bnr_tob_1

2019.11.04SOCIAL

လှိုင်သာယာ ငံပြာရည်စက်ရုံတစ်ခုတွင် တရားမဝင်နိုင်ငံခြားဖြစ်အရက်ဖာ ၉၀၀ ကျော် တွေ့ရှိ

အမှုရှုပ်ထွေးမှုများရှိနေသဖြင့် တိုင်းဒေသကြီးအစိုးရထံ တင်ပြထားဟုဆို

By အောင်ရဲကို, သက်အောင်

သိမ်းဆည်းမိထားသည့် တရားမဝင်နိုင်ငံခြားအရက်များ (ဓာတ်ပုံ − ညီညီ(လှိုင်သာယာ))

လှိုင်သာယာရှိ ငံပြာ ရည်စက်ရုံတစ်ခုမှ တရားမဝင် နိုင်ငံခြားဖြစ် အရက်ဖာ ၉၀၀ ကျော် ဖမ်းမိပြီး ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်နေ ကြောင်း လှိုင်သာယာမြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူက ပြောသည်။

လှိုင်သာယာမြို့နယ် လွှတ် တော်ကိုယ်စားလှယ်များထံသို့ သတင်းပေး အကြောင်းကြား သဖြင့် အရက်ဖာများနှင့် ဆေး လိပ်ဖာများကို တွေ့ရှိခဲ့ခြင်းဖြစ် ကြောင်း ဦးမြတ်မင်းသူက ပြော သည်။

‘‘အောက်တိုဘာ ၃၀ ရက် ညက မိတာပါ။ WEI WANG ငံပြာရည်စက်ရုံထဲမှာ။ နောက် ကွယ်က ရှုပ်ထွေးမှုရှိနေတယ်။ အဲဒါကြောင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ကို တင်ပြပြီး လမ်း ညွှန်မှုကို ခံယူနေတယ်။ ပြီးမှ ဘယ်လို အရေးယူသွားမယ်ဆို တာ တိုင်းအစိုးရက ဆုံးဖြတ်မှာ ပါ’’ဟု ၎င်းက ဆိုသည်။

ရွှေလင်ဗန်းစက်မှုဇုန်ရှိ WEI WANG ငံပြာရည်စက်ရုံတွင် အောက်တိုဘာ ၃၀ ရက် ညက ၁၂ ဘီးကုန်တင်ယာဉ်ပေါ်မှ နိုင်ငံ ခြားဖြစ် အရက်ကိုးမျိုးအမှတ် တံဆိပ်များပါသည့် အရက်ဖာ ၉၀၈ ဖာကို ကနဦးစစ်ဆေးတွေ့ ရှိခဲ့သည်။

အရက်ပုလင်းများ များပြားနေသဖြင့် ယနေ့ (နိုဝင်ဘာ ၂ ရက်)အထိ စာရင်းကောက်ယူတွက်ချက်နေဆဲဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်က ပြောသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ စက်ရုံမှ တာဝန်ရှိသူတစ်ဦးကို သက်ဆိုင်ရာရဲတပ်ဖွဲ့က ဖမ်းဆီး စစ်ဆေးနေပြီး အမှုမှ ကွင်းဆက် ပြစ်မှုကျူးလွန်သူများကို စုံစမ်းစစ် ဆေးနေကြောင်း ၎င်းက ဆက် ပြောသည်။

‘‘ဒီလိုလုပ်နေတာ ဒီတစ်မြို့ နယ်တည်းမဟုတ်ဘူး။ အများကြီး ရှိနေတယ်။ အဲဒါတွေကိုပါ ဖော် ထုတ်ဖို့ လုပ်နေတယ်’’ဟု ဦးမြတ် မင်းသူက ပြောသည်။

အရက်ဖာများနှင့်အတူ ဆေးပြင်းလိပ် ခုနစ်ဖာကိုလည်း သိမ်း ဆည်းရမိပြီး သက်ဆိုင်ရာရဲတပ် ဖွဲ့က တရားမဝင်နိုင်ငံခြားအရက် များနှင့် ဆေးလိပ်သယ်ဆောင် သိုလှောင်လက်ဝယ်ထားရှိမှုနှင့် ပတ်သက်၍ ဥပဒေနှင့်အညီ အ ရေးယူနိုင်ရေး စစ်ဆေးနေသည်။

အဆိုပါ ဖြစ်စဉ်အပေါ် မေး မြန်းရန် လှိုင်သာယာမြို့မရဲစခန်း မှူး ဒုရဲမှူးစန်းယုကို 7Day Dailyသတင်းစာက နိုဝင်ဘာ ၂ ရက်တွင် ဖုန်းငါးကြိမ်ထက်မနည်း ဆက်သွယ်သော်လည်း အဆက်အ သွယ်မရပေ။ WEI WANG ငံပြာရည်စက်ရုံနှင့် အကောက်ခွန်ဦးစီးဌာနသို့ဖုန်းဖြင့် ဆက်သွယ်သော်လည်း အဆက်အသွယ်မရပေ။

Credit : http://7daydaily.com/

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img