2020.09.18ENTERTAINMENT
Online Film Festival အဖြစ် ကျင်းပသွားမည့် ၂၀၂၀ရဲ့ ဝဿန်ရုပ်ရှင်ပွဲတော်

၂၀၂၀ခုနှစ်တွင် ကျင်းပမည့် ဝဿန်ရုပ်ရှင်ပွဲတော် သည် ၁၀နှစ်ပြည့် အထိမ်းအမှတ် အတွက် ကျင်းပမှာဖြစ်ပါတယ်။ ယခင်က ဝဿန်ရုပ်ရှင်ပွဲတော်ကို ဝဇီရာရုပ်ရှင်ရုံမှာ အမြဲလိုလို ကျင်းပခဲ့တာဖြစ်ပါတယ်။ ဒီနှစ်မှာတော့ Corona Virus ရောဂါ အခြေအနေများကြောင့် ပွဲတော်ကျင်းပရန် အခက်အခဲ ရှိခဲ့ပါတယ်။ ထို့ကြောင့်စီစဉ်သူများနှင့်တာဝန်ရှိသူများ က Covid ကာလမှာအများပြည်သူကြည့်ရှုနိုင်ရန် နှင့် ပွဲတော်ကျင်းပနိုင်ရန် အစီအစဉ်တစ်ခုပြုလုပ်ခဲ့ပါတယ်။
ထိုအစီအစဉ်ကတော့ ပထမဦးဆုံးအကြိမ် Online Film Festival အဖြစ် အသက်သွင်းခဲ့ခြင်းပဲဖြစ်ပါတယ်။ Covid ကာလအတွင်း ယခင်ကလို ရုပ်ရှင်ပိတ်ကားထက်မှာ ပြသခွင့်မရရှိသည့်အတွက် Online Film Festival အဖြစ် ပြောင်းလဲသတ်မှတ်ခဲ့ခြင်းဖြစ်ပါတယ်။ Online Film ပွဲတော်၌လည်း နှစ်စဉ်ရင်ခုန်နေကျရမြဲဖြစ်တဲ့ Wathann Competition အစီအစဉ်မှာ ပြည်တွင်းက ရုပ်ရှင်ဖန်တီးသူ Filmmaker တွေ ရိုက်ကူးထုတ်လုပ်ထားတဲ့ ဇာတ်လမ်းတိုနဲ့ မှတ်တမ်းရုပ်ရှင်ကားတွေကို ကြည့်ရှုအားပေးနိုင်မှာဖြစ်ပါတယ်။
Emerging Program ကဏ္ဍမှာတော့ တက်သစ်စ Filmmaker တွေရဲ့ လက်ရာတွေကို ကြည့်ရှုရမှာ ဖြစ်ပြီး နှစ်စဉ်ပြသမြဲဖြစ်တဲ့ S- Express အစီအစဉ်မှာ ပြသမယ့် အရှေ့တောင်အာရှရုပ်ရှင်တွေကိုတော့ ဓာတ်ရှင်ဧည့်ခန်း Living Room Cinema အဖြစ် ပြသနိုင်အောင် စီစဉ်ထားပါတယ်။
မြန်မာနိုင်ငံအပါအဝင် မဲခေါင်မြစ်နဲ့ ထိစပ်နေတဲ့ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်နိုင်ငံတို့က ဒါရိုက်တာတွေ ရိုက်ကူးထားတဲ့ ဇာတ်လမ်းတို ၅ကား ပါဝင်တဲ့ Mekong 2030 ရုပ်ရှင်ကားကို အထူးအစီအစဉ် Special Screening အဖြစ် ပြသသွားမှာ ဖြစ်ပါတယ်။
အားလုံး ကြုံတွေ့နေရတဲ့ ကိုဗစ်-၁၉ ကပ်ရောဂါရဲ့ အခြေအနေတွေကို ထင်ဟပ်စေတဲ့ မှတ်တမ်းရုပ်ရှင်နဲ့ ဇာတ်လမ်းတိုတွေကို စုစည်းပြသမယ့် New Normal Reflection ဆိုတဲ့ အစီအစဉ်အသစ်ကိုလည်း ထည့်သွင်း ပြသသွားမှာ ဖြစ်ပါတယ်။
ထို့ကြောင့် ရုပ်ရှင်ချစ် ပရိသတ်တို့လည်း Covid ကာလ မှာ အပြင်ထွက်စရာမလိုပဲ မိမိအိမ်အတွင်းမှာပင် Online ကနေကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ ပထမဦးဆုံးအကြိမ် Online Film Festival ဖြစ်တဲ့အတွက် ရုပ်ရှင်ကားတွေကို ဘယ်လိုကြည့်ရှုရမလဲဆိုတဲ့ အချက်အလက်အသေးစိတ်တွေကို အောက်ဖော်ပြပါ Wathann Film Festival Facebook Page ကနေ အဆက်မပြတ် မိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်။ Online မှ စိတ်အေးချမ်းသာစွာ ကြည့်ရှုနိုင်မည့် Wathann Online Film Festival အကြောင်းကို Yangon Style ပရိသတ်များအတွက် ဖော်ပြပေးလိုက်ရပါတယ်။
Click to Wathann Film Festival Facebook Link
By: Zaw Gyi
-
ENTERTAINMENT
Sisyphus: The Myth
-
FOOD
ချင်းလူမျိုးတို့ရဲ့ ဆာဘူးသီး
-
LIFE&TREND
Skincare Routine မှာ မဖြစ်မနေပါသင့်တဲ့ Suncream
-
SOCIAL
ရေနွေးနဲ့ရေချိုးခြင်းရဲ့ ကောင်းကျိုးနဲ့ဆိုးကျိုးများ
-
SPORTS
အောင်လပွဲ အောက်တိုဘာ ၃၀ သေချာပြီ !!! 💥💥💥💥
-
TECH
Apple မှ Iphone 12 မိတ်ဆက်ရောင်းချမည့်ရက်ကို ကြေညာ
-
TRAVEL
“ ကျောက်ဖြူမြို့တစ်ဖက်ကမ်းက ပင်လယ်ပြင်ကိုထိုးထွက်နေတဲ့ ငှက်ခေါင်းကျွန်း”
Ranking
1. လူကြိုက်အမျာဆုံး Mask အဖြစ်ရပ်တည်နေတဲ့ The SAEM ရဲ့ O2 Bubble Mask
2. Plus Size တွေအတွက် အဝတ်အစားဝယ်ယူဖို့အဆင်ပြေစေမယ့် ရန်ကုန်မြို့က ဆိုင် (၄) ဆိုင်
3. ရန်ကုန်ရဲ့ အလှပဆုံး ကော်ဖီဆိုင်လေးတစ်ဆိုင်ကို ရှာနေပါသလား ဒါဆိုရင်တော့ ဒီနေရာဖြစ်ပါလိမ့်မယ်
4. ဟော့ပေါ့နဲ့ အကင်ကို ၇၇ဝဝ ဆိုလို့သွားစားခါမှ မျက်လုံးပြုးပြီးပြန်လာရတဲ့အဖြစ်
5. ရိုးသားစွာ ကြက်သားစားနိုင်ကြပါစေ

アンケート登録
YANGON STYLE ではアンケートモニターを募集しています(無料)。
စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း
Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........
登録メールマガジン登録
YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。
အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း
Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။
登録広告掲載について
YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。
ကြော်ငြာကဏ္ဍ
YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။
お問い合わせ