2020.06.24FOOD
ဗီယက်နမ်လူမျိုးတွေရဲ့ ရိုးရာအစားအစားများရတဲ့ ဆိုင်လေးတစ်ဆိုင်

ဒီဆိုင်လေးကတော့ ဗီယပ်နမ်လူမျိုးတွေရဲ့ ရိုးရာဆိုင်လေးတစ်ဆိုင်ဖြစ်ပါတယ်။ ရန်ကုန်မြို့ရဲ့ အချက်အချာဖြစ်တဲ့ ဆူးလေဘုရားနဲ့ သိပ်မဝေးတဲ့ နေရာမှာ တည်ရှိတာလည်း ဖြစ်ပါတယ်။
ဆိုင်နာမည်လေးက Sai Gon Pho ဖြစ်ပါတယ်။ Menu ကို လှန်ကြည့်လိုက်တော့ ဗီယက်နမ်ရိုးရာ သီးသန့်ဆိုင်လေးတစ်ဆိုင်ဖြစ်ပြီး ဗီယက်နမ်အစားအစာများနဲ့ သောက်စရာမျိုးစုံ ရပါတယ်။
ဗီယက်နမ်လူမျိုးကိုယ်တိုင် အကြံပြုထားတဲ့ စားစရာတွေ ရွေးချယ်စားဖြစ်ခဲ့ပါတယ်။ ဗီယက်နမ်ကလည်း ခေါက်ဆွဲနဲ့ နာမည်ကြီးတဲ့ နိုင်ငံတစ်ခုဖြစ်ပြီး အခု Spicy beef noodle soup ဆိုရင် ဆန်ခေါက်ဆွဲ၊ အသားနဲ့ ဟင်းသီးဟင်းရွက်ကို ပြုတ်ထားတဲ့ ခေါက်ဆွဲပြုတ်ဆိုရင် ချဉ်စပ်လေးလုပ်ထားပြီး အရွက်နဲ့ အစပ်အရသာကို ထိန်းစားလို့ရတာ ဖြစ်ပါတယ်။
Broken rice with grill pork ကလည်း မြန်မာလူမျိုးတွေနဲ့ သိပ်မစိမ်းတဲ့ အစားအစာတစ်ခုပါပဲ။ ထူးခြားသွားတာက ဗီယက်နမ်ရိုးရာ စားဖွယ်နဲ့ ပေါင်းစပ်ထားတာပါ။ ထမင်းပူ၊ ကင်ထားတဲ့ ဝက်သားနဲ့ လိုက်ဖက်တဲ့ ချဉ်လေးတွေနဲ့ စုံနေပါတယ်။
ဆိုင်ရောက်ရင် မဖြစ်မနေစားသင့်တဲ့ အရာတစ်ခုရှိနေပါတယ်။ Spring roll prawn ဖြစ်ပါတယ်။ Chicken Vegetable နဲ့လည်း ရပါတယ်။ ပုဇွန်နဲ့ မှာလိုက်ပါတယ်။ ပုဇွန်အကောင်လိုက်နဲ့ ပြုလုပ်ထားပြီး တစ်ကိုက်ဆို တစ်ကိုက် အရသာရှိပါတယ်။ ၄၅၀၀ ကျပ် ဖြစ်ပါတယ်။

Chocolate နဲ့ Cheese နဲ့ ရောစပ်ထားတဲ့ အအေးကလည်း Vietnamese Vibe ရမယ့် သောက်စရာတစ်ခုပါပဲ။



ဆိုင်လေးက ခေတ်မှီဆိုင်လေးတစ်ဆိုင်ဖြစ်ပါတယ်။ ဆိုင်လေးကလည်း လူငယ်ကြိုက်အရောင်ဖြစ်လို့ ဓာတ်ပုံရိုက် ဝါသနာပါတဲ့သူတွေအနေနဲ့လည်း ဓာတ်ပုံလှလှလေးတွေရမှာ အမှန်ပါပဲ။

Budget 3000~9000
ဆိုင်လိပ်စာလေးကတော့
Sai Gon Pho
(Vietnamese food & Drink)
No.62/A, Yaw Min Gyi (York) Road, Dagon Township, Yangon, Myanmar
Opening Hours : 7:00 Am to 9:00 Pm
Ph no : 09-761802553, 09-890493260
#SaiGonPho
#Vietnamesefood
By : Nay
-
ENTERTAINMENT
Penthouse:War in life Season2 စတင်ထုတ်လွှင့်ပြသမည့်ရက်ကို SBS မှ အတည်ပြုကြေညာ
-
FOOD
ချင်းအရသာစစ်စစ်တွေနဲ့ ချင်းပြည်နယ်ကိုခေါ်ဆောင်သွားမယ့် ဆိုင်လေးတစ်ဆိုင်
-
LIFE&TREND
Penshoppe’s promotion
-
SOCIAL
COVID ဒုတိယလှိုင်းတွင် နိုင်ငံခြားကုန်သွယ်မှု ဒေါ်လာ ၂ ဒသမ ၃ ဘီလီယံကျော်ကျဆင်း
-
SPORTS
အောင်လပွဲ အောက်တိုဘာ ၃၀ သေချာပြီ !!! 💥💥💥💥
-
TECH
Apple မှ Iphone 12 မိတ်ဆက်ရောင်းချမည့်ရက်ကို ကြေညာ
-
TRAVEL
ပင်လယ်ပြင်မှ နိဗ္ဗာန်ဘုံလေး ဆိတ်ကျွန်း
Ranking
1. လူကြိုက်အမျာဆုံး Mask အဖြစ်ရပ်တည်နေတဲ့ The SAEM ရဲ့ O2 Bubble Mask
2. Plus Size တွေအတွက် အဝတ်အစားဝယ်ယူဖို့အဆင်ပြေစေမယ့် ရန်ကုန်မြို့က ဆိုင် (၄) ဆိုင်
3. ရန်ကုန်ရဲ့ အလှပဆုံး ကော်ဖီဆိုင်လေးတစ်ဆိုင်ကို ရှာနေပါသလား ဒါဆိုရင်တော့ ဒီနေရာဖြစ်ပါလိမ့်မယ်
4. ဟော့ပေါ့နဲ့ အကင်ကို ၇၇ဝဝ ဆိုလို့သွားစားခါမှ မျက်လုံးပြုးပြီးပြန်လာရတဲ့အဖြစ်
5. ရိုးသားစွာ ကြက်သားစားနိုင်ကြပါစေ

アンケート登録
YANGON STYLE ではアンケートモニターを募集しています(無料)。
စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း
Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........
登録メールマガジン登録
YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。
အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း
Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။
登録広告掲載について
YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。
ကြော်ငြာကဏ္ဍ
YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။
お問い合わせ