2020.08.27SPORTS
မနက်ဖြန် ကြည့်ရှုရမယ့် WLC: Hideout Battle လက်ဝှေပွဲ

ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာကျင်းပပြီး ရုပ်သံလိုင်းများမှတဆင့် မနက်ဖြန် ကြည့်ရှုရမယ့် WLC: Hideout Battle ပွဲကတော့ ယနေ့ တွင် ဆေးစစ်ဝိတ်ချိန်ကြပါပြီ။
(မနက်ဖြန် ၂၈-၈-၂၀၂၀ ရက်နေ့ မြန်မာစံတော်ချိန် ညနေ ၆:၀၀ တွင် စတင်ပြသမှာ ဖြစ်ပြီး ၆:၃၀ တွင် စတင်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။ ပြည်တွင်းအတွက် Canal+ နှင့် ပြည်ပအတွက် UFC Fight Pass တို့က တိုက်ရိုက် ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။)
ဘင်တန်ဝိတ်တန်းအမျိုးသမီးချန်ပီယံလုပွဲကို ခေါင်ပွဲအဖြစ်ထားရှိပြီး ဒါဟာ WLC ရဲ့ထူးထူးခြားခြား ပထမဦးဆုံး အမျိုးသမီးချန်ပီယံဖော်ထုတ်ပွဲလည်း ဖြစ်ပါတယ်။ ဒု-ခေါင်ပွဲကို WLC ရဲ့နာမည်ကျော် မွန်-ကရင်တိုင်းရင်းသား စိုးမင်းအောင်က ဥဇဘက်ကစ္စတန်သား ” အာသာတီ” နဲ့ ယှဉ်ပြိုင်ဖို့စီစဉ်ထားပြီး အဓိကအားထားတဲ့ ပွဲနှစ်ပွဲလုံးက စိတ်ဝင်စားဖို့ကောင်းနေပါတယ်။
ဘင်တန်ဝိတ်အမျိုးသမီးချန်ပီယံဖြစ်ဖို့ တာစူပြင်ဆင်လာတဲ့ ပြင်သစ်မယ် ” ဆိုရစ် ” ဟာ နဂိုကမှတိုက်ခိုက်ရေးအသွေးအသားထဲ ဆူပွက်နေသူဖြစ်တာမို့ ချန်ပီယံဖြစ်ဖို့အခွင့်အရေးအတွက် ဘယ်လိုတောင်လုပ်ပြပြီး ပြိုင်ဘက်ကိုချေမှုန်းမှာလဲ။ ” မိုင်ရှာကတ် ” ကတော့ သူရလိုက်တဲ့ အခွင့်အရေးရဲ့တန်ဖိုးကို လေးလေးနက်နက် သိရှိပြီး မထင်မှတ်တာတွေလုပ်ပြသွားမယ်ဆိုရင် ဒီခေါင်ပွဲက ဗလာလက်သီး အမျိုးသမီးနှစ်ဦးရဲ့ စစ်ပွဲဖြစ်သွားပါပြီ။ WLC နဲ့နှစ်ပွဲမြောက်ခြေလှမ်းဖြစ်တာကြောင့် လက်သီးယဉ်နေသူက သာတယ်ပြောနိုင်ပါလိမ့်မယ်။ မပြောနိုင်တာက မိုင်ရှာကတ်ရဲ့ မွေထိုင်းစွမ်းရည်နဲ့ ချန်ပီယံဖြစ်လိုစိတ် ဆိုကြပါစို့။ တပွဲနှစ်ပွဲထိုးပြီးရင် မိခင်အတွက် ဒုလ္လဘရဟန်းဝတ်ဖို့ပြင်နေတဲ့ စိုးမင်းအောင်ကတော့ ငွေကောအောင်မြင်မှုကောလိုနေမှာ အမှန်ပါပဲ။ MX Muay Xtreme လိုအဆင့်မြင့်တိုက်ပွဲများမှာ ထွန်းတောက်ခဲ့ဖူးတဲ့ အတွေ့အကြုံတွေကြောင့် သူဟာ WLC နဲ့စာချုပ်ခဲ့ပြီးနောက် ပထမခြေလှမ်းမှာပဲ အောင်မြင်မှုကို သက်တောင့်သက်သာ ယူပြခဲ့ပြီးပါပြီ
ထိုစဉ်က ဒု-ခေါင်ပွဲနေရာမှနေပြီး ကမ္ဘောဒီးယားသားရဲ့ ဝမ်းဗိုက်တွေကို နာကျင်ခွေကျစေခဲ့တဲ့ သူ့ရဲ့ခြေစူးစူးတွေကို မိတ်ဆက်ခဲ့ပါပြီ။ ဒီတခါတော့ သူအားအထားရဆုံးဖြစ်တဲ့ လက်နက်နဲ့ ပြိုင်ဘက်ကိုချေမှုန်းပြချင်နေမှာပါပဲ။ ဒါကတော့ တိကျစူးရှတဲ့ တံတောင်ရိုက်ချက် လှလှတွေဖြစ်မှာပါ။ မြင်ရတန်ကောင်းပါရဲ့လို့ မျှော်လင့်နိုင်စရာရှိနေပြီး ဒီပွဲကိုနိုင်ရင်ရော သူ့ရဲ့အောင်ပွဲခံ ဟန်ပန်က ဘယ်လိုစတိုင်လ်မျိုးလဲ။ စိတ်ဝင်စားစရာ အဆင့်နှစ်ဆင့်နဲ့ ထူးခြားတဲ့ ထိုင်းနိုင်ငံရောက် တိုင်းရင်းသားလူငယ်ပါပဲ။
စောဖိုးခွါးနှင့်နာခါဆိုတဲ့ မြန်မာသွေးလူငယ်နှစ်ဦးကလည်း မြန်မာ့အလံကိုယ်စားပြုလို့ WLC မှာပါဝင်လာခြင်းဟာ Hideout Battle ရဲ့ထူးခြားချက်ကြီးလို့ ဆိုနိုင်ပါတယ်။ ပြည်တွင်းကလက်ဝှေ့သမားတွေနဲ့ နိုင်ငံရပ်ခြားကို ကူးသန်းသွားလာပွဲစီစဉ်ဖို့ အခက်ကြုံခဲ့ရတာမို့ ခုလိုမျိုး ပြည်ပမှ မြန်မာတိုက်ခိုက်ရေးသမားတွေကို စီစဉ်လိုက်ရကြောင်း WLC ဥက္ကဌက ပြောပါတယ်။ စောဖိုးခွါးဟာ မြန်မာ့လက်ဝှေ့လောကမှာ လာရောက်ကစားဖူးပြီး အတွေ့အကြုံရှိပြီးသား ဆိုနိုင်ပါတယ်။ စိုးမင်းအောင်လိုပဲ တံတောင်ကိုနောကျေအောင် ချိုးနိုင်တိုက်နိုင်ရိုက်နိုင်ကြတာဟာ ဒီလူငယ်တွေရဲ့ သင်္ကေတပါ။ နာခါဆိုသူ မောင်ကတော့ မြန်မာမိခင်မှမွေးဖွားသူလို့ သိထားရပါတယ်။ မဲ့ဆောက်မှာနေထိုင်သူ ဗမာစကားပြောနိုင်သူဖြစ်ပြီး ပထမဦးဆုံးလက်အိတ်ချွတ်ထိုးပြရပါလိမ့်မယ်။ လက်အိပ်စွပ် အမှတ်ယူမွေထိုင်းပွဲများမှာ အသားကျပြီးသား နာခါရဲ့ ဗလာလက်သမီးစစ်တလင်းထဲမှာ ဖြစ်ပေါ်လာမယ့်အခြေအနေကို Hideout Battle ကဖော်ထုတ်ပါတော့မယ်။
မနက်ဖြန် Canal+ Sports Channel ရုပ်သံလိုင်းမှတဆင့် ပြည်တွင်းပရိသတ်ရှေ့မှောက်ရောက်ပါတော့မယ်။ ကမ္ဘာတလွှားက ပရိသတ်များကတော့ နာမည်ကျော်ရုပ်သံလိုင်းတခုဖြစ်တဲ့ UFC Fightpass မှတဆင့်အားပေးကြဖို့ WLC ကကြော်ငြာထားပါတယ်။
Hideout Battle ဟာ ကမ္ဘာ့ကူးစက်ကပ်ရောဂါ ပထမနှင့်ဒုတိယလှိုင်းအစမှာပဲ ထူးထူးခြားခြား ပေါ်ထွက်လာတဲ့ ထူးခြားသော ပွဲစီစဉ်မှုလို့ ဆိုနိုင်ကြောင်းပါခင်ဗျား။ ဒီလိုနဲ့ပဲ မနက်ဖြန် (28.8.2020) ဟာတိုက်ခိုက်ရေးပရိသတ်အတွက် ရေငတ်သူတွေ ရေတွင်းထဲကျမယ့် နေ့တနေ့ အဖြစ်ရောက်ရှိလာပြီဆိုတာ တင်ပြလိုက်ရပါတယ်။

ဒုခေါင်ပွဲ (ဘင်တန်ဝိတ် ၅၁-၅၄ ကီလို) စိုးမင်းအောင် ၅၄ ကီလို Vs
အာသာတီ ၅၃.၈ ကီလို

ခေါင်ပွဲ (အမျိုးသမီးဘင်တန်ဝိတ်ကမ္ဘာ့ချန်ပီယံလုပွဲ ၅၁-၅၄ ကီလို) ဆိုရိစ်မန်ဖရက်ဒီ ၅၃.၉ ကီလို Vs
မိုင်ရှာကက်ဇ် ၅၃.၉ ကီလို

ပွဲစဉ် ၄ (ဘင်တန်ဝိတ် ၅၁ – ၅၄ ကီလို) စောဖိုးခွား ၅၃.၅ ကီလို Vs
နဘီးလ်အန်နန် ၅၃.၈ ကီလို

ပွဲစဉ် ၃ (လိုက်ဝယ်လ်တာဝိတ် ၆၀ – ၆၃.၅ ကီလို) နာခါ ၆၃.၃ ကီလို Vs
ရှားဇော့ဒ်ကာဘူတော့ဗ် ၆၃.၅ ကီလို

ပွဲစဉ် ၂ (ဝယ်လ်တာဝိတ် ၆၃.၅ – ၆၇ ကီလို) တော့ဖ်ဖစ်အဗ္ဗဒူလာယက် ၆၆.၇ ကီလို Vs
အိုမာမဟီရာ ၆၆.၇ ကီလို

ပွဲစဉ် ၁ (ဖယ်သာဝိတ် ၅၄ – ၅၇ ကီလို) နာမိုဟာမက် ၅၇ ကီလို Vs
မစ်ဂ်မားဆရန်ဘိုခူး ၅၆.၆ ကီလို
Canal+Sports Channel Broadcast start > 6:30 PM
UFC Fight Pass Broadcast start > 8 AM(ET) 5 AM(PT)
photo credit – WLC , World Lethwei Championship
Credit By : Myanmar Lethwei Collection
-
ENTERTAINMENT
Sisyphus: The Myth
-
FOOD
ချင်းလူမျိုးတို့ရဲ့ ဆာဘူးသီး
-
LIFE&TREND
မြန်မာငွေ ၆သောင်းကျော်ပေးရတဲ့ Kiehl’s Calendula Herbal Extract Alcohol Free Toner
-
SOCIAL
မျက်ရည်ယိုဗုံးနှင့် အခြား chemical များ ထိတွေ့တဲ့အခါ ဘာတွေ လုပ်သင့်လဲ
-
SPORTS
အောင်လပွဲ အောက်တိုဘာ ၃၀ သေချာပြီ !!! 💥💥💥💥
-
TECH
Apple မှ Iphone 12 မိတ်ဆက်ရောင်းချမည့်ရက်ကို ကြေညာ
-
TRAVEL
ဆင်များ အစာရှားပါးလာမှုကြောင့် မန်းရွှေစက်တော် မန်းချောင်း ဆင်စခန်းမှာ ကိုဗစ်စည်းကမ်းများနဲ့ အညီ ဆင်စာကျွေးရင်း လာရောက်လည်ပတ်နိုင်
Ranking
1. လူကြိုက်အမျာဆုံး Mask အဖြစ်ရပ်တည်နေတဲ့ The SAEM ရဲ့ O2 Bubble Mask
2. Plus Size တွေအတွက် အဝတ်အစားဝယ်ယူဖို့အဆင်ပြေစေမယ့် ရန်ကုန်မြို့က ဆိုင် (၄) ဆိုင်
3. ရန်ကုန်ရဲ့ အလှပဆုံး ကော်ဖီဆိုင်လေးတစ်ဆိုင်ကို ရှာနေပါသလား ဒါဆိုရင်တော့ ဒီနေရာဖြစ်ပါလိမ့်မယ်
4. ဟော့ပေါ့နဲ့ အကင်ကို ၇၇ဝဝ ဆိုလို့သွားစားခါမှ မျက်လုံးပြုးပြီးပြန်လာရတဲ့အဖြစ်
5. ရိုးသားစွာ ကြက်သားစားနိုင်ကြပါစေ

アンケート登録
YANGON STYLE ではアンケートモニターを募集しています(無料)。
စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း
Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........
登録メールマガジン登録
YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。
အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း
Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။
登録広告掲載について
YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。
ကြော်ငြာကဏ္ဍ
YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။
お問い合わせ
Error: API requests are being delayed for this account. New posts will not be retrieved.
Log in as an administrator and view the Instagram Feed settings page for more details.