2020.10.01LIFE&TREND
ဗီတာမင် – D အကြောင်း တစ်စေ့တစ်စောင်း

လူတွေကို အကျိုးပြုပြီး ခန္ဓာကိုယ်အတွက် လိုအပ်ချက်များဖြစ်တဲ့ ဗီတာမင် အုပ်စုများစွာရှိပါတယ်။ အခုအခါ ကပ်ရောဂါများဖြစ်ပွားနေတာကြောင့် ကိုယ်ခံအား ကောင်းမွန်စေရန် ရည်ရွယ်ပြီး ဗီတာမင် ဖြည့်စွက်ဆေး အမျိုးမျိုးကို သောက်သုံးလာတာကို တွေ့ရပါတယ်။ ဗီတာမင် အုပ်စုများမှာမှ ဗီတာမင် ဒီဆိုတာက ဘာလဲ? ဗီတာမင် ဒီ ဆိုတာ စတီးရွိုက်ဟော်မုန်းတစ်မျိုးဖြစ်ပြီး အူတွင်း ကယ်လစီယမ် ၊ မဂ္ဂနီဆီယမ် နှင့် ဖော့စဖိတ်ဓာတ်များ စုပ်ယူမှုကို အားပေးသော အဆီဓာတ်တွင်ပျော်ဝင်နိုင်သောဗီတာမင်တစျမြိုးဖွစျပါ တယ်။ဗီတာမင် ဒီ အမျိုးပေါင်းများစွာထဲမှ အရေးကြီးဆုံး နှစ်မျိုးမှာ ကိုလီကယ်စီဖရော နှင့် ဗီတာမင် အာဂိုကယ်စီဖရော တို့ဖြစ်ပါတယ်။

ဗီတာမင် ဒီ ကို အရေပြား အပေါ်ယံလွှာအတွင်း ခရမ်းလွန်ရောင်ခြည်၏ ဓာတ်ပြုခြင်းမှ သဘာဝအရင်းအမြစ်အဖြစ်ရရှိပါတယ်။ ထို့အပြင် အစားအစာမှလည်း ဗီတာမင် ဒီ ဓာတ်ကို ရရှိနိုင်သည်။ ဗီတာမင်-ဒီရရှိစေရန် စားသုံးပေးရမယ့်အစားအစာတွေကတော့
ဆယ်လမွန်ငါး
ဆာဒင်းငါး
တူနာငါး နှင့် စသော ငါးအမျိုးမျိုး
နွားနို့
ပဲနို့
မှို
ကြက်ဥအနှစ်
တိုဟူး
ဒိန်ချဉ်
အုတ်ဂျုံ
လိမ္မော်ရည် အစရှိသော အစားအစာများမှလုံလောက်စွာရရှိပါတယ်။ သို့သော်
ရလာသော အာဟာရများကို အသည်းနှင့် ကျောက်ကပ် ရှိ အင်ဇိုင်းတစ်မျိုးမှ ပြောင်းလဲပေးမှသာ ဇီဝဗေဒနည်းအားဖြင့် ဗီတာမင် ဒီကိုရရှိလာသည်။
နို့တိုက် သတ္တဝါအများစုတွင် ဗီတာမင် ဒီ သည် နေရောင်ခြည်ကိုထိတွေ့ခြင်းဖြင့် အစားအစာမလိုပဲ လုံလောက်သော ပမာဏကို အလွယ်တကူ ရရှိနိုင်သောကြောင့် ပညာရပ်အရ ဗီတာမင်ဟုပင် မသတ်မှတ်ပဲ ဟော်မုန်းတစ်ခုအဖြစ်သာ သတ်မှတ်ထားပါတယ်။
ဗီတာမင် ဒီ ချို့တဲ့ပါက အရိုးပွရောဂါ၊ အရိုးကျိုးလွယ်ခြင်း၊အရိုးပျော့ရောဂါနှင့် ကလေးအရိုးပျော့ရောဂါ ခံစားရနိုင်သည်။
အစားအစာမှ ဗီတာမင် ဒီ ဓာတ်လုံလောက်စွာမရ၍သော်လည်းကောင်း၊ နေရောင်ခြည် လုံလောက်စွာ မရရှိခြင်းကြောင့်သော်လည်းကောင်း ဗီတာမင် ဒီဓာတ်ချို့တဲ့ခြင်းကို ဖြစ်စေနိုင်ပါသည်။ကလေးများတွင် အလွန်ဆိုးရွားသော ဗီတာမင် ဒီ ဓာတ်ချို့တဲ့မှုကြောင့် ကလေးအရိုးပွရောဂါကိုခံစားရပြီး အရိုးများပျော့ပြောင်းကာ အားနည်းခြင်းတို့ဖြစ်ပေါ်သည်။၎င်းရောဂါသည် ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ဖြစ်ပွားမှုအလွန်ရှားပါးသောရောဂါဖြစ်သည်။လူကြီးများတွင်လည်း ဗီတာမင် ဒီ ဓာတ်ချို့တဲ့မှုကြောင့် လူကြီးအရိုးပျော့ရောဂါကိုခံစားရနိုင်သည်။
ဗီတာမင် ဒီ လွန်ကဲပါက သွေးတွင်း ကယ်လစီယမ်ပါဝင်မှုကို မြင့်တက်စေပြီး ဗီတာမင် ဒီ အဆိပ်သင့်ခြင်းကို ဖြစ်ပေါ်စေနိုင်ပါသည်။၎င်း၏ ရှေ့ပြေးလက္ခဏာများမှာ ဆီးအလွန်အကျွံသွားခြင်း နှင့် ရေငတ်ခြင်း တို့ဖြစ်သည်။ဗီတာမင် ဒီ ဓာတ်လွန်ကဲခြင်းကို ကုသမှုမခံယူပါက ကျောက်ကပ်၊အသည်း၊နှလုံး အစရှိသော အင်္ဂါများ၏ တစ်သျှူးများတွင် ကယ်လစီယမ်များ စုပုံကာ နာကျင်ခြင်းနှင့် ၎င်းအင်္ဂါများ ထိခိုက်သည်အထိဖြစ်စေနိုင်သည်။ ဗီတာမင် ဒီ ဓာတ်လွန်ကဲခြင်းကြောင့် ဖြစ်စေသော သွေးတွင်း ကယ်လစီယမ်ဓာတ် မြင့်တက်ခြင်း၏ အဓိကလက္ခဏာရပ်များမှာ ခံတွင်းပျက်ခြင်း၊ပျို့ခြင်း၊အန်ခြင်းတို့ဖြစ်သည်။ထိုလက္ခဏာများနောက်တွင် ဆီးအလွန်အကျွံသွားခြင်း၊ရေခဏခဏဆာခြင်း၊အားနည်းခြင်း၊ညဘက်အိပ်မပျော်ခြင်း၊ယားယံခြင်းနှင့် နောက်ဆုံး ကျောက်ကပ်အင်္ဂါစနစ် ပျက်စီးခြင်းအထိဖြစ်စေနိုင်သည်။ ကလေးငယ်များတွင် ဉာဏ်ရည်ထုံထိုင်းခြင်း၊အရိုးဖွဲ့စည်းကြီးထွားပုံစနစ်မကျခြင်း၊ဝမ်းပျက်ဝမ်းလျှောခြင်း၊ စိတ်ဆတ်ခြင်း၊ကိုယ်အလေးချိန်လျှော့ကျခြင်းနှင့် စိတ်ဓာတ်ကျခြင်းစသော လက္ခဏာများဖြစ်နိုုင်ပါတယ်။ ခန္တာကိုယ်တွင်း လုံလောက်သော ဗီတာမင် ဒီ ပမာဏကိုရရှိပါက အရေပြားက နေရောင်ခြည်မှတစ်ဆင့် ဗီတာမင် ဒီ ထုတ်လုပ်ခြင်းကို ရပ်တန့်လိုက်သောကြောင့် နေရောင်နှင့် အချိန်ကြာမြင့်စွာ ထိတွေ့ခြင်းက ဗီတာမင် ဒီလွန်ကဲခြင်းကို မဖြစ်စေနိုင်ပါ။ သို့သော် မလိုအပ်ပဲ ဗီတာမင်ဒီဖြည့်စွက်ဆေးများကို မလိုအပ်ပဲ သောက်သုံးမှသာလျှင် ဗီတာမင်ဒီလွန်ကဲခြင်း အဆိပ်သင့်မှုကိုခံစားရနိုင်ခြင်းဖြစ်ပါတယ်။
By : TT
-
ENTERTAINMENT
Sisyphus: The Myth
-
FOOD
ချင်းလူမျိုးတို့ရဲ့ ဆာဘူးသီး
-
LIFE&TREND
Skincare Routine မှာ မဖြစ်မနေပါသင့်တဲ့ Suncream
-
SOCIAL
ရေနွေးနဲ့ရေချိုးခြင်းရဲ့ ကောင်းကျိုးနဲ့ဆိုးကျိုးများ
-
SPORTS
အောင်လပွဲ အောက်တိုဘာ ၃၀ သေချာပြီ !!! 💥💥💥💥
-
TECH
Apple မှ Iphone 12 မိတ်ဆက်ရောင်းချမည့်ရက်ကို ကြေညာ
-
TRAVEL
“ ကျောက်ဖြူမြို့တစ်ဖက်ကမ်းက ပင်လယ်ပြင်ကိုထိုးထွက်နေတဲ့ ငှက်ခေါင်းကျွန်း”
Ranking
1. လူကြိုက်အမျာဆုံး Mask အဖြစ်ရပ်တည်နေတဲ့ The SAEM ရဲ့ O2 Bubble Mask
2. Plus Size တွေအတွက် အဝတ်အစားဝယ်ယူဖို့အဆင်ပြေစေမယ့် ရန်ကုန်မြို့က ဆိုင် (၄) ဆိုင်
3. ရန်ကုန်ရဲ့ အလှပဆုံး ကော်ဖီဆိုင်လေးတစ်ဆိုင်ကို ရှာနေပါသလား ဒါဆိုရင်တော့ ဒီနေရာဖြစ်ပါလိမ့်မယ်
4. ဟော့ပေါ့နဲ့ အကင်ကို ၇၇ဝဝ ဆိုလို့သွားစားခါမှ မျက်လုံးပြုးပြီးပြန်လာရတဲ့အဖြစ်
5. ရိုးသားစွာ ကြက်သားစားနိုင်ကြပါစေ

アンケート登録
YANGON STYLE ではアンケートモニターを募集しています(無料)。
စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း
Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........
登録メールマガジン登録
YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。
အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း
Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။
登録広告掲載について
YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。
ကြော်ငြာကဏ္ဍ
YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။
お問い合わせ