bnr_tob_1

2020.04.24SOCIAL

ရန်ကုန်တွင် ညမထွက်ရအမိန့် နှစ်လထပ်တိုး

ညမထွက်ရအမိန့်ထုတ်ပြန်ထားသော ရန်ကုန်မြို့တွင် လုံခြုံရေးတာဝန်ထမ်းဆောင်နေသောရဲတပ်ဖွဲ့ယာဉ်တန်းကိုတွေ့ရစဉ် (ဓာတ်ပုံ−ရဲအောင်သူ/အေအက်ဖ်ပီ)

By အောင်ရဲကို, မင်းလွင်

 ရန်ကုန်မြို့တွင် ညမထွက်ရအမိန့်ကို နှစ်လထပ်မံ  တိုးမြှင့် လိုက်ကြောင်း ယမန်နေ့  (ဧပြီ ၂၃ ရက်) တွင် ထုတ်ပြန်သည်။

အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါ COVID-19 သည်  ကမ္ဘာတစ်ဝန်း ကူးစက်ပျံ့နှံ့ခဲ့ရာ  မြန်မာနိုင်ငံတွင်လည်း ကူးစက် ပြန့်ပွားလျက်ရှိပြီး မြို့နယ်အသီးသီးတွင်နေထိုင်သော ပြည်သူများအ နေဖြင့် အဆိုပါ ရောဂါကူးစက်ခံရမှု မရှိစေရေးနှင့် အချိန်မီထိန်းသိမ်း နိုင်ရေးအတွက် ဧပြီ ၂၃ရက်ကစ၍ ည ၁၀ နာရီမှ နံနက်  ၄ နာရီ အထိ မထွက်ရဟု အမိန့်စာတွင်ပါရှိသည်။

အဆိုပါ အချိန်သတ်မှတ် ချက်အတွင်း သက်ဆိုင်ရာ၏ ခွင့် ပြုချက်အရ အရေးပေါ်ကိစ္စများ ကို ခွင့်ပြုမည်ဖြစ်သည်။

‘‘မြို့နယ်အားလုံး တစ်ပြေး  ညီဖြစ်အောင် ပြန်ပြီးပြင်ဆင် လိုက်တာပေါ့။ အချိန်ကတော့  အရင်အချိန်အတိုင်းပါပဲ’’ ဟု  အင်းစိန်မြို့နယ် အုပ်ချုပ်ရေးမှူး  ဦးဝင်းအောင်က ပြောသည်။

ဧပြီ ၂၃ ရက် နံနက်တွင်  ယင်းအမိန့်စာရရှိပြီးနောက် ရပ် ကွက်၊ ကျေးရွာ အသီးသီးသို့ ထပ်ဆင့်ဖြန့်ဝေကာ ပြည်သူများ  သို့ အသိပေးမှုပြုလုပ်နေကြောင်း   လှိုင်သာယာမြို့နယ် (အနောက် ပိုင်း) အုပ်ချုပ်ရေးမှူး ဦးနေမင်း ထွန်းက ဆိုသည်။

ယခုအမိန့်သည် အများပြည် သူအကျိုးအတွက် ရည်ရွယ်ထုတ် ပြန်ခြင်းဖြစ်သဖြင့် လိုက်နာရန်  ပျက်ကွက်ပါက တည်ဆဲဥပဒေ  ဖြင့် အရေးယူမည်ဟု အမိန့်စာက  သတိပေးသည်။

ပြီးဆုံးမည့်ကာလ သတ် မှတ်ချက်မပါရှိခဲ့သည့် ဧပြီ ၁၈  ရက်က ထုတ်ပြန်ခဲ့သော ညမ ထွက်ရအမိန့်ကို ယခု အမိန့်စာ ဖြင့် လွှမ်းမိုးပယ်ဖျက်ပြီး ထုတ် ပြန်သည့်နေ့မှစ၍ နှစ်လကြာ  အသက်ဝင်မည်ဖြစ်သည်။

ဧပြီ ၂၃ ရက် ည ၈ နာရီအ ထိ COVID-19 အတည်ပြုလူနာ  ၁၃၂ ဦးရှိသည့်အနက် ရန်ကုန် တိုင်းဒေသကြီးတွင် ၁၀၂ ဦးရှိ ကြောင်း ကျန်းမာရေးနှင့်အားက စားဝန်ကြီးဌာနက ထုတ်ပြန်  သည်။ အင်းစိန်၊တောင်ဥက္ကလာပ  နှင့် ဗဟန်းမြို့နယ်၌ပင် အတည် ပြုလူနာ ၅၀ ဦးခန့်ရှိသည်။

Credit : http://7daydaily.com/

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img