bnr_tob_1

2020.05.07SOCIAL

ခဏတာအနားယူခဲ့တဲ့ ရန်ကုန်မြို့ရဲ့လမ်းမကြီးများ

ကမ္ဘာပေါ်မှာ ထူးဆန်းတဲ့အဖြစ်အပျက်တွေ၊ ထူးဆန်းတဲ့အကြောင်းအရာတွေ ရှိတယ်ဆိုတာ လူတိုင်းသိကြမှာပါ။ တစ်ခါတစ်ရံမှာ လူတို့မထင်မှတ်လောက်တဲ့အရာတွေ၊ အိပ်မက်တောင် မမက်ဖူးတဲ့အရာတွေဟာ တကယ်ဖြစ်ပျက်လာတာကိုလည်း အံ့ဩဖွယ်တွေ့မြင်ရတတ်ပါတယ်။

တကယ်တော့ ၂၀၁၉ နှစ်ကုန်ပိုင်းမှာ တရုတ်နိုင်ငံက စတင်ဖြစ်ပွားခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါဟာ တစ်ကမ္ဘာလုံးကို ကူးစက်ပျံနှံ့လာခဲ့ပြီး မြန်မာနိုင်ငံအထိပါ ရောက်ရှိလာခဲ့ပါတယ်။ လူနေထူထပ်တဲ့ ရန်ကုန်မြို့အတွက် အဲဒီကူးစက်ရောဂါဟာ အလွယ်တကူပျံ့နှံ့လွယ်တဲ့အတွက် ရောဂါကိုထိန်းချုပ်နိုင်ဖို ့ စက်ရုံအလုပ်ရုံတွေ၊ လုပ်ငန်းတွေ၊ ကျောင်းတွေ နဲ ့ သယ်ယူပို ့ဆောင်ရေးယာဉ်တွေ စတာတွေကို ယာယီရပ်နားလိုက်တဲ့အတွက် အခုလို တိတ်ဆိတ်ခြောက်ကပ်သွားရခြင်းပဲ ဖြစ်ပါတယ်။

အဲဒီထူးဆန်းဖွယ်ရာတွေထဲမှာ ရန်ကုန်မြို့ကြီးဟာလည်း တစ်ခုပါဝင်လာခဲ့ပါတယ်။ အဲဒါကတော့ ရန်ကုန်မြို့ကြီးရဲ့ လမ်းမတွေဟာ နေ့ရောညပါ လူသူကင်းမဲ့ပြီး တိတ်ဆိတ်ခြောက်ကပ်သွားတဲ့မြင်ကွင်းဖြစ်ပြီး ကိုယ်တိုင်ကြုံတွေ့ခဲ့သူတွေရှိသလို သတင်းမီဒီယာတွေကတစ်ဆင့် မြင်တွေ လိုက်ရသူတွေလည်း ရှိမှာပါ။

မြန်မာနိုင်ငံရဲ့ စီးပွားရေးဆုံချက်မြို့လည်းဖြစ်ပြီး လူဦးရေအများဆုံးနေထိုင်တဲ့မြို့ ဖြစ်တဲ့အတွက် ရန်ကုန်မြို့ကြီးဟာ နေ့ရောညပါမကျန် အမြဲတမ်း စည်ကားနေတဲ့မြို့ကြီးပဲ ဖြစ်ပါတယ်။

ရန်ကုန်မြို့တော်ကြီးရဲ့ လုပ်ငန်းဆောင်တာတွေကို လည်ပတ်နိုင်ဖို့ မော်တော်ကား၊ မီးရထား၊ သင်္ဘော၊ လေယာဉ် စတဲ့ သယ်ယူပို့ဆောင်ရေး ယာဉ်တွေထဲမှာ လူသုံးအများဆုံးဖြစ်တဲ့ မြို တွင်းသုံး ဘတ်စ်ကားတွေ၊ အငှါးယာဉ် တက္ကစီတွေအပြင် ရန်ကုန်မြို့နေလူထုနဲ့ အနယ်နယ်အရပ်ရပ်က လာရောက်ကြသူတွေနဲ့ ရန်ကုန်မြို ရဲ့လမ်းမတွေဟာ အမြဲလိုလို မွမ်းကြပ်မှုတွေကို ခံစားရပါတယ်။

စက်ရုံ အလုပ်ရုံတွေ၊ လုပ်ငန်းတွေ၊ စက်သုံးယာဉ်တွေက ထွက်ပေါ်လာတဲ့ ကာဗွန်ဒိုင်အောက်ဆိုက်တွေနဲ့.မြို့နေလူထုရဲ့ စွန့်ပစ်အမှိုက်တွေဟာလည်း ရန်ကုန်မြို ရဲ လမ်းမကြီးတွေအတွက် ညစ်နွမ်းစေတဲ့အရာတွေပဲ ဖြစ်ပါတယ်။

ဒါပေမယ့် လွန်ခဲ့တဲ့ ရက်အနည်းငယ်ကစပြီး ရန်ကုန်မြို မှာ ယာဉ်လိုင်းအချို ကို ပြန်လည်ပြေးဆွဲတာတွေ၊ လုပ်ငန်းအချို့ကို သတ်မှတ်စည်းမျဉ်းတွေနဲ့ ခွင့်ပြုတာတွေ၊ လုပ်ငန်းခွင်ကို ပြန်လည်ဝင်ရောက်တာတွေ ရှိလာတဲ့အတွက် ရန်ကုန်မြို ရဲ့ လမ်းမကြီးတွေဟာလည်း ပြန်လည်အသက်ဝင်လာတာကို တွေ ရပါတယ်။

လမ်းမကြီးတွေပေါ်မှာ ပြန်လည်စည်ကားလာတာ ကောင်းပေမယ့် ပြန်လည်မညစ်နွမ်းစေဖို့ က.မြို့နေလူထုရဲ တာဝန်ပဲဖြစ်ပါတယ်။ တကယ်တော့ ရန်ကုန်မြို ရဲ့ လမ်းမကြီးတွေဟာ နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့ရတဲ့အတွက် ခဏတာ အနားယူခဲ့လေသလားလို့ ထင်ယောင်မိပါတယ်။

By : Kyaw Thura Tun

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img