bnr_tob_1

2020.09.25SOCIAL

ဗီတာမင် စီနဲ့ပတ်သတ်တဲ့ သိကောင်းစရာများ

            ကျန်းမာရေးနဲ့ပတ်သတ်တဲ့ ဗီတာမင်ဓာတ်တွေ များစွာရှိပါတယ်။ အဲ့ဒီထဲကမှ ဗီတာမင်စီရဲ့အကြောင်းကို ဗဟုသုတအနေနဲ့ မျှဝေပေးချင်ပါတယ်။ ဗီတာမင်စီဆိုတာ အချဉ်လို့ အများကပြောကြပါလိမ့်မယ်။ ဒါ့အပြင် ပညာ ရှင်တွေရဲ့ လေ့လာမှုတွေအရ ဗီတာမင်စီဟာ ကိုလက်စထရောကို ကျစေနိုင်တဲ့အစွမ်းတွေလည်း ရှိပါတယ်တဲ့။ လူ့ ခန္ဓာကိုယ်မှာ ဗီတာမင်တွေဟာ သင့်တင့်တဲ့ ပမာဏနဲ့ ရှိနေဖို့ လိုအပ်ပါတယ်။ ဗီတာမင်တွေ ပိုပြီး လွန်ကဲနေရင် လည်း ကျန်းမာရေးမကောင်းနိုင်သလို ဗီတာမင်တမျိုးမျိုး လိုအပ်နေပြီဆိုရင်လည်း ခန္ဓာကိုယ်က ကျန်းမာရေး  ချို့ယွင်းလာမှာပဲ ဖြစ်ပါတယ်။

            နေ့စဉ်စားသုံးနေတဲ့ အစားအစာတွေကို ဗီတာမင်တွေနဲ့ ညီမျှအောင် ရွေးချယ်စားသုံးပေးသင့်ပါတယ်။ ဗီတာမင် တစ်မျိုးစီဟာ အရေးပါသလို ဗီတာမင်စီဟာလည်း လူ့ခန္ဓာကိုယ်အတွက် တကယ့်ကို လိုအပ်တဲ့ ဓာတ် တစ်မျိုးပဲ ဖြစ်ပါတယ်။ ဗီတာမင်စီ ချို့တဲ့လာတဲ့အခါ အောက်ပါရောဂါလက္ခဏာတွေကို ခံစားရစေနိုင်ပါတယ်။ အသားအရည်တွေ ခြောက်သွေ့ကြမ်းတမ်းလာခြင်း၊ သွားနဲ့သွားဖုံးတွေမှာ သွေးယိုစီးပြီး ခံတွင်းအနံ့အသက်များ ဆိုးရွားစေခြင်း၊ ဆံပင်တွေခြောက်သွေ့ပြီး ဆံသားတွေပျက်စီးလာကာ အာဟာရကင်းမဲ့တဲ့ ဆံပင်များဖြစ်လာ ခြင်း၊ မတော်တဆ ထိခိုက်ဒါဏ်ရာ ရရှိတဲ့အခါ အနာက အမြန်မပျောက်တော့ပဲ အနာကျက်နှေးလာခြင်း စတဲ့ ရောဂါလက္ခဏာတွေကို ခံစားလာရမှာ ဖြစ်ပါတယ်။

            ဗီတာမင်စီရဲ့ ကောင်းကျိုးတွေကလည်း အများကြီး ရှိနေပါတယ်။ ဗီတာမင်စီဟာ အရိုးတွေရဲ့ ဖွဲ့စည်း တည်ဆောက်ကို အားပေးပါတယ်။ အသားအရည်ကို တင်းရင်းစေပြီး အရွယ်တင်နုပျိုစေပါတယ်။ အနာကျက် လွယ်ကူနိုင်ပြီး ခန္ဓာကိုယ်တွင်းမှာ ရှိတဲ့ ကိုလက်စထရောတွေကို ချေဖျက်ပေးနိုင်ပါတယ်။ လူတွေရဲ့စိတ်ကို ပျော်ရွင်စေပြီး စိတ်ပူပန်မှုတွေ၊ စိတ်ဓာတ်ကျမှုတွေကို လျော့ချပေးပါတယ်။ ကင်ဆာရောဂါဖြစ်ပွားမှုကို ဟန့် တားပေးနိုင်ပြီး နုလုံးသွေးကြောကျဉ်းရောဂါ၊ ဆီးချိုရောဂါစတဲ့ ရောဂါဆိုးကြီးတွေ ဖြစ်ပွားမှုကို လျော့နည်း နိုင်စေပါတယ်။

            အခုလို ကိုရိုနာဗိုင်းရပ်စ်ရောဂါဆိုးကြီး ဖြစ်ပွားနေချိန်မှာ လူတွေဟာ ဗီတာမင်စီပါတဲ့ ဆေးပြားတွေကို ပိုမိုသောက်သုံးလာတာကို တွေ့ရပါတယ်။ ဗီတာမင်စီဟာ အထက်ပါရောဂါတွေကို သက်သာစေနိုင်တဲ့အပြင် ကိုယ် ခံစွမ်းအားကို မြှင့်တင်ပေးပြီး တုတ်ကွေးနဲ့ ဗိုင်းရပ်စ်ရောဂါပိုးတွေကို ကာကွယ်ပေးနိုင်တယ်ဆိုတာ ကြောင့် ဖြစ်ပါ တယ်။

            ဒါပေမယ့် ဗီတာမင်စီလွန်ကဲ များပြားလာတဲ့အခါမှာ ဘေးထွက်ဆိုးကျိုးတွေကို ခံစားရနိုင်တယ်ဆိုတာ ကိုလည်း မေ့ထားလို့ မရပါဘူး။ ဗီတာမင်စီ လွန်ကဲစွာ မှီဝဲမိတဲ့အခါမှာ ဗိုက်အောင့်၊ဗိုက်နာဖြစ်ပြီး ဝမ်းခဏခဏ သွားခြင်း၊ ကျောက်ကပ်ကိုထိခိုက်စေနိုင်ခြင်း၊ စတဲ့ဘေးထွက်ဆိုးကျိုး ရောဂါတွေကို ခံစားရစေနိုင်ပါတယ်။  

            ဒါကြောင့် ဗီတာမင်စီကို ဆေးပြားတွေသောက်သုံးပြီး ရယူမယ့်အစား ဗီတာမင်စီကြွယ်ဝတဲ့ အစားအစာ တွေကို စားသုံးပေးခြင်းဖြင့်လည်း ဖြည့်တင်းနိုင်ပါတယ်။ အစားအစာများမှ ရရှိတဲ့ ဗီတာမင်စီဟာ လွန်ကဲသွား တယ်ဆိုတာ မရှိနိုင်ပါဘူး။ ဒါပေမယ့် ဗီတာမင်စီဆေးပြားတွေ အမြောက်အများသောက်သုံးရင်တော့ ဗီတာမင် စီလွန်ကဲမှုတွေ ရှိလာနိုင်ပါတယ်။ ဗီတာမင်စီ ကြွယ်ဝတဲ့ အစားအစာတွေက ဘာတွေများလဲ။ အချဉ်ဓတ်ပါတဲ့ အသီးအနှံတွေ၊ ငရုတ်သီးပွ၊ လိမ္မော်သီး၊သံပရာသီး၊ စတော်ဘယ်ရီသီး၊ ပန်းဂေါ်ဖီအစိမ်းရောင်၊ ကိုက်လန်၊ ဇီး ဖြူသီး၊ မာလကာသီး၊ ဂရိတ်ဖရုသီး စတဲ့ အစားအစာတွေကို ပုံမှန်စားသုံးပေးခြင်းဖြင့် ဗီတာမင်စီကို ဖြည့်တင်း နိုင်ပါတယ်။

By : Myo Wai Thu

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img