fb_icon

bnr_tob_1

2019.10.29SOCIAL

သင့်မွေးလကပြောတဲ့ သင့်ကံကြမ္မာ

လူတစ်ယောက်ရဲ့ ကံကြမ္မာဟာ မွေးဖွားလာကတည်းက သတ်မှတ်ထားပြီးသားလား။
လူတစ်ယောက်ရဲ့ ကံကြမ္မာကို ခန့်မှန်းကြည့်နိုင်လား။ ပြုပြင်ပြောင်းလဲလို့ရောရမလား။

January

January လမှာ မွေးဖွားသူတွေက ဘဝမှာ ခေါင်းဆောင်ဖြစ်ဖို့ မွေးဖွားလာသူတွေပါ။ သူတို့တွေက မှီခိုလိုစိတ်ကင်းတယ်။ လက်တွေ့ကျကျ တွေးခေါ်နိုင်တယ်။ ပါးနပ်ပြီး တီထွင်ဖန်တီးနိုင်မှုလည်း အပြည့်အဝရှိတယ်။ လူတွေထဲမှာ အမြဲထင်ပေါ်နေပြီး ထူးချွန်သူတွေလည်း ဖြစ်တာမို့ သူတို့ကို follow လုပ်ချင်သူတွေလည်း အများကြီးပါ။

February

February လမှာ မွေးဖွားသူတွေရဲ့ သိသာထင်ရှားတဲ့ စိတ်ထားတစ်ခုက သူတစ်ပါးအပေါ် ကိုယ်ချင်းစာတာပါ။ လွတ်လပ်မှုကို မြတ်နိုးပြီး၊ ထိခိုက်ခံစားလွယ်သူတွေပါ။ ဘဝမှာ မှန်ကန်တဲ့ လက်တွဲဖော်ကို ရှာနိုင်ဖို့ အရေးကြီးပါတယ်။ အဲ့လို ‌ရွေးခြယ်မှုမှာ ရှုံးနိမ့်ခဲ့တဲ့ February Born အများစုဟာ drpression ဝင်ပြီး၊ negative thinking တွေဝင်လာကြပါတယ်။ ဂရုစိုက်တတ်ပြီး၊ ကြင်နာတဲ့ နှလုံးသားရှိသူတွေမို့ မိခင်ကောင်း၊ ဖခင်ကောင်းတွေလည်း ဖြစ်ကြပါတယ်။

March

March လမှာ မွေးဖွားသူတွေဟာ ကံကောင်းတဲ့ သူတွေပါ။ လူမှန်၊ နေရာမှန်မှာ အမြဲတမ်းရှိနေ‌ကြပြီး ငွေရှာကောင်းသူတွေပါ။ ငွေရှာကောင်းသလို၊ အသုံးလည်းကြမ်းကြပါတယ်။ အချစ်‌ရေးမှာတော့ အံချော်နေတတ်ပေမယ့် သူတို့တကယ် ချစ်မိပြီဆိုရင်တော့ လေးလေးစားစား တန်ဖိုးထားပြီး ချစ်ကြသူတွေပါ။

April

ရည်မှန်းချက်ကြီးပြီး၊ သူတစ်ပါးကို ဆွဲဆောင်နိုင်တယ်။ အဖွဲ့အစည်းတစ်ခုရဲ့ ဉီးဆောင်သူဖြစ်ဖို့ မွေးကတည်းက သတ်မှတ်ထားပြီးသားပါတဲ့။ သူတို့တွေက ခေါင်းမာတယ်။ အထက်စီးဆန်တယ်။ စမတ်ကျတယ်။ နောက်ပြီးတော့ ချစ်သူ၊ ခင်သူတွေလည်း သူတို့နားမှာ အမြဲဝိုင်းနေ‌လေ့ရှိပါတယ်။ သူတို့ရဲ့မွေးရာပါ ဗီဇဆိုပေမဲ့လည်း သိပ်ပြီးတော့ အထက်စီးမဆန်မိအောင် သတိထားဖို့လိုပါတယ်။

May

May လဖွားလေးတွေက ဂီတ၊ ရုပ်ရှင် နဲ့ စာရေးခြင်း အတက်ပညာတွေမှာ ပါရမီရှိကြတယ်။ တစ်နည်းအားဖြင့် တီထွင်ဖန်တီးနိုင်မှုရှိသူတွေလို့ ပြောလို့ရပါတယ်။ သူငယ်ချင်း၊ မိတ်ဆွေတွေ နဲ့ လုပ်ဖော်ကိုင်ဖက်တွေအတွက် အချိန်ပေးလွန်းသူတွေပါ။ ဒါကြောင့် ကိုယ်တိုင်အတွက် သီးသန့်အချိန်ပေးဖို့နဲ့ တစ်ခါတစ်လေမှာ တစ်ယောက်တည်း အေးအေးဆေးဆေးအနားယူဖို့ လိုပါတယ်။ ခရီးသွားရတာနှစ်သက်တဲ့ သူတို့ဟာ တစ်နေရာရာမှာ အကြာကြီးနေရတဲ့အခါ ပိတ်လှောင်ထားခြင်းခံနေရတယ်လို့ ခံစားရလေ့ရှိပါတယ်။

June

သူတို့က ဆွဲဆောင်မှုရှိကြတယ်။ အချစ်ရေးမှာတော့ စိတ်ကူးယဉ်ဆန်ကြတယ်။ သဝန်လည်းတိုကြပြန်တယ်။ တစ်ခါတစ်လေ အတိတ်မှာပဲနေပြီး ပစ္စုပ္ပန်တည့်တည့်ကြည့်ဖို့ မေ့နေကြတယ်။ စိတ်နှလုံးသိမ်မွေ့တဲ့ သူတို့ဟာ အတင်းအဖျင်းတွေရဲ့ ဒါဏ်ကိုမခံနိုင်ကြဘူးတဲ့။

July

ကြင်နာတတ်‌သော၊ စာနာတတ်‌သော၊ ပွင့်လင်းသော၊ ဗြောင်ကျကျပြောဆိုလေ့ရှိသော သူတွေပါ။ ဉာဏ်ကောင်းပြီး၊ ပါရမီထူးရှိသူတွေပါ။ သူတို့နားက လူတွေကတော့ သူတို့ကို အလွန်ချစ်ခင်ကြပါတယ်တဲ့။ စိတ်အတက်၊ အကျမြန်ပြီး တစ်ခါတစ်လေ တစ်ယောက်တည်း အထီးကျန်သလို ခံစားရလေ့ရှိတယ်။ ထိခိုက်ခံစားလွယ်ပြီး၊ ပြန်ကုစားဖို့လည်း အချိန်အတော်ယူကြရတယ်တဲ့။ လက်စားချေတာမျိုးမလုပ်ပဲ၊ လွယ်လွယ်ကူကူ ခွင့်လွှတ်ပေးသူတွေပါ။

August

ချစ်ခင်နှစ်သက်ဖွယ်ကောင်းသူတွေပါ။ သူတို့နားမှာ ရှိနေသူတွေကိုလည်း အလွန်တန်ဖိုးထားလေ့ရှိပါတယ်။ အသစ် အသစ်တွေကို လွယ်ကူစွာနဲ့ သင်ယူတတ်မြောက်ကြပြီး၊ သူတို့ရဲ့ စိတ်အားထက်သန်မှုက အခြားသူတွေကိုပါ လှုံဆော်မှုပေးနိုင်ကြတယ်။ လွတ်လပ်စွာ တွေးခေါ်လုပ်ဆောင်ပြီး၊ ရောက်ရှိနေတဲ့ နေရာတစ်ခုမှာ အောင်မြင်ကြတဲ့သူတွေပါ။ အနုပညာမှာလည်း ပါရမီရှိကြတယ်။ စိတ်ဆိုးလွယ်ပြီး၊ တစ်ခါတစ်လေတော့ မနာလိုဖြစ်လေ့ရှိတယ်တဲ့။

September

ရဲရင့်ပြီး သတ္တိရှိတယ်။ ကြီးပွားဖြစ်ထွန်းမည့်သူတွေလည်းဖြစ်တယ်။ မှတ်ဉာဏ်ကောင်းလွန်းတာကြောင့် အချက်အလက်တွေကို အများကြီး မှတ်နိုင်ကြတယ်။ အလုပ်ကို အလွန်ကြိုးစားကြပြီး၊ သူတို့မှန်းတဲ့အတိုင်း ဖြစ်မလာတဲ့အခါ အလွန်စိတ်ဓာတ်ကျသွားရောတဲ့။ ဒါကြောင့် သိပ်ပြီးပင်ပန်းသွားတဲ့အထိ အလုပ်တွေမလုပ်မိအောင် သတိထားဖို့လို့ပါတယ်။ အချစ်ရေးမှာတော့ သစ္စာရှိကြတယ်။

October

October မှာမွေးဖွားသူတွေက သူတို့ဖြစ်ချင်တာတွေကို စဉ်းစားကြည့်လိုက်ရုံနဲ့ အမှန်တကယ်ဖြစ်လာလိမ့်မယ်လို့ တင်စားပြောဆိုလို့ရ‌အောင် ကံကောင်းကြသူတွေပါ။ လက်စားချေခြင်း၊ အငြင်းသန်ခြင်း စတဲ့ သူတို့ရဲ့ အတွင်းစိတ်ရိုင်း (inner demons) ကို ကောင်းစွာ ထိန်းချုပ်နိုင်မယ်ဆိုရင်တော့ သူတို့တွေဟာ အောင်မြင်ပြီး၊ ပေါ်ပြူလာဖြစ်တဲ့ ခေါင်းဆောင်တွေ ဖြစ်လာမည့် သူတွေပါ။

November

November born များဟာ အကောင်းမြင်စိတ်ရှိတယ်။ ဆုံးဖြတ်ချက် ခိုင်မာပြတ်သားကြတယ်။ အောင်မြင်ဖို့အတွက် အမြဲကြိုးစားကြတယ်။ ငွေကြေးနဲ့ ပတ်သတ်ပြီး တစ်ခါတစ်ရံ ရုန်းကန်ကြရပေမယ့် သူတို့ဟာ ကြိုးစားတဲ့သူတွေမို့လို့ နောက်ဆုံးတော့ ထိပ်ဆုံးမှာ ရပ်တည်နိုင်ကြပါလိမ့်မယ်။ အကောင်းမြင်စိတ်လေးကိုတော့ အမြဲထိန်းသိမ်းထားဖို့ မမေ့ပါနဲ့။

December

သူတို့တွေက လူမှုရေးကိစ္စတွေနဲ့ အမြဲအလုပ်ရှုပ်နေကြတယ်။ ချစ်ခင်ရတဲ့ မိသားစုတွေ၊ သူငယ်ချင်းတွေရဲ့ ကိစ္စတွေကို ကူညီရင်း မအားမလပ်ဖြစ်နေရတာကို ပျော်နေကြတဲ့သူတွေပါ။ အဲ့ဒါက သူတို့လုပ်ရမယ့် လုပ်ငန်းတာဝန်တွေကို လျစ်လျူပြုမိသလိုမျိုး ဖြစ်သွားတတ်ပါတယ်။ ကံကောင်းပြီး ချမ်းသာမယ့်သူတွေပါ။ ချစ်သူကိုလည်း လွယ်ကူစွာ ရှာတွေ့မယ်။ အချစ်ခံရတာကို ကြိုက်တယ်။ ကန့်သတ်ချုပ်ချယ်တာမျိုးကိုတော့ လက်မခံဘူး။ သူတို့က လက်တွေ့ဆန်တယ်။ တည်ငြိမ်တယ်။ ဒါကြောင့်လည်း တည်ငြိမ်တဲ့ lifestyle တစ်ခုကို ပိုင်ဆိုင်ကြမည့်သူတွေပါ။

လူတစ်ဉီးရဲ့ ကံကြမ္မာကို သူရဲ့မွေးလကိုကြည့်ပြီး အကြမ်းလောက် ခန့်မှန်းကြည့်တာပါ။
ကံ၊ ဉာဏ်၊ ဝီရိယ၊ ကြိုးစားအားထုတ်မှုတွေက သင့်ကံကြမ္မာကို သင်လိုချင်တဲ့အတိုင်း ပြောင်းလဲပေးနိုင်တာကို မမေ့ပါနဲ့။

သင့်မိတ်ဆွေတွေလည်း သူတို့မွေးလကပြောတဲ့ သူတို့ရဲ့ကံကြမ္မာအကြောင်း သိနိုင်ဖို့ post ကို share ပေးပါအုံးနော်။

By: Laimar

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img