2019.09.10TECH
ဆွဲဆောင်မှုရှိတဲ့ စနစ်သစ်အချို့ပါ၀င်တဲ့ WearOS သုံး စမတ်နာရီသစ်နှစ်လုံးကို Fossil ကြေညာ

Fossil ဟာ WearOS အသုံးပြုထားတဲ့ စမတ်နာရီသစ်နှစ်လုံးကို ကြေညာလာပါတယ်။ Fossil က ကြေညာလာတဲ့ စမတ်နာရီသစ်နှစ်လုံးကတော့ Diesel On Axial နှင့် Emporio Armani Smartwatch 3 ဖြစ်ပါတယ်။

Diesel On Axial ကို Snapdragon Wear 3100 နှင့် ပါ၀ါထောက်ပံ့ထားပြီး စပီကာတစ်လုံး ပါ၀င်ပါတယ်။ ယင်းစပီကာကို အသုံးပြုကာ ဖုန်းပြောဆိုမှုပြုလုပ်နိုင်သလို Google Assistant လည်း အသုံးပြုနိုင်ပါတယ်။ ဒါ့အပြင် Notification အသံကိုလည်း ကြားနိုင်ပါတယ်။

Diesel On Axial ကို အဝိုင်းဒီဇိုင်းဖြင့် ဖန်တီးထားတာဖြစ်ပြီး Information Tunnel ဒီဇိုင်း သုံးထားပါတယ်။ ရေစိမ်ခံနို်င်ပြီး ရေအောက် 30 မီတာအထိ ရေစိမ်ခံနိုင်ပါတယ်။ ဒါကြောင့် ရေကူးရာမှာလည်း အသုံးပြုနိုင်ပါတယ်။

ဘက်ထရီစနစ်လေးခု အသုံးပြုနိုင်ပြီး Extended Battery Mode လည်း ပါ၀င်ပါတယ်။ ယင်းစနစ်သုံးချိန်မှာ နှလုံးခုန်နှုန်းတိုင်းမှု သုံးနိုင်သလို Notification လည်း ရနိုင်ပါသေးတယ်။ Storage 8GB ပါ၀င်ကာ Spotify ၊ Cardiogram App တို့ တစ်ပါတည်း ပါ၀င်ပါတယ်။ Cardiogram App က နှလုံးအခြေအနေကို စောင့်ကြည့်ပေးပါတယ်။ Noonlight က အရေးပေါ်လိုအပ်ချိန်မှာ ဖုန်းကို ချိတ်ဆက်ပေးတဲ့စနစ် ဖြစ်ပါတယ်။ GPS Tracking လည်း ပါ၀င်သလို Google Play လည်း သုံးနိုင်ပါတယ်။

Diesel On Axial မှာ မျက်နှာပြင် 1.28 လက်မ AMOLED ၊ RAM1GB ၊ NFC ၊ Wi-Fi ၊ Bluetooth တို့ ပါ၀င်ပါတယ်။ သတ္တုရောင်၊ ငွေရောင်၊ ကြေးရောင်ကိုယ်ထည်များနှင့် ရွေးချယ်နိုင်ပြီး အနက်ရောင်၊ အပြာရောင်၊ စတိန်းလက်စ်စတီးလက်ပတ်ရောင်တို့ဖြင့် ရွေးချယ်နိုင်ပါမယ်။

Diesel On Axial ကို စျေးနှုန်း ဒေါ်လာ 350 သတ်မှတ်ထားပြီး လာမယ့်လမှာ စတင်ရောင်းချသွားပါမယ်။

Emporio Armani Smartwatch 3 က Diesel On Axial ထက် ဖက်ရှင်ကျတဲ့ဒီဇိုင်း သုံးထားပါတယ်။ သုံးထားတဲ့စနစ်နှင့် သုံးနိုင်တဲ့စနစ်တွေက အတူတူ ဖြစ်ပါတယ်။ Emporio Armani Smartwatch 3 ကိုလည်း Snapdragon Wear 3100 ၊ Wear OS တို့ သုံးထားပါတယ်။

လက်ရှိအချိန်မှာ Emporio Armani Smartwatch 3 ရဲ့စျေးနှုန်းကိုတော့ မသိရသေးပါဘူး။ ဒီစမတ်နာရီကိုလည်း လာမယ့်လမှာဘဲ ရောင်းချသွားပါမယ်။
Credit : NetGuide Journal (Every Wednesday)
-
ENTERTAINMENT
Sisyphus: The Myth
-
FOOD
ချင်းလူမျိုးတို့ရဲ့ ဆာဘူးသီး
-
LIFE&TREND
အသားအရေအတွက် လက်နက်ကောင်းတစ်လက် (The Body Shop – Serum)
-
SOCIAL
ကပ်ရောဂါနှင့် တိုက်ပွဲများကြောင့် မြောက်ဦးကို ကမ္ဘာ့အမွေအနှစ် စာရင်းတင်သွင်းရန် အချိန်တစ်နှစ်ရွှေ့ဆိုင်း
-
SPORTS
အောင်လပွဲ အောက်တိုဘာ ၃၀ သေချာပြီ !!! 💥💥💥💥
-
TECH
Apple မှ Iphone 12 မိတ်ဆက်ရောင်းချမည့်ရက်ကို ကြေညာ
-
TRAVEL
ဆင်များ အစာရှားပါးလာမှုကြောင့် မန်းရွှေစက်တော် မန်းချောင်း ဆင်စခန်းမှာ ကိုဗစ်စည်းကမ်းများနဲ့ အညီ ဆင်စာကျွေးရင်း လာရောက်လည်ပတ်နိုင်
Ranking
1. လူကြိုက်အမျာဆုံး Mask အဖြစ်ရပ်တည်နေတဲ့ The SAEM ရဲ့ O2 Bubble Mask
2. Plus Size တွေအတွက် အဝတ်အစားဝယ်ယူဖို့အဆင်ပြေစေမယ့် ရန်ကုန်မြို့က ဆိုင် (၄) ဆိုင်
3. ရန်ကုန်ရဲ့ အလှပဆုံး ကော်ဖီဆိုင်လေးတစ်ဆိုင်ကို ရှာနေပါသလား ဒါဆိုရင်တော့ ဒီနေရာဖြစ်ပါလိမ့်မယ်
4. ဟော့ပေါ့နဲ့ အကင်ကို ၇၇ဝဝ ဆိုလို့သွားစားခါမှ မျက်လုံးပြုးပြီးပြန်လာရတဲ့အဖြစ်
5. ရိုးသားစွာ ကြက်သားစားနိုင်ကြပါစေ

アンケート登録
YANGON STYLE ではアンケートモニターを募集しています(無料)。
စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း
Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........
登録メールマガジン登録
YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。
အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း
Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။
登録広告掲載について
YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。
ကြော်ငြာကဏ္ဍ
YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။
お問い合わせ