fb_icon

bnr_tob_1

2019.06.06TECH

Vivo Y12 က ကျောဘက်ကင်မရာသုံးလုံးပါ စမတ်ဖုန်းတွေထဲမှာ စျေးနှုန်းအနည်းဆုံးလား

Vivo ဟာ Y စီးရီးစမတ်ဖုန်းသစ်တစ်လုံးကို တိတ်တဆိတ် ကြေညာလာပါတယ်။ Vivo Y12 ဖြစ်ပါတယ်။ Vivo Y12 ကို ပထမဆုံး ရောင်းချမယ့်စျေးကွက်က အိန္ဒိယဖြစ်ပြီး ယခုအပတ်နှောင်းပိုင်းမှာ စတင်ရောင်းချသွားမှာ ဖြစ်ပါတယ်။

Vivo Y12 မှာ မျက်နှာပြင် 6.35 လက်မ HD ရုပ်ထွက်ပါ၀င်ပြီး Waterdrop Notch သုံးထားပါတယ်။ ဒီဖုန်းက တန်ဖိုးသင့်စမတ်ဖုန်းဖြစ်တာနဲ့အညီ MediaTek Helio P22 Processor ၊ RAM 3GB နှင့် အထိုင်ချထားပြီး Storage 32GB ပါ၀င်ပါတယ်။ RAM 4GB ၊ Storage 64GB ကိုလည်း ရွေးချယ်နိုင်ပါတယ်။

ကင်မရာပိုင်းနဲ့ပတ်သက်ပြီး ပြောရရင် Vivo Y12 မှာ 13MP + 8MP + 2MP သုံးထားပါတယ်။ ဒီဖုန်းက ကျောဘက်ကင်မရာသုံးလုံးပါ၀င်တဲ့ စမတ်ဖုန်းတွေထဲမှာ စျေးနှုန်းအသက်သာဆုံးဖုန်း ဖြစ်လာဖို့ ရှိပါတယ်။ နောက်ထပ်ဒီဖုန်းမှာ ထူးခြားချက်တစ်ခုကတော့ ဘက်ထရီ 5000 mAh အထိ ပါ၀င်တာ ဖြစ်ပါတယ်။ ကျောဘက်ကင်မရာသုံးလုံးပါ၀င်သလို ရှေ့ကင်မရာ 8MP ပါ၀င်ပါတယ်။ Android Pie အခြေခံ Vivo Funtouch OS 9 သုံးထားပါတယ်။

Vivo Y12 ရဲ့ RAM 3GB ဗားရှင်းကို ဒေါ်လာ 175 နှင့် RAM 4GB ဗားရှင်းကို ဒေါ်လာ 190 သတ်မှတ်ထားပါတယ်။

Credit : NetGuide Journal (Every Wednesday)

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img