bnr_tob_1

2019.12.27SOCIAL

သွင်းကုန်၊ ပို့ကုန် အားလုံး၏ ၉၀ ရာခိုင်နှုန်း အား ကိုင်တွယ်ဆောင်ရွက်ပေးနေသော ရန်ကုန်ဆိပ်ကမ်း

ရန်ကုန်ဆိပ်ကမ်းသည် မြန်မာနိုင်ငံ၏အဓိကဆိပ်ကမ်းဖြစ်ပြီး သွင်းကုန်၊ ပို့ကုန် အားလုံး၏ ၉၀ ရာခိုင်နှုန်း အား ကိုင်တွယ်ဆောင်ရွက်ပေးနေသော ဆိပ်ကမ်းဖြစ်သည်။
၁၉၅၄တွင် ရန်ကုန်ဆိပ်ကမ်း အုပ်ချုပ်ရေး အဖွဲ့အစည်းကို စတင်ဖွဲ့စည်းခဲ့ပြီး ၁၆ မတ် ၁၉၇၂ တွင်ဆိပ်ကမ်းကော်ပိုရေးရှင်း မှတစ်ဆင့် ၃၁ မတ် ၁၉၈၃ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဟူ၍ပေါ်ပေါက်လာခဲ့သည်။

မြန်မာ့ဆိပ်ကမ်း အာဏာပိုင်သည် ပင်လယ်ကူး သင်္ဘောကြီးများ ဆိပ်ကမ်းသို့ ဝင်ထွက် ဆိုက်ကပ်နိုင်ရေးနှင့် ကုန်တင်ကုန်ချ လုပ်ငန်းများကို မြန်ဆန်စွာ ဆောင်ရွက်နိုင်ရေး တို့အတွက် ဝန်ဆောင်မှု ပေးသော အရေးပါသော ဌာနတစ်ခု ဖြစ်သည်။

ရန်ကုန်ဆိပ်ကမ်းသို့ ရေယာဉ်အလျား ၁၆၇ မီတာ၊ ရေစူး ၉ မီတာ ကုန်တန်ချိန် ၁၅၀ဝ၀ တင်ဆောင်သော သင်္ဘောများ ဝင်နိုင်ထွက်နိုင်ပါသည်။

ရန်ကုန်မြို့သည်၁၈ရာစု အလယ် အထိ ဒဂုံဟု အမည်တွင်ခဲ့သော တံငါသည် ရွာငယ်ကလေးသာ ဖြစ်ခဲ့ကာ ဆိပ်ကမ်းမြို့ အဖြစ်မတည်ရှိသေးဘဲ သန်လျင်၊ ပုသိမ်၊ မုတ္တမနှင့် ပဲခူးမြို့များကိုသာ ဆိပ်ကမ်းမြို့များ အဖြစ် အသုံးများခဲ့သည်။

၁၇၅၅ ခုနှစ်တွင် အလောင်းဘုရားမင်းသည် ဧရာဝတီမြစ်တလျှောက်ရှိ ဒေသများကို သိမ်းပိုက်ရာမှ ဒဂုံသို့ ရောက်ရှိခဲ့ပြီး၊ ရန်ကုန်မြို့ဟု ခေါ်တွင်စေကာ ပင်မဆိပ်ကမ်းမြို့ အဖြစ် စတင် တည်ထောင်ခဲ့ခြင်းဖြစ်သည်။၁၈၅၂ ခုနှစ်တွင် အောက်မြန်မာပြည်ကို အင်္ဂလိပ်တို့ သိမ်းယူပြီးနောက် ရန်ကုန်ဆိပ်ကမ်းကို ရေကြောင်းအရာရှိချုပ်အား အုပ်ချုပ်စေခဲ့သည်။

ရန်ကုန်ဆိပ်ကမ်းသည် ကိုလိုနီခေတ်မတိုင်မီ ကတည်း ကတည်ရှိလည်ပတ်ခဲ့သောနေရာဖြစ်ပြီး

ရေကြောင်းပြလုပ်ငန်း

ကုန်သေတ္တာနှင့်အထွေထွေကုန်ကိုင်တွယ်မှုလုပ်ငန်း

ရေငုပ်လုပ်ငန်း

တွန်းသင်္ဘောဝန်ဆောင်မှုလုပ်ငန်း

မီးငြိမ်းသတ်ခြင်းလုပ်ငန်း

ဆိပ်ကမ်းလုံခြုံမှုဆောင်ရွက်ခြင်းလုပ်ငန်း

ရေချိုဖြည့်ဆည်းပေးခြင်းလုပ်ငန်း

သင်္ဘောကိုယ်စားလှယ်လုပ်ငန်း

သင်္ဘောပြင်ဆင်မှုလုပ်ငန်း

စသောလုပ်ငန်းများနှင့်ယနေ့တိုင် လည်ပတ်လျက်ရှိသည်။

စစ်တွေ၊ကျောက်ဖြူ၊ ၊ပုသိမ်၊ မော်လမြိုင် ၊ထားဝယ်၊ မြိတ်၊ ကော့သောင်း ရှိအခြားသော မြန်မာ့ဆိပ်ကမ်းများနှင့် ချိတ်ဆက်လုပ်ကိုင်လျက်ရှိသည်။

မြန်မာ့ဆိပ်ကမ်း အာဏာပိုင်သည် International Association of Ports & Habours (IAPH) အဖွဲ့ဝင်အဖြစ် ၁၉၅၇ ကတည်းက ဝင်ရောက်ခဲ့ပါသည်။ ASEAN Port Association အဖွဲ့ သို့ ၂၀ဝ၅ခုနှစ် မေလ ၂၅ရက်တွင် ဝင်ရောက် ခဲ့ပါသည်။

ရန်ကုန်ဆိပ်ကမ်းသည် ယခုအခါ ရန်ကုန်မြို့ပြအမွေအနှစ် စာရင်းဝင် တစ်ခုအဖြစ် စာရင်းဝင်သော သမိုင်းဝင်နေရာ တစ်ခုအဖြစ်အသိအမှတ်ပြုထားသော နေရာဖြစ်ပေသည်။

By : TT

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img