fb_icon

bnr_tob_1

2019.12.19ENTERTAINMENT

ရန်ကုန်မြို့ပြ ခရစ်စမတ်ပွဲတော်

            များမကြာမီ အချိန်တွင် ကမ္ဘာနဲ့ တဝှမ်း ခရစ်စမတ်ပွဲတော်ကြီးကို ပျော်ရွှင်စွာ ဆင်နွဲကြတော့မှာပဲ ဖြစ်ပါတယ်။ ကမ္ဘာ့နိုင်ငံ အရပ်ရပ်မှာလည်း ခရစ်စမတ်အချိန်ကာလ နီးကပ်လာပြီဖြစ်တဲ့အတွက် ရောင်စုံ မီးများ၊ လှပတဲ့အပြင်အဆင်များနဲ့ လူတွေက ပျားပန်းခတ် အလုပ်တွေများနေကြပါပြီ။

            မြန်မာနိုင်ငံမှာလည်း ခရစ်စမတ်ပွဲတော်အတွက် ကြိုတင်ပြင်ဆင် ရင်ခုန်နေကြပြီပဲ ဖြစ်ပါတယ်။ ခရစ်စမတ်အကြိုကာလဆိုတာ မိသားစု၊သူငယ်ချင်းများနဲ့ ပျော်စရာခရီးတွေ ဘယ်လိုထွက်ကြမယ်၊ဘယ်လိုအစီအစဉ်တွေနဲ့ ခရစ်စမတ်ကို ဖြတ်သန်းကြမယ်ဆိုပြီး ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ တိုင်ပင်ဆွေးနွေးနေကြချိန်ပေါ့။

            ရန်ကုန်မြို့တော်ကြီးမှာ ယခုနှစ်ခရစ်စမတ်အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်နဲ့  ခရစ်ယာန်ဂိုဏ်းပေါင်းစုံ အသင်းတော်ကြီးများက ကြီးမှူးပြီး တတိယအကြိမ် ရန်ကုန်မြို့ပြခရစ်စမတ်ပွဲတော် ကို  စည်ကားစွာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ အဆိုပါပွဲတော်တွင် ဖျော်ဖြေရေးစင်မြင့် ရှစ်ခုပါဝင်မှာ ဖြစ်ပါတယ်။ စင်မြင့်ရှစ်ခုကို ရန်ကုန်မြို့ရဲ့ အဓိကနေရာတွေဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းလမ်းနဲ့ ရွှေတိဂုံဘုရားလမ်းထောင့်၊ စင်ထရယ်ဟိုတယ်နဲ့ KFC ရှေ့၊ ဆာကူရာတာဝါနဲ့ ဝဇီရာရုပ်ရှင်ရုံရှေ့၊ Ruby Mart ရှေ့ ၊ ဗိုလ်အောင်ကျော်လမ်း နဲ့ ဗိုလ်ချုပ်အောင်ဆန်းလမ်းထောင့်ရှိ စိန့်မေရီဘုရားကျောင်းရှေ့၊ မဟာဗန္ဓုလပန်းခြံလမ်းနဲ့ မဟာဗန္ဓုလလမ်း ထောင့်ရှိ ဧမာနွေလဘုရားကျောင်းရှေ့၊ သခင်မြပန်းခြံ ၊ စော်ဘွားကြီးကုန်းပန်းခြံ တို့မှာဆောက်လုပ်သွားမှာ ဖြစ် ပါတယ်။

            ရန်ကုန်မြို့ပြခရစ်စမတ်ပွဲတော်ကို ဒီဇင်ဘာ ၂၃ရက်နေ့ကနေ ဒီဇင်ဘာ ၂၅ရက် ခရစ်စမတ်နေ့ထိ ၃ရက် တိုင်တိုင် ပျော်ရွှင်စွာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ ဖျော်ဖြေပွဲများနဲ့ စတုဒီသာအစီအစဉ်များကိုလည်း ထည့်သွင်း ထားမှာ ဖြစ်ပါတယ်။ ပွဲတော်ကျင်းပမယ့် အချိန်ကတော့ ညနေ ၆နာရီကနေ ည၁၀နာရီထိ ဖြစ်ပါတယ်။

By : Myo Wai Thu

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img