fb_icon

bnr_tob_1

2019.11.29SOCIAL

သင်တို့ဟာ ဘယ်လိုလူမျိုးတွေလဲ??

youngisthan

အားလုံးပဲ မင်္ဂလာပါရှင်။
လူတွေဟာသူတို့ရဲ့ characteristics တွေကိုလိုက်ပြီး အများအားဖြင့် အမျိုးအစားသုံးမျိုးရှိကြပါတယ်။ Introvert, extrovert နဲ့ ambivert တို့ပဲဖြစ်ပါတယ်။

Introvert တွေဟာ တစ်ယောက်ထဲနေရတာကြိုက်ကြပါတယ်။ သီးသန့်နေတတ်တဲ့လူတွေဖြစ်ပြီး စကားနည်းသူတွေဖြစ်ကြပါတယ်။ Team work တွေမှာအားနည်းတတ်ပြီး တစ်ယောက်ထဲအလုပ်လုပ်တာ သူတို့အတွက် ပိုအဆင်ပြေကြပါတယ်။ ဆုံးဖြတ်ချက်တစ်ခုမချခင်မှာလဲ အချိန်ယူပြီးသေချာစဉ်းစားတတ်ပါတယ်။ အပြောင်းအလဲတွေကို သိပ်လက်မခံနိုင်ကြပဲ အသစ်သစ်သောအရာတွေအတွက် ပြင်ဆင်ချိန် ယူတတ်ကြပါတယ်။ အလုပ်ကိစ္စပဲဖြစ်ဖြစ် public မှာ စကားတွေအများကြီးပြောလာပြီးရင်၊ လူရှုပ်တဲ့နေရာတွေ မဖြစ်မနေသွားပြီးသွားရင် သူတို့ဟာ private space အနေနဲ့ ကိုယ်ပိုင်အချိန်ယူပြီး အားပြန်မွေးရပါတယ်။ ပြီးတော့သူတို့ဟာ သူတပါးစကားကို နားထောင်ပေးတတ်တဲ့ good listener တွေလဲဖြစ်ကြပါတယ်တဲ့။

Extrovert တွေကတော့ပေါင်းသင်းဆက်ဆံရေးကောင်းတဲ့သူတွေဖြစ်ပါတယ်။ Social skill ကောင်းပြီး စကားပြောလဲကောင်းတဲ့သူတွေဖြစ်ပါတယ်။ ဆုံးဖြတ်ချက်ချတဲ့နေရာမှာလဲ သူတို့ဟာ မြန်မြန်ဆန်ဆန်နဲ့ပြတ်ပြတ်သားသား လုပ်တတ်ပါတယ်။ တစ်ယောက်ထဲအလုပ်လုပ်ရတာထက် team work အားကောင်းတဲ့သူတွေလဲဖြစ်ကြပါတယ်။ အသစ်သစ်သောအရာတွေအတွက် အမြဲတမ်းအဆင်သင့်ဖြစ်နေတတ်ကြပြီး အပြောင်းအလဲတွေကို ပိုပြီးလက်ခံနိုင်ကြပါတယ်။ သူငယ်ချင်း အပေါင်းအသင်းတွေနဲ့ hang out လုပ်ရတာတွေကိုလဲ ကြိုက်ကြပါတယ်။ စကားပြောအရမ်းကောင်းတဲ့ good speaker တွေဖြစ်ကြပါတယ်။

နောက်တစ်ခုကတော့ Ambivert တွေပါ။ သူတို့ကတော့ introvert နဲ့ extrovert တို့ရဲ့ character တွေကို ရောနှောနေတတ်တဲ့ သူတွေပါ။ အလယ်အလတ်မှာနေတတ်တဲ့ သူတွေပေါ့။

ဒါဆိုရင်တော့ မွေးဖွားတဲ့ရာသီခွင်နဲ့အလိုက် အများအားဖြင့်ဖြစ်တတ်တဲ့ ဝိသေသလက္ခဏာတွေကို ဖော်ပြပေးလိုက်ပါတယ်။

Aries

သူတို့ဟာစွန့်စားတတ်ကြပေမဲ့ extrovert မဟုတ်ပါဘူး။ Introvert တွေပါ။ သူတို့ဟာရှက်တတ်ပြီး ညှိနှိုင်းပြောဆိုခြင်းတွေက သူတို့အတွက်ခက်ခဲတဲ့အချိန်တွေပါပဲ။

Taurus

သူတို့ဟာ extrovert တွေအတွက် သူငယ်ချင်းကောင်းတွေဖြစ်ကြပါတယ်။ ဒါပေမဲ့ ကိုယ်တိုင်ကတော့ introvert တွေပါ။
တစ်ယောက်ထဲနေတတ်ပြီး လူများတဲ့နေရာတွေ လူတွေနဲ့ ပြောဆိုဆက်ဆံခြင်းတွေကိုရှောင်တတ်ပါတယ်။ နားကျပ်တပ်ပြီးသီချင်းနားထောင်ခြင်း၊ စာအုပ်ထိုင်ဖတ်ရတာတွေကို ကြိုက်ကြပါတယ်။

Gemini

သူတို့ကို အများက introvert လို့ထင်ကြပေမဲ့ တကယ်တော့ ambivert တွေဖြစ်ပါတယ်။ ရှက်တတ်တဲ့အသွင်ရှိပေမဲ့ လူအများနဲ့ပြောဆိုဆက်ဆံဖို့လိုလာရင်လဲ ဘယ်လိုပြောဆိုရမလဲဆိုတာ ကောင်းကောင်းသိကြတဲ့သူတွေပါ။

Cancer

သူတို့ကလဲ ambivert တွေပါပဲ။ တစ်ယောက်ထဲလဲနေတတ်သလို အများနဲ့လဲနေတတ်ကြပါတယ်။ အိမ်မှာနေရတာကြိုက်သလို တစ်ခါတစ်လေ အပြင်ထွက် hang out လုပ်ရတာလဲကြိုက်ကြပါတယ်။

Leo

သူတို့ကိုကြည့်လိုက်တာနဲ့ extrovert မှန်းသိရပါတယ်။ သူတို့ဟာအမြဲသွက်လက်တက်ကြွနေတတ်ပြီး သူတို့ရဲ့အစီအစဉ်မှာ တခြားသူတစ်ယောက်ပါဝင်တာကိုလဲ နှစ်သက်ကြပါတယ်။

Virgo

သူတို့ဟာ ambivert တွေပါ။ extrovert နဲ့ introvert တို့ရဲ့ ဝိသေသလက္ခဏာတွေ ရောနေတတ်ပါတယ်။ တစ်ယောက်ထဲနေရတာကြိုက်ပြီး လူမှုဆက်ဆံရေးလဲကောင်းကြပါတယ်။

Libra

သူတို့ဟာ ပေါင်းသင်းဆက်ဆံရေးနဲ့ စကားပြောကောင်းပြီး စိတ်အားထက်သန်ကြပါတယ်။ အရေးအကြီးဆုံးကတော့ လူအများအာရုံစိုက်မှုကို နှစ်သက်ကြပါတယ်။ သေချာပေါက် extrovert တွေပါ။

Scorpio

သူတို့ဟာလဲ Libra တွေလို extrovert တွေပါ။ သူတို့ဟာ သူတို့ရဲ့အတွေးအမြင်တွေကို ပွင့်ပွင့်လင်းလင်းပြောတတ်ပြီး social ကျတဲ့သူလေးတွေဖြစ်ပါတယ်။

Sagittarius

Extrovert နဲ့ introvert ရောနှောနေတတ်တဲ့ ambivert တွေပါ။ အလွန်ရှက်တတ်ပေမဲ့ ဟာသဉာဏ်ရွှင်ပြီး စွန့်စားမှုတွေကိုလဲ ကြိုက်ကြပါတယ်။

Capricorn

Extrovert တွေပါ။ သူတို့ရဲ့ အခက်အခဲ ပြဿနာတွေကို တခြားသူတစ်ယောက်ကိုရင်ဖွင့်ဖို့ ဝန်မလေးပဲ ပွင့်ပွင့်လင်းလင်းနေတတ်တဲ့သူတွေဖြစ်ပါတယ်။

Aquarius

သူတို့ဟာ ရှက်တတ်ပြီး သီးသန့်နေထိုင်တတ်တဲ့သူတွေပါ။ လျှို့ဝှက်ဆန်ပြီး သူတို့ချစ်ခင်ရတဲ့သူတွေနဲ့ပဲ hang out လုက်တတ်ကြပါတယ်။

Pisces

နှစ်လိုဖွယ်ကောင်းပြီး သူတစ်ပါးကို ဂရုစိုက်တတ်ကြလို့ အားလုံး​က ချစ်ကြတဲ့သူတွေပဲဖြစ်ပါတယ်။ ခံစားချက်ကိုဖုံးကွယ်တဲ့နေရာမှာတော်တာမို့ သူတို့ရဲ့စိတ်ကိုခန့်မှန်းရတာ ခက်ကြပါတယ်။

ဒါဆို Yangon Style ပရိတ်သက်ကြီးလဲ ကိုယ့်ရဲ့စရိုက်လက္ခဏာ​က ဘယ်ထဲပါလဲဆိုတာ ပြန်ဆန်းစစ်နိုင်ကြပါစေနော်

Ref: https://www.youngisthan.in/your-fortune/introvert-extrovert-ambivert/53404

By: KST

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img