fb_icon

bnr_tob_1

2019.11.15FEATURE

ရန်ကုန်ကို တပ်လှန့်လိုက်သော ငလျင်

တိမ်းစောင်းသွားသည်ဆိုသည့် တိုက်တစ်လုံးကိုတွေ့ရစဉ် (ဓာတ်ပုံ−နစ်ကီ)

By အောင်သစ်လွင်

နိုဝင်ဘာ ၁၂ ရက် ည ၉ နာရီ ၅၄ မိနစ်

အထပ်မြင့်အဆောက်အအုံတစ်ခုမှ မြေညီထပ်ရှိ အိပ်ရာပေါ် တွင် အေးအေးလူလူလှဲနေစဉ် ခုတင်တုန်ခါသွားပြီးနောက် ကြားလိုက်ရသည့် အသံတစ်သံက မသန်စွမ်း သက်ကြီးရွယ်အိုတစ်ဦးအတွက် ကမ္ဘာပျက်သည့်နှယ်။

‘‘အမေ…အိမ်ရှေ့ကို ပြေး ပြေး’’

သမီးဖြစ်သူ၏ သတိပေးသံနှင့်အတူ တစ်ချိန်တည်းတွင် ၎င်း တို့နေထိုင်ရာ အထပ်မြင့်တိုက်သည် လှုပ်ခါနေသည်ကို အသက် (၈၆) နှစ်အရွယ် အဘွားအိုဒေါ်အေးကြည်သိလိုက်သည်။ ယခင်က ကျိုးခဲ့ဖူး၍ စတီးချောင်းထည့်ကာ မူလီ ၁၃ လုံးဖြင့် ဆက်ထားရသောခြေထောက်ကို ဒေါ်အေးကြည်က ကြိုးစားထောက်ပြီး  တောင်ဝှေးအကူအညီဖြင့် အိမ်ရှေ့သို့ရောက်နိုင်သမျှရောက်အောင် တရွေ့ရွေ့လှမ်းထွက်လာခဲ့သည်။ ပြေးထွက်လိုက်ချင်သော်လည်း မသန်စွမ်းသူမို့ပြေးမရ။  သမီးဖြစ်သူက ဘေးတွင် ကပ်လာလာ၍သာ  တော်တော့ သည်။ ပေ ၂၀ ခန့်ကိုလျှောက်လာခဲ့ပြီး အိမ်ရှေ့ရောက်ချိန်တွင်တော့လူပေါင်းများစွာသည်   ကတ္တရာ လမ်းပေါ်၌ တရုန်းရုန်းဖြစ်နေ သည်ကို တွေ့ရတော့သည်။

‘‘ဒီငလျင်မျိုးမကြုံဖူးဘူး။ တစ်ခါမှကို မကြုံဖူးတာ’’ ဟု ဒေါ် အေးကြည်ကဆိုသည်။

နိုဝင်ဘာ ၁၂ ရက်ည ၉ နာရီ ၅၄ မိနစ်က ရန်ကုန်တွင် ဗဟိုပြု လှုပ်ခတ်ခဲ့သော် ငလျင်ကြောင့် တစ်မြို့လုံးအထိတ်တလန့်ဖြစ်ခဲ့သည်။ ဒေါ်အေးကြည်ကဲ့သို့ မ သန်စွမ်းသူသက်ကြီးရွယ်အိုတစ် ဦးအတွက် အမှန်တကယ်ပင် ဆောက်တည်ရာမဲ့ခဲ့သည်။ င လျင်သည်ယခင်လှုပ်ခဲ့သည်ပုံစံ နှင့်သိသိသာသာကွဲပြားပြီး လှုပ် ရှားမှုအလွန်ပြင်းထန်ခဲ့သည်။ အ ထပ်မြင့်အဆောက်အအုံတွင် နေ ထိုင်သူများမှသည် လုံးချင်းအိမ် တွင် နေသူများအထိ ရန်ကုန်တစ် မြို့လုံးသိရှိခံစားလိုက်ရသည်။  စက္ကန့်ပိုင်းကြာသော်လည်းလှုပ် ခတ်မှုအလွန်ပြင်းထန်သည့် င လျင်ကို နဖူးတွေ့ဒူးတွေ့တွေ့ရ ချိန်၌ ရန်ကုန်မြို့ခံများ ခြေမကိုင် မိ၊ လက်မကိုင်မိဖြစ်ကြရသည်။

ထုတ်ပြန်ချက်များကွဲလွဲ

ငလျင်သည် အင်အားရစ်ချ် တာစကေး ၄ ဒသမ ၁ အဆင့်ရှိ ပြီး တိုက်ကြီးမြို့၏ အနောက် တောင်ဘက် ၁၃ မိုင်ခန့်အကွာ မြေအနက် ၁၀ ကီလိုမီတာကို ဗ ဟိုပြု၍ လှုပ်ခတ်ခဲ့ခြင်းဖြစ် ကြောင်း မိုးလေဝသနှင့် ဇလဗေ ဒညွှန်ကြားမှု ဦးစီးဌာနကသတင်း ထုတ်ပြန်သည်။

ထိုင်းနိုင်ငံ မိုးဇလဌာနကင လျင်ပြင်းအား ရစ်ချ်တာစကေး ၄ ဒသမ ၃ အဆင့်ဖြင့် ရန်ကုန်မြို့ တစ်ဖက်ကမ်း ဒလမြို့နှင့် သန် လျင်မြို့ကြား၌ ဗဟိုပြုခဲ့သည်ဟု သတင်းထုတ်ပြန်သည်။ တစ် ကမ္ဘာလုံးမှ ပြင်းအား ၂ ဒသမ ၅ နှင့် အထက်မြေငလျင်လှုပ်ရှားမှု များကို သတင်းထုတ်ပြန်နေသည့် အမေရိကန်နိုင်ငံ အခြေစိုက် USGS က ရစ်ချ်တာစကေး ၃ ဒသမ ၄ အဆင့်ဖြင့် လှုပ်ခတ်သွား သည်ဟု ဖော်ပြသည်။

ထို့ကြောင့် ထိုင်းမိုးဇလနှင့် USGS ထုတ်သည့် ဗဟိုချက်သည် နီးကပ်ပြီး မိုးလေဝသနှင့် ဇလဗေ ဒညွှန်ကြားမှုဦးစီးဌာနက ထုတ် ပြန်သည့် ဌာနကထုတ်ပြန်သည့် တိုက်ကြီးမြို့အနီးဗဟိုပြုသည်ဆို သည့်အချက်နှင့် ကွဲလွဲနေသည်။ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြား မှုဦးစီးဌာနက ထုတ်ပြန်သောင လျင်မြေပြင် ဗဟိုချက်မှာ ရန်ကုန် မြို့အနောက်မြောက်ဘက်တွင် ဖော်ပြပြီး ထိုင်းနှင့် အမေရိကန် ငလျင်သတင်းဌာနထုတ်ပြန်ချက် သည် ရန်ကုန်မြို့တောင်ဘက်ကို ဗဟိုပြုနေသည်။

ဘူမိဗေဒပညာရှင်များကမူ မြေငလျင်ဗဟိုချက်သည်ထိုင်းနှင့် အမေရိကန် ငလျင်သတင်းထုတ် ပြန်ချက်က ပိုမိုနီးစပ်နိုင်သည်ဟု သုံးသပ်သည်။

အထပ်မြင့်တိုက်များ၏

စိုးရိမ်ရေမှတ်

ငလျင်လှုပ်ပြီး မိနစ်အနည်း ငယ်ခန့်အကြာ၌ ရန်ကုန်မြို့တွင်း မြို့နယ်အချို့မှ အထပ်မြင့်တိုက် အချို့ တိမ်းစောင်းသွားသည့် ဓာတ်ပုံများလူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့လာခဲ့သည်။ သုဝဏ္ဏ၊ သာ ကေတ၊ တာမွေ၊ ဒေါပုံ၊ တောင် ဥက္ကလာပ၊ သင်္ဃန်းကျွန်း၊ အလုံ၊ စသည်ဖြင့် မြို့နယ်အချို့မှဘေး ချင်းကပ်အထပ်မြင့်တိုက်အချို့ သည် တစ်တိုက်နှင့် တစ်တိုက်မှီ ထားသည့် ပုံများထွက်ပေါ်လာ သည်။ သို့သော် အချို့တိုက်များ သည် ယခင်ကတည်းကတိမ်း စောင်းနေပြီး ယခုငလျင်လှုပ်မှ သတိထားမိကာ တိမ်းစောင်းသွား သည်ဟု ပြောဆိုခြင်းများရှိ ကြောင်း မီးသတ်တပ်ဖွဲ့ဝင်အ ချို့ကပြောသည်။  ဒေါ်အေးကြည် တို့နေထိုင်သောအထပ်မြင့်တိုက် သည် မူလကတည်းကတိမ်း စောင်းနေရာမှ နိုဝင်ဘာ ၁၂ ရက် ည ငလျင်လှုပ်ပြီးနောက် ဘေး ချင်းကပ်အထပ်မြင့်အဆောက်အ အုံတစ်ခုက ၎င်းတို့တိုက်ဘက်သို့ ထပ်မံယိုင်ကျလာသည်ဟုဆို သည်။ အဆိုပါဖြစ်စဉ်ကို ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီအင်ဂျင်နီယာဌာန(အ ဆောက်အအုံ) တာဝန်ရှိသူများ  လာရောက်စစ်ဆေးပြီး အမှန်တ ကယ်တိမ်းစောင်းသွားသည်ဟု အတည်ပြုသည်။ သို့သော်လက် တလောအခြေအနေအရ ပြိုကျ မည့်အန္တရာယ်စိုးရိမ်ဖွယ်မရှိသေး ဘဲ ငလျင်ကြောင့်ထိခိုက်မှုအခြေ အနေကို မကြာမီသတင်းစာရှင်း လင်းပွဲပြုလုပ်မည်ဟု ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော်မ တီမှ တာဝန်ရှိသူတစ်ဦးကပြော သည်။ရန်ကုန်တစ်မြို့လုံးအ ထိတ်တလန့်ဖြစ်ခဲ့သော်လည်း လူ ထိခိုက်မှုမရှိပေ။

ငလျင်လှုပ်ပြီးနောက် တိမ်း စောင်းသွားသည်ဆိုသော တိုက် များကို လူအများအပြားက လာ ကြည့်ရာတိုက်ခန်းနေသူများက သဘောမကျဟန်ဖြင့်  တုံ့ပြန် သည်။ ယခင်ကတည်းက တိမ်း စောင်းနေခြင်းဟုပြောသည်။ ဒေါ် အေးကြည်တို့တိုက်အနီးတွင် ဘေးချင်းကပ်ယိုင်နေသောအ ထပ်မြင့်တိုက်ငါးလုံး၊ နောက် ဘက်သို့ယိုင်နေသောအထပ်မြင့် တိုက်တစ်လုံးကိုမြင်ခဲ့ရသည်။

ရန်ကုန်မြို့တွင် ၁၉၈၈ ခန့် ကဆောက်ခဲ့သည့် အဆောက်အ အုံများ၏ ကြံ့ခိုင်မှုမေးခွန်းထုတ် စရာများရှိနေပြီး ယင်းအဆောက် အအုံများကို ပြန်လည်တည် ဆောက်နိုင်ရေးစီစဉ်ရမည်ဟု ရန် ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦး ဖြိုးမင်းသိန်းကပြောကြားထား သည်။

ကြံ့ခိုင်မှုစိတ်မချရသော အ ဆောက်အအုံများပြန်လည်တည် ဆောက်ပြုပြင်ရေးနိုင်ငံတကာမှ သင့်တင့်သောအတိုးနှုန်းဖြင့်ချေး  ငွေရယူနိုင်ရန်လိုအပ်ကြောင်းပြီး ခဲ့သည့် ဇူလိုင်အတွင်းကပြော  ကြားပြီးနောက်ဆက်တွဲသတင်း ထုတ်ပြန်မှုမရှိသေးပေ။

လက်ရှိတွင် တာမွေမြို့နယ် ကို Pilot Area (ရှေ့ပြေး) အဖြစ် သတ်မှတ်၍ အဆောက်အအုံများ ၏ ကြံ့ခိုင်မှုကို စစ်ဆေးနေ ကြောင်း ဝန်ကြီးချုပ်ကပြောထား သည်။

မြန်မာနိုင်ငံမြေငလျင်ကော် မတီတွင် ဘူမိဗေဒပညာရှင် ၁၃ ဦးခန့်ရှိပြီး မိုးလေဝသနှင့်ဇလဗေ ဒညွှန်ကြားမှု ဦးစီးဌာနအောက်ရှိ မြေငလျင်ဌာနခွဲ၌လည်း မြေင လျင်ပညာရပ်ကိုလေ့လာနေသူ  ဝန်ထမ်းရာချီရှိသည်။ နိုင်ငံရပ် ခြားတွင်ပညာရှင်အဖြစ်ရပ်တည် နေသောမြန်မာနိုင်ငံသားဘူမိဗေ ဒပညာရှင်များလည်းရှိသည်။ င လျင်အန္တရာယ်နှင့် ပတ်သက်၍ မြန်မာနိုင်ငံအတွက် ၎င်းတို့အား လုံး၏ စိုးရိမ်စိတ်ကဆုံချက်တစ် ခုတည်းပင်သွားဆုံနေသည်။

မြန်မာနိုင်ငံ၏ အဓိကအကျ ဆုံးစီးပွားရေးမြို့တော်ရန်ကုန် သည် ငလျင်အန္တရာယ်အနှေးနှင့် အမြန်ကြုံတွေ့နိုင်ပြီး အကယ်၍ အင်အားပြင်းငလျင်လှုပ်ပါကမ မျှော်လင့်နိုင်သည့် ဘေးအန္တရာယ် ဆိုးကို သေချာပေါက်ရင်ဆိုင်ရ မည်ဟူသောစိုးရိမ်စိတ်ဖြစ်သည်။

‘‘မစိုးရိမ်ပါနဲ့။ ကံကောင်း ရင်ရစ်ချ်တာစကေး ၇ အထက် တော့လာနိုင်တယ်’’

မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းရုံးတွင် သြဂုတ် ၂၅ ရက် က ကျင်းပခဲ့သော မြန်မာနိုင်ငံ မြေငလျင်ကော်မတီ နှစ် (၂၀) ပြည့်အခမ်းအနား၌ ငလျင် အန္တရာယ်နီးကပ်နေပြီးဖြစ်သော ရန်ကုန်တွင်ကြိုတင်ကာကွယ် ရေးအချိန်မီလုပ်ဆောင်ထားနိုင် ရေးအတွက် ပညာရှင်တစ်ဦးက အထက်ပါအတိုင်းပညာသားပါ ပါသတိပေးခဲ့ခြင်းဖြစ်သည်။ စ ကားမှာ နားဝင်ခါးသော်လည်း ရန်ကုန်မြို့သည် အမှန်တကယ် ပင်ငလျင်အန္တရာယ်ဇုန်၌ ကျ ရောက်နေခြင်းကြောင့် ငလျင် အန္တရာယ်ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရန်နှင့် ဘေးကြုံ လာလျှင် မည်သို့လုပ်ကိုင်ရမည် ကိုသိရှိပြီး လေ့ကျင့်ထားရန်လို ကြောင်း ပညာရှင်များက အကြံ ပြုသည်။

ရန်ကုန်မြို့တွင် ၁၉၈၈မှ ၁၉၉၀ကြား တည်ဆောက်ခဲ့ သည့် အဆောက်အအုံများသည် အရည်အသွေးစံချိန်မမီဘဲငလျင် အန္တရာယ်အတွက် ကြံ့ခိုင်မှုစိတ် မချရကြောင်း အင်ဂျင်နီယာနှင့် ဘူမိဗေဒပညာရှင်များက မကြာ ခဏအသိပေးသည်။

Credit : http://7daydaily.com/

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img