2020.09.28TRAVEL
ခရီးသွားပြီး ရောက်လေရာအရပ်မှာ လိုက်လျောညီထွေဖြစ်အောင်နေထိုင်ခြင်း…… (Travel Tips)

Covid မဖြစ်ခင်ပျော်နေသော TD လေး
TD ကဒီတစ်ခါတော့ ခရီးသွား Blogသီးသန့်မဟုတ်ပဲ ခရီးသွားရင် ကိုယ်သွားတဲ့အရပ်ဒေသနဲ့ ဘယ်လို လိုက်လျောညီထွေဖြစ်အောင်နေထိုင်ရမလဲဆိုတာရယ်၊ TD အခုရခိုင်ကရွာမှာပိတ်မိနေတော့ ဘယ်လိုတွေနေထိုင်လဲဆိုတဲ့ အတွေ့အကြုံကိုပြန်လည်မျှဝေပေးသွားမှာဖြစ်ပါတယ်။ နေရာတိုင်းမှာ လူတိုင်းနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတတ်မယ်ဆိုရင် ဒါဟာလည်း ဘဝအတွက်လုံးဝကိုကောင်းတဲ့အချက်တစ်ချက်ပဲမလား။ ပြီးတော့ TD ရွာမှာအကြာကြီးပိတ်မိနေတော့ ဘယ်လိုနေလဲဆိုတဲ့ အတွေ့အကြုံလေးကို Sharing လုပ်ပေးပါဆိုလို့ စာအရှည်ကြီးရေးပေးလိုက်တယ်နော်
လူအများစုကတော့ ခရီးသွားရတာကိုကြိုက်ကြမှာပါ။ ဒါပေမယ့် သွားတဲ့နေရာတိုင်းနဲ့လိုက်လျော ညီထွေဖြစ်အောင်နေဖို့ဆိုတာတော့ မလွယ်လှပါဘူးနော်။ အားလုံးလဲကြုံဖူးကြမယ်ထင်ပါတယ်။ ဥပမာ- မိုးခေါင်ရေရှားဒေသကိုသွားရတာမျိုး၊ အစားသောက်ရှားပါးတဲ့နေရာကိုသွားရတာမျိုးဆိုရင် ရန်ကုန်ကလူတွေအနေနဲ့ တော်တော်လေးကိုသည်းခံပြီး သွားလာရတဲ့ ခရီးမျိူးတွေရှိပါတယ်။ တစ်ချို့ အရမ်းဆန်းဆန်းတင့်ဖြစ်တဲ့လူတွေအတွက်တော့ အများသုံးအိမ်သာနဲ့သုံးရတာမျိုး စတာတွေက အရမ်းအခက်အခဲဖြစ်စေပါတယ်နော်


အဲ့လိုမျိုးအခြေအနေတွေကနေ တတ်နိုင်သလောက် ကင်းဝေးအောင်ဘယ်လိုတွေလုပ်မလဲ၊ TDရော ခရီးတစ်ခုကိုသွားမယ်ဆိုရင် ဘယ်လိုတွေပြင်ဆင်ပြီး သွားလဲ၊ ဘယ်လိုနေထိုင်လဲဆိုတာကို ပြန်ပြီးမျှဝေပေးမယ်နော်။ တစ်ခုပြောချင်တာကတော့ လူတိုင်းဟာ TD တို့လို Travel Blogger မဟုတ်တော့ အောက်မှာပြောထားတဲ့အချက်လေးတွေအတိုင်းကိုက်ညီချင်မှ ကိုက်ညီပါလိမ့်မယ်။ ဒါပေမယ့် အားလုံးအတွက် အသုံးဝင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။




ခရီးတစ်ခုကိုသွားဖို့ရွေးချယ်လိုက်ပြီဆိုရင်
•••••••••••••••••••••••••••••••••••••••••••
TD တို့ခရီးတစ်ခုကိုသွားဖို့ရွေးချယ်ဆုံးဖြတ်လိုက်ပြီဆိုရင် အရင်ဆုံးကိုယ်သွားမယ့်နေရာအကြောင်းလေ့လာပါ။ လေ့လာပါဆိုတဲ့နေရာမှာလည်း အချို့နေရာတွေက စာအုပ်ဖတ်ပြီးလေ့လာလို့ရတဲ့နေရာတွေလည်းရှိမယ်၊ အခုဆိုရင် Travel Blogger တွေတော်တော်များများကလည်း ခရီးသွား Review တွေ Vlog တွေကို Facebook တွေမှာတင်ထားကြတော့ ရှာရတာလည်း အရမ်းလွယ်ကူပါတယ်နော်။ ပြီးတော့ နောက်တစ်ခုရှိတာက ကိုယ်သွားမယ့်ဒေသရဲ့ နယ်မြေခံ Guide (သို့မဟုတ်) Hotel ရှိရင် Hotel ကိုဖုန်းဆက်ပြီး ကြိုမေးထားလို့ရပါတယ်။ အဲ့ဒီနေရာမှာ ဘာတွေလိုမလဲ၊ ဘာတွေရှောင်ရမလဲ၊ အစားအသောက်ကကော ဘာတွေရနိုင်မလဲ စသဖြင့် ကိုယ်နဲ့အဆင်ပြေမပြေ ကြိုမေးထားလို့ရပါတယ်။ အဲ့လိုဆို ကိုယ်သွားမယ့်ခရီးက ပိုပြီးအဆင်ပြေတာတွေ့ရပါတယ်။




ခရီးသွားခါနီးဘယ်လိုတွေပြင်ဆင်မလဲ?
•••••••••••••••••••••••••••••••••••••••••
ကဲ ခရီးသွားတော့မယ်ဆိုရင် အရင်ဆုံးဘာလိုမလဲ? ပိုက်ဆံပေါ့နော်။
ပိုက်ဆံမရှိပဲနဲ့ ဘယ်လိုခရီးသွားမလဲနော့်။ အရင်ဆုံး ကိုယ်ယူမယ့်ငွေကြေးကိုစီစစ်ပါ။ ပြီးတော့ TD တို့လို ဂယက်ထတဲ့လူတွေအတွက်ဆိုရင် ကိုယ်ယူမယ့် ပိုက်ဆံကို တခြားအိတ်တွေထဲမှာလဲ ခွဲထည့်ထားပါနော်။ လမ်းမှာကိုယ်သုံးမယ့် ငွေလောက်က်ိုပဲ လက်ကိုင်အိတ်ထဲမှာထည့်ထားပါ။ အရမ်းစည်းကမ်းရှိတယ်မပျောက်တတ်ဘူးဆိုရင်တော့ ပိုက်ဆံအိတ်ထဲ အကုန်ထည့်သွားလည်းရပါတယ်။ နိုင်ငံခြားသွားမယ့်လူဆိုရင်တော့ ကဒ်ထဲသာထည့်ထားပါ။ TD ကတော့ပျောက်တတ်လွန်းလို့ ခရီးမှာသုံးမယ့် ငွေတွေဆိုရင် Luggage ထဲထည့်ထားတာများပါတယ်။



နောက်တစ်ခုကအင်္ကျီပါ။ TD အပါအဝင် ခရီးသွားတဲ့လူတိုင်းနီးပါးကြုံဖူးကြမှာပါ။ ဟိုအင်္ကျီလဲထည့်မယ်၊ ဒီဂါဝန်လဲ ဝတ်ရမှာပဲထည့်လိုက်ပါမယ်လေဆိုပြီး တစ်ညအိပ်/ နှစ်ရက်သွားရမယ့်ခရီးမျိုးမှာ မလိုအပ်ပဲ အဝတ်အစားတွေ များသွားတတ်ပါတယ်။ ခရီးရှည်အတွက်ဆိုရင်လည်း ဟိုရောက်ရင် ဘယ်နေ့ဘာဝတ်မယ်ဆိုပြီး တစ်စုံစီကိုသေချာ ခေါက်ထည့်ထားပါ။ အေးမယ့်ဒေသဆိုရင် အနွေးထည်၊ ခြေအိတ်၊ လက်အိတ် စတာတွေဥိီးစားပေးထည့်ပါ။ ကမ်းခြေဆိုရင်လဲ Suncream စတာတွေ မမေ့ပါစေနဲ့။ အင်္ကျီတွေအများကြီးယူသွားပြီး မဝတ်ဖြစ်ပဲပြန်လာရတဲ့ ခရီးတွေအများကြီးပါ




နောက်ထပ်အသေးစိတ်ကိုတော့ Vlogလေးလုပ်ပေးမယ်နော်။
ရောက်လေရာအရပ်မှာ လူတိုင်းနဲ့ နေရာတိုင်းနဲ့လိုက်လျောညီထွေဖြစ်အောင် ဘယ်လိုနေလဲ?Blog လေးရဲ့အဓိကပြောချင်တာက အခုမှ လာတာပါနော်။
လူတိုင်းနဲ့လိုက်လျောညီထွေဖြစ်အောင်နေဖို့၊ ကိုယ်နေရတဲ့နေရာနဲ့ နေသားတစ်ကျဖြစ်အောင်နေဖို့ဆိုတာ ပြောသလောက်မလွယ်လှပါဘူး။ အဲ့လို လိုက်လျော ညီထွေဖြစ်အောင်နေတတ်ခြင်းကလည်း အရမ်းကိုကောင်းတဲ့အချက်တစ်ချက်ပါ။ TDရဲ့အတွေ့အကြုံလေးကိုပဲ ပြန်ပြီးပြောပြပေးမယ်နော်။ ပထမဦးဆုံး ဒီနေရာကကိုယ်နဲ့သိပ်ပြီး Flexible မဖြစ်ဘူးဆိုတာသိလိုက်ရင် စိတ်ကိုအတတ်နိုင်ဆုံးလျှော့ချထားပါတယ်။ ကောင်းတဲ့အတွေးတွေပဲ များများတွေးပါတယ်။ ကိုယ်ဘာတွေလုပ်ရင် ပျော်မလဲဆိုတာကို အရင်ရှာဖွေပါတယ်။ TD ဆိုရင်ရန်ကုန်ကလာပြီး Covid ကြောင့် ရွာမှာပဲပိတ်မိနေပါတယ်။ သေချာတာတော့ နှစ်လလောက် ပိတ်မိတော့လေ။ အဲ့တော့ ကိုယ်ဒီမှာနေရင် ဘာတွေလုပ်ရမလဲဆိုတာ စပြီး စဉ်းစားရပြီ



အမှန်တော့ TD အတွက်ရွာမှာ ဒီလောက်အကြာကြီးနေရတာက ဘယ်လိုမှတော့အဆင်မပြေဘူးလေ။ အနေအထိုင်၊ အစားအသောက်၊ ရာသီဥတုအခြေနေအားလုံးက ရန်ကုန်နဲ့ တစ်ခြားစီပါ။ ရွာမှာဆိုရင် မနက် (၄) နာရီဆို အိပ်ယာထကြပါတယ်။ အဲ့မှာစတွေ့တာပါပဲ
ကိုယ်က ၈ နာရီ ၉ နာရီမှ ထတဲ့သူ။ ပြီးတော့ ၉ နာရီခွဲဆိုရင် နေ့လည်စာစားကြပါတယ်။ ညနေဆိုရင်တော့ (၄) နာရီဆို ညနေစာစားပြီး ည (၈) နာရီကျော်လောက်ဆိုရင် အိပ်ကြပါပြီ။ မိသဒ္ဓါလေးစပြီးတိုင်ပတ်ပါပြီ။ ရွာမှာ ၃ ရက် လောက်ပဲနေမယ်ဆိုပြီး လာတဲ့လူက အခုရွာမှာ (၃) လလောက်နေရမယ့်အခြေအနေကိုရောက်လာပါပြီ။ မနက်အိပ်ယာထတာနဲ့ အိပ်ယာဝင်တာက TDမှမဟုတ်ဖူး ရန်ကုန်ကလူတွေ တော်တော်များများနဲ့လဲ အဆင်ပြေလိမ့်မယ်မထင်ဘူးနော်။ ပြီးတော့ မနက် (၇) နာရီထတဲ့ TD တစ်ယောက် ရွာကစျေးကိုဘယ်တော့မှ မမီခဲ့ပါဘူး။ (၇) နာရီဆိုရင် စျေးထဲမှာ စားစရာအကုန်ကုန်ပါပြီ။ အဲ့တော့ စျေးသွားပြီး မုန့်စားချင်တယ်ဆိုရင် မနက် ၆နာရီအမီ ရအောင်ထရပါတယ်။ ကိုယ်ကမစားဘူး အငတ်ခံပြီး အိပ်မယ်ဆိုရင်တော့ အိပ်ပေါ့လေ။



နောက်တစ်ခုက အိပ်ချိန်ပါ။ ညဉ့်နက်သန်းခေါင်ထိ မအိပ်ပဲနေတဲ့ကိုယ်တွေအတွက်တော့ အကြီးမားဆုံးအလွဲကြီးတစ်ခုပါပဲ။ ည ၉နာရီအိပ်ဖို့ဆိုတာက ဘယ်လိုမှကိုကျင့်သားမရနိုင်ပါဘူး။ တော်တော်လေးကို ကြိုးစားပြီးနေရပါတယ်။ မအိပ်ချင်လဲ အိပ်၊ မထချင်လဲ ထကိုထရပါတယ်။ လာပါပြီ အစားကောင်းအသောက်ကောင်း ကြိုက်လွန်းတဲ့ TD နှင့် ရွာကအစားအသောက်များပါ
ကြက်သား၊ ဝက်သားဆိုတာ သတ်ဖြတ်မှစားရတော့ ဒီမှာအဲ့လိုအသားစားရတဲ့နေ့ကရှားပါတယ်။ ငါး၊ ပုဇွန်တွေတော့အဝစားပေါ့။ တစ်ခြားဟင်းခက် အမယ်တွေ စုံစုံလင်လင်မရှိတော့ ပင်လယ်စာတွေရှိပေမယ့်လည်း ရခိုင်ချက်ကလွဲလို့ ရန်ကုန်ကလိုချက်ပြုတ်ဖို့ဘယ်လိုမှမလွယ်ကူလှပါဘူး။ အခုအချိန်မှာ ရေခဲမုန့်လေး၊ အအေးလေးတစ်ခွက်သောက်လိုက်ချင်တာတော့ TD ရဲ့အတောင်းတဆုံး ဆန္ဒပါ


မိုးတွင်းမလို့ ရေကန်အထိအဝေးကြီးသွားပြီး ရေခပ်စရာမလိုတာကိုလည်း ကြံဖန်ပြီး ကျေးဇူးတင်ရပါသေးတယ်။ နောက်တစ်ခုက ကိုယ်ပျော်စေမယ့် အရာတွေကိုစဉ်းစားပြီးလုပ်ပါဆိုတဲ့ အချက်ပေါ့။ Stay At home ဖြစ်သွားတဲ့ကာလမှာ ကံကောင်းတဲ့တစ်ချက်က ဒီမှာနေရင် တောတောင်တွေ၊ ကျွန်းတွေကိုသွားလည်လို့ရတာပါပဲ။ ဒါကတော့ ယူတို့ မနာလိုဖြစ်စေမယ့် အချက်ပေါ့
ဒီပုံကတော့ အရမ်းကိုရွာသူအသက်ဝင်သွားပါပီ
ရွာက Stay at home ကာလကြီးကို TD ကတော့ ကောင်းကောင်းအသုံးချနေပြီလေ။ ဖုန်းလိုင်းမိတဲ့နေရာလဲဖြစ်တဲ့အတွက် Online ကနေ Class တွေတက်ဖြစ်တယ်။ စာတွေပိုရေးဖြစ်လာတယ်။ ကိုယ့်ကိုကို လူရော စိတ်ရောအနားပေးဖို့အချိန်ာလာတယ်ဆိုပြီး စိတ်ထားလိုက်တော့ နေရတာက သူ့အလိုလိုအဆင်ပြေလာပါတယ်။ အဓိကကတော့ Positive Thinking လို့ခေါ်တဲ့ ကောင်းတဲ့အတွေးပါ။ မကောင်းတဲ့ဘက်ကပဲ တွေးနေရင် လူရော စိတ်ရော နှစ်ခါပင်ပန်းရပါတယ်။ နောက်တစ်ခုက ကိုယ်နဲ့အမြဲမြင်တွေ့ ဆက်ဆံပေါင်းသင်းရမယ့်သူတွေနဲ့ လိုက်လျောညီထွေဖြစ် အောင်နေခြင်းပါပဲ။ ဒီနေရာမှာ ကိုယ်ကမာနကြီးပြီး ချေမိုးနေလို့မရပါဘူး။ ချစ်တဲ့စိတ်လေးနဲ့နေရပါတယ်။ အကုန်လုံးအပေါ် ချစ်တဲ့စိတ် အကောင်းမြင် စိတ်လေးထားလိုက်တော့ အရာအားလုံးက ကိုယ်နဲ့တစ်သားတည်းဖြစ်သွားတာကိုတွေ့ရမှာပါ။ ကိစ္စတစ်ခုကို မပြေဘူး မပြေဘူးဆိုပြီးထိုင်ပြောနေလို့ အဆင်ပြေသွားမှာမဟုတ်ပါဘူး။ ဘယ်နေရာရောက် ရောက် လူတိုင်းက ကိုယ့်ကိုချစ်လာအောင်၊ အကုန် လုံးနဲ့ ပြောဆိုနေထိုင်ရတာ အဆင်ပြေအောင် ကြိုးစားနေရပါတယ်။ လူဆိုတာ မွေးကတည်းက ပတ်ဝန်းကျင်နဲ့နေလာရတာဖြစ်တဲ့အတွက်ကြောင့် အကုန်လုံးနဲ့ အဆင်ပြေအောင်နေထိုင်ခြင်းဟာလည်း ကောင်းတဲ့အချက်တစ်ချက်ပါ။ မနေရင် ကောဘာဖြစ်လဲ တစ်ယောက်တည်းလည်း ဖြစ်တယ် ဆိုတဲ့သူတွေကတော့ တစ်ပိုင်းပါ။ ရွာကလူတွေအတွက် ဗဟုသုတရစရာတွေ ပြောပြပေးပါ။ ကိုယ်ကရန်ကုန်ကလာတဲ့သူဖြစ်တဲ့အတွက် သူတို့အတွက်ကတော့ အထင်ကြီးစရာတစ်ခုပါ။ ဒေသခံတွေနဲ့ စကားများများပြောပါ။ ကိုယ်မသိတာတွေလည်း အများကြီးလေ့လာမှတ်သားလို့ရမှာပါ။ ကိုယ်ကကြီးပဲ သိတယ် တတ်တယ်ဆိုပြီးမနေပါနဲ့။ ကိုယ်မသိတာတွေအများကြီးပါ။ ရောက်တုန်းရောက်ခိုက် အဲ့ဒီအရာတွေကိုလေ့လာပါ။ TD ဆိုအခုရွာမှာ တော်တော်ပျော်နေပါပြီ။ ကလေးတွေနဲ့ ဂေါ်လီပစ်စားနေလို့လဲ တော်တော်နိုင်နေပါပြီ


ချစ်ဖို့ကောင်းတဲ့ရွာဓလေ့လေးတွေနဲ့ TD တို့ရွာလေးအကြောင်းကတော့ Blog တစ်ခုတင်ပေးမှာဖြစ်တဲ့အတွက် စောင်ကြည့်ပြီး အားပေးကြပါဦးနော်။ စိတ်ဝင်စားဖို့ကောင်းမှာ အသေအချာပါ။
ပြောချင်တာတွေအရမ်းများပေမယ့် စာရှည်ရင်သိပ်မဖတ်ချင်ကြတော့ ဒီလောက်နဲ့ပဲရပ်လိုက်ပါတယ်နော်။ အဓိကပြောချင်တာကတော့ ဘယ်နေရာပဲသွားသွား ချစ်တဲ့စိတ်၊ အကောင်းမြင်စိတ်လေးနဲ့ သွားကြဖို့ပါပဲ။ အကောင်းမြင်တတ်ပြီး ကိုယ်စိတ်လေးအေးချမ်းနေရင် ဘယ်နေရာကြည့်ကြည့် အလှတရားတွေကို သင်ကိုယ်တိုင်မြင်တွေ့ခံစားရမှာပါ။ နောက်တော့မှ TD နှင့် သူ၏ရွာက အလွဲများဆိုပြီး အခွီ Postတစ်ခုထပ်တင်ပေးဦးမယ်
အားလုံးပဲ ကိုယ့်အိမ်ထဲမှာပဲ Stay at homeနေရင်း ကမ္ဘာကြီးပြန်လို့ နေကောင်းလာရင် နောက်ထပ်သွားမယ့်ခရီးတွေအတွက် အားတင်းထားကြရအောင်နော်။ Be Safe Everyone
-
ENTERTAINMENT
Sisyphus: The Myth
-
FOOD
ချင်းလူမျိုးတို့ရဲ့ ဆာဘူးသီး
-
LIFE&TREND
အဆီပြန်ပြီး ဝက်ခြံထွက်လွယ်သူတွေ အသားအရေကို ဘယ်လိုထိန်းသိမ်းမလဲ
-
SOCIAL
မြန်မာ့အရေးတွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်၏ မတ်လအတွင်း ထုတ်ပြန်ချက်များစုစည်းမှု
-
SPORTS
အောင်လပွဲ အောက်တိုဘာ ၃၀ သေချာပြီ !!! 💥💥💥💥
-
TECH
Apple မှ Iphone 12 မိတ်ဆက်ရောင်းချမည့်ရက်ကို ကြေညာ
-
TRAVEL
ဆင်များ အစာရှားပါးလာမှုကြောင့် မန်းရွှေစက်တော် မန်းချောင်း ဆင်စခန်းမှာ ကိုဗစ်စည်းကမ်းများနဲ့ အညီ ဆင်စာကျွေးရင်း လာရောက်လည်ပတ်နိုင်
Ranking
1. လူကြိုက်အမျာဆုံး Mask အဖြစ်ရပ်တည်နေတဲ့ The SAEM ရဲ့ O2 Bubble Mask
2. Plus Size တွေအတွက် အဝတ်အစားဝယ်ယူဖို့အဆင်ပြေစေမယ့် ရန်ကုန်မြို့က ဆိုင် (၄) ဆိုင်
3. ရန်ကုန်ရဲ့ အလှပဆုံး ကော်ဖီဆိုင်လေးတစ်ဆိုင်ကို ရှာနေပါသလား ဒါဆိုရင်တော့ ဒီနေရာဖြစ်ပါလိမ့်မယ်
4. ဟော့ပေါ့နဲ့ အကင်ကို ၇၇ဝဝ ဆိုလို့သွားစားခါမှ မျက်လုံးပြုးပြီးပြန်လာရတဲ့အဖြစ်
5. ရိုးသားစွာ ကြက်သားစားနိုင်ကြပါစေ

アンケート登録
YANGON STYLE ではアンケートモニターを募集しています(無料)。
စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း
Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........
登録メールマガジン登録
YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。
အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း
Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။
登録広告掲載について
YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。
ကြော်ငြာကဏ္ဍ
YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။
お問い合わせ
Error: API requests are being delayed for this account. New posts will not be retrieved.
Log in as an administrator and view the Instagram Feed settings page for more details.