲ့ လိုအပ်ပါက မြန်မာနိုင်ငံ ဆန်စပါး အသင်းချု ပ်နဲ ့သော်လည်းကောင်း ကုန်စည်ဒိုင်တွေကို လည်းကောင်း တိုက်ရိုက် မေးမြန်းနိုင်တယ်လို ့ ထုတ်ပြန်ကြေညာထားပါတယ်။

By : Kyaw Thura Tun

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img