bnr_tob_1

2019.12.27SOCIAL

ဗြိတိသျှကိုလိုနီလက်ထက် ကတည်းက တည်ဆောက်ခဲ့သော ရန်ကုန်ပြည်သူ့ဆေးရုံကြီး

ရန်ကုန်ဆေးရုံကြီးကို ဗြိတိသျှကိုလိုနီလက်ထက် ၁၈၉၉ခုနှစ်တွင် Rangoon General Hospital အဖြစ် ကုတင် ၃၄၂ဆံ့ဆေးရုံဖြင့် စတင်တည်ဆောက်ခဲ့ခြင်းဖြစ်သည်။
ပထမဦးစွာ ဝိတိုရိယခေတ် ဗိသုကာပုံစံဖြစ်သော အဓိက ၃ထပ်ဆောင်ကို ၁၉၀၅ခုနှစ် မေလ ၆ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပါသည်။ ဒုတိယကမ္ဘာစစ်ကြီးပြီးနောက် ရန်ကုန်ဆေးရုံကြီးကို ပြန်လည်ပြုပြင်မွမ်းမံမှုများ ဆောင်ရွက်ခဲ့ပြီး ကုတင် ၅၄၆ဆံ့ ဆေးရုံကြီးအဖြစ် ပြောင်းလဲခဲ့ပြီး ထိုမှတစ်ဆင့် ၁၉၆၄ခုနှစ်တွင် အထူးရောဂါကုသဆောင်သစ်များ တိုးချဲ့ခဲ့ပြီး ကုတင် ၁၅၀ဝဆံ့အဖြစ် တိုးမြှင့်ခဲ့သည်။

ရှေးယခင် လေဟာပြင်ဈေးနေရာ သစ်သားအဆောက်အဦး စတင်တည်ဆောက်စဉ်က သူနာတန်းဟု ခေါ်ခဲ့ရာ လူနာများ အဆောက်အဦနှင့် မမျှ ဖြစ်လာ၍ လက်ရှိဆေးရုံကြီးနေရာ၌ ဆေးရုံသစ်ကြီး တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

ရန်ကုန်ဆေးရုံကြီးသည် ပုဂ္ဂလိကဆေးရုံများတွင် ကုသမှုမခံယူနိုင်သော (သို့မဟုတ်) နိုင်ငံရပ်ခြားသို့ သွားရောက်မကုသနိုင်သော အခြေခံလူတန်းစား လူများအတွက် အားကိုးရာနေရာပင် ဖြစ်သည်။အများပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုမှာ အခမဲ့ဟု ဆိုသော်ငှားလည်း ဆေးဖိုးနှင့် သက်ဆိုင်ရာကုသမှုများအတွက် ကုန်ကျမှုများကို လူနာများမှ ပေးဆောင်ရသည်။

ယခုအချိန်ထိပင် ရန်ကုန်မြို့ရှိ အဓိကကျသော ပြည်သူ့ဆေးရုံတစ်ရုံဖြစ်သည်။ ဆေးရုံဝန်းမှာ ၃၅ ဧကရှိပြီး ကုတင် ၂၀ဝ၀ ဆံ့ အထွေထွေရောဂါကု ဆေးရုံဖြစ်ပေသည်။

ထို့အတူ ရန်ကုန်ဆေးရုံကြီးသည် ဆေးတက္ကသိုလ်(၁) ရန်ကုန်၊ သူနာပြုတက္ကသိုလ်(ရန်ကုန်)နှင့် ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ်(ရန်ကုန်)တို့၏ အဆင့်မြင့်သင်ကြားရေးဆေးရုံကြီးဖြစ်သည်။

ရန်ကုန်ဆေးရုံကြီးတွင် ဆရာဝန်ပေါင်း ၃၀ဝယောက်နှင့် သူနာပြုပေါင်း ၄၀ဝယောက်ခန့် အမှုထမ်းလျှက်ရှိသည်။

ရန်ကုန်ဆေးရုံကြီးသည် မြန်မာနိုင်ငံရှိ ပထမတန်းစား ဆေးတက္ကသိုလ်များ၏ အဓိကသင်ကြားရေးဆေးရုံကြီးဖြစ်သောကြောင့် အခြားနယ်များရှိ ပြည်သူ့ဆေးရုံများထက် ပို၍အရည်အချင်းမြင့်မားသော ကျန်းမာရေးဝန်ထမ်းများရှိနေခြင်းမှာတော့ အားသာချက်တစ်ရပ်ဖြစ်သည်။

ရန်ကုန်ဆေးရုံကြီးသည် အခြားပြည်သူ့ဆေးရုံများကဲ့သို့ပင် အခြေခံ အထောက်အပံ့များနှင့် ပစ္စည်းကိရိယာများစွာ လစ်ဟင်းလျှက်ရှိပြီး အလှူရှင်များ နှင့် ဆေးရုံအဆင့်မြှင့်တင်ရန် အထူးလိုအပ်လျက်ရှိသည်။

ရန်ကုန်မြို့ပြ အမွေအနှစ် အဖြစ် ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို သတ်မှတ်ထားသည်။ရန်ကုန်မြို့ပြ အမွေအနှစ် အဖြစ် ရွေးချယ်သတ်မှတ်ရခြင်းမှာ
ရန်ကုန်ဆေးရုံကြီးသည် ဝိတိုရိယခေတ်ထင်ရှားကျော်ကြားဗိသုကာပုံစံဖြစ်သော အနီရောင်အုတ်ခဲနှင့် အဝါရောင်ဆေးများဖြင့် မွမ်းမံတည်ဆောက်ထားသောကြောင့် ဖြစ်သည်။

By : TT

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img