2020.09.21ENTERTAINMENT
ဒိုင်လူကြီးရွေးချယ် မှုပြုလုပ်ပြီး Online Website ရေးဆွဲနေတဲ့ ဝသန်ရုပ်ရှင်ပွဲတော်

ဝသန်ရုပ်ရှင်ပွဲတော်တွင် ချီးမြှင့်မည့် ဆုများနှင့် အကဲဖြတ်မည့် ဒိုင်လူကြီးများ၏ အမည်စာရင်းများကို ပရိသတ်ကြီးအတွက်မိတ်ဆက်ခဲ့ပါတယ်။ ဝသန်ရုပ်ရှင်ပွဲတော်မှာ Wathann Competition ယှဉ်ပြိုင်မှုအတွက် ဆု (၃)ဆု နှင့် Emerging Competition ယှဉ်ပြိုင်မှုအတွက် ဆု တစ်ဆု သတ်မှတ်ထားပါတယ်။ Wathann Competition တွင် ချီးမြှင့်မည့် ဆု (၃)ဆုကတော့ -The Best Short Film Award
-Best Documentary Film Award
-New Vision Award
တို့ဖြစ်ပါတယ်။ Emerging Competition မှာ ချီးမြှင့်မည့်ဆုကတော့ Emerging Filmmaker Award ဆုဖြစ်ပါတယ်။
Wathann Competition ယှဉ်ပြိုင်မှုကို စီစစ်အကဲဖြတ်မည့် ဒိုင်လူကြီးများကတော့
(၁) ကဗျာဆရာ၊ စာရေးဆရာ မောင်ဒေး
(၂) Czech Republic နိုင်ငံမှ ထုတ်လုပ်သူ၊ ဒါရိုက်တာ၊ FAMU မှ ရုပ်ရှင် ကျောင်းဆရာဖြစ်သူ Vit Janecek(၁) ကဗျာဆရာ၊ စာရေးဆရာ မောင်ဒေး
(၃) Japan နိုင်ငံ Image Forum Film Festival မှ Director ဖြစ်သူ Koyo Yamashita
တို့ဖြစ်ပါတယ်။
Emerging Competition ယှဉ်ပြိုင်မှုအတွက် စီစစ်အကဲဖြတ်မည့် ဒိုင်လူကြီးများကတော့
(၁) ဒါရိုက်တာ ဏကြီး
(၂) ဒါရိုက်တာ ထူးပိုင်ဇော်ဦး
(၃) ထုတ်လုပ်သူ မခင်စန္ဒာမြင့်
တို့ဖြစ်ပါတယ်။
ဝသန်ရုပ်ရှင်ပွဲတော် ကို Covid-19 ကာလ၌ ဝဇီရာရုပ်ရှင်ရုံမှ ကျင်းပခွင့် မရရှိသည့်အပြင် အများပြည်သူများလည်း Stay Home နေကြရပါတယ်။ ထို့ကြောင့် အားလုံးအဆင်ပြေပြေ ကျင်းပနိုင်ရန် အတွက် Online Film Festival အဖြစ် ပြောင်းလဲရန် ဆုံးဖြတ်ခဲ့ကြပြီးဖြစ်ပါတယ်။ Online Film Festival အဖြစ်ကျင်းပနိုင်ရန် ဝသန်ရုပ်ရှင်ပွဲတော် အတွက် ကိုယ်ပိုင် Website တစ်ခုကို ရေးဆွဲဖန်တီးလျှက်ရှိပါတယ်။
ဝသန်ရုပ်ရှင်ပွဲတော် ၏ Website လိပ်စာအမည် ကို အောက်တိုဘာ (၁) ရက်နေ့ တွင် စတင်ကြေငြာသွားမှာြ ဖစ်ပါကြောင်း Yangon Style ပရိသတ်ကြီးအတွက် သတင်းကောင်းပါး လိုက်ရပါတယ်။ ဝသန်ရုပ်ရှင်ပွဲတော်နှင့် ပတ်သတ်၍ အသေးစိတ်သိလိုပါက ဖော်ပြပါ Facebook Page Link တွင်ဝင်ရောက် ကြည့်ရှုနိုင်ပါတယ်။
By: Zaw Gyi
-
ENTERTAINMENT
Sisyphus: The Myth
-
FOOD
ချင်းလူမျိုးတို့ရဲ့ ဆာဘူးသီး
-
LIFE&TREND
Skincare Routine မှာ မဖြစ်မနေပါသင့်တဲ့ Suncream
-
SOCIAL
ရေနွေးနဲ့ရေချိုးခြင်းရဲ့ ကောင်းကျိုးနဲ့ဆိုးကျိုးများ
-
SPORTS
အောင်လပွဲ အောက်တိုဘာ ၃၀ သေချာပြီ !!! 💥💥💥💥
-
TECH
Apple မှ Iphone 12 မိတ်ဆက်ရောင်းချမည့်ရက်ကို ကြေညာ
-
TRAVEL
“ ကျောက်ဖြူမြို့တစ်ဖက်ကမ်းက ပင်လယ်ပြင်ကိုထိုးထွက်နေတဲ့ ငှက်ခေါင်းကျွန်း”
Ranking
1. လူကြိုက်အမျာဆုံး Mask အဖြစ်ရပ်တည်နေတဲ့ The SAEM ရဲ့ O2 Bubble Mask
2. Plus Size တွေအတွက် အဝတ်အစားဝယ်ယူဖို့အဆင်ပြေစေမယ့် ရန်ကုန်မြို့က ဆိုင် (၄) ဆိုင်
3. ရန်ကုန်ရဲ့ အလှပဆုံး ကော်ဖီဆိုင်လေးတစ်ဆိုင်ကို ရှာနေပါသလား ဒါဆိုရင်တော့ ဒီနေရာဖြစ်ပါလိမ့်မယ်
4. ဟော့ပေါ့နဲ့ အကင်ကို ၇၇ဝဝ ဆိုလို့သွားစားခါမှ မျက်လုံးပြုးပြီးပြန်လာရတဲ့အဖြစ်
5. ရိုးသားစွာ ကြက်သားစားနိုင်ကြပါစေ

アンケート登録
YANGON STYLE ではアンケートモニターを募集しています(無料)。
စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း
Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........
登録メールマガジン登録
YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。
အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း
Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။
登録広告掲載について
YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。
ကြော်ငြာကဏ္ဍ
YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။
お問い合わせ