fb_icon

bnr_tob_1

2020.01.31TRAVEL

$250နဲ့ဗီယက်နမ်တောင်မြောက်တခွင်ဖြဲဖြဲစင်ခဲ့ခြင်း

ဒီစာက၁၁ရက်တာကာလအတွင်းဗီယက်နမ်တောင်မြောက်ခရီးသွားခဲ့တဲ့အခါမှာ ရောက်ခဲ့တာတွေ ကုန်ကျမှုတွေ အတွေ့အကြုံတွေကိုပြောပြမယ့်ဟာပါ။အဲပိုက်ဆံလောက်ပဲစုပီးဗီယက်နမ်သွားပါလို့ပြောတဲ့ဟာမဟုတ်သလို ကိုယ်တိုင်ကုန်ကျခဲ့တာကိုပြန်ပြောရင်းကိုယ်လိုbudgetခရီးသွားတွေကိုဒီစာကနေတစ်ခုခုရသွားစေချင်ရုံပါ။အသွားအပြန်လေယာဉ်လက်မှတ်ကတော့ထည့်မရေးတော့ဘူး ဘာလို့လဲဆိုတော့ Hanoiကဝင်ပီး Hochiminhကပြန်ထွက်ကြသလို Hanoiကနေပဲပြန်တာမျိုးလည်းရှိတော့လေ။

Vietnamမြောက်ကနေတောင်အထိမြို့တွေတည်နေပုံကဒီလိုပါ။မြို့တွေရှိပုံသေချာမသိရင်လွန်းထိုးနေမှာစိုးလို့။
Sapa<Hanoi<NinhBinh<Hue<Danang<HoiAN<Dalat<MuiNe<Saigon
ဒါကခရီးသွားအလာများဆုံးမြို့တွေပါ။ဗီယက်နမ်မြေပုံကရှည်လမျောပုံစံဆိုတော့ကမ်းရိုးတန်းတစ်လျှောက်မြို့တွေကအစဉ်လိုက်ကိုရှိနေတာမျိုးပါ။

ဗီယက်နမ်မှာကလည်ချင်စရာမြို့ကတော်တော်လေးများသလိုဗီဇာfreeရတဲ့14ရက်အတွင်းတစ်နိုင်ငံလုံးလည်ဖို့ဆိုတာဘယ်လိုမှမဖြစ်နိုင်ပါ။အဲတော့လည်ချင်တဲ့မြို့ကိုသေချာရွေးစေချင်ပါတယ်။ပုံမှန်အားဖြင့်နှစ်ပတ်ဆိုရင်5မြို့လောက်အေးဆေးလည်လို့ရပါတယ်။ကိုယ်ကျတော့အစကတည်းက မြောက်ပိုင်းကနေတောင်ပိုင်းတစ်လျှောက်သွားမယ် Hanoi Sapa NinhBinh HoiAN Saigon အဲဒီငါးနေရာသွားမယ်လို့တွေးထားတော့ခရီးကိုHanoiကနေပဲစခဲ့တယ်။

Hanoi

-မြောက်ပိုင်းရဲ့နေရာအတော်များများကိုသွားနိုင်တဲ့မိန်းပွိုင့်ပါ။Halong Bay Sapa Valley NinhBinh အဲနေရာတွေကိုHanoiကနေတစ်ဆင့်သွားရပါတယ်။Old Quarterမှာပဲတည်းကြမှာဆိုတော့ရောက်ရင်တစ်ရက်လောက်အချိန်ပေးပီးHanoi Old quarterထဲလျှောက်သွားပါ။mapsကြည့်ပီးလမ်းလျှောက်သွားပါ နာမည်ကြီးနေရာအတော်များများနီးနီးနားနားပါပဲ။
Halong Bay-1day tripရှိသလို တစ်ညအိပ်လည်းရှိပါတယ်။ချွေတာရမယ့်သူဆို 1daytripပဲသွားပါ။အပီးအစီး$40လောက်ရှိပါတယ်။ကိုယ့်တုန်းကမုန်တိုင်းရှိလို့cancelဖြစ်သွားတာမို့ ရာသီဥတုအခြေအနေသေချာမေးပါနော်။တည်းတဲ့နေရာမှာဝယ်လို့ရသလို travel&tourတွေအရမ်းပေါတာမို့ဘယ်မှာဝယ်ဝယ်လာကြိုပေးပါတယ်။

Hanoiရဲ့နာမည်ကျော် railway street
လုပ်တတ်လိုက်ပုံများနော် ဘာမှမဟုတ်တာကိုစိတ်ဝင်စားအောင်လုပ်ထားတတ်လိုက်တာ။သံလမ်းတစ်လျှောက် ကော်ဖီဆိုင်လေးတွေ ဓာတ်ပုံရိုက်ချင်စရာနေရာလေးတွေအများကြီးပဲ။
Hanoi old quarterတစ်ဝိုက်မှာပဲရှိလို့ ခရီးသွားတွေနေကြတဲ့old quarterကနေလမ်းလျှောက်လို့ရပါတယ်။ရထားလာတာကိုမြင်ချင်ရင်တော့အချိန်တော့စောင့်ရမယ်။

Hanoi old quarterက dong xuan marketမှာ ဒေသစာတွေ Phoအပြင်ဘာတွေစားကြသေးလဲစပ်စုကြည့်တော့ မုန့်ဟင်းခါးနဲ့တူတဲ့ဟာလေးတွေ့တယ် ခရုတွေလည်းပါတယ် တော်တော်ကောင်းတယ် Dong xuan marketထဲကမုန့်စျေးတန်းလေးဝင်စပ်စုကြည့်အုံး စျေးလည်းသက်သာပီးစုံတယ်။ဒါဆို ဒေါင်40000

Hanoi ကဘုရားကျောင်းကြီး
old quarterမှာပဲရှိတာ

ဟိုချီမင်းစီးတီးက နာမည်ကျော်စာတိုက်မှာပါ။ခရီးသွားတွေရှုပ်ရှက်ခတ်နေသလို ဓာတ်ပုံလှလှရိုက်နိုင်ဖို့လုံးဝမမျှော်လင့်ထားပါနဲ့။District1မှာပဲရှိလို့ backpackerတွေအနေများတဲ့Bui Vien streetပတ်ဝန်းကျင်ကနေ Post Office,Notre Dame Cathedral,Book Streetအဲဒါတွေကိုလမ်းလျှောက်သွားလို့ရတယ်

Sapa

Hanoiကနေtourဝယ်သွားလိုက်တယ်။tourဆိုပေမယ့်တစ်ယောက်တည်းပဲသွားရတာပါ။သူတို့ကကားလက်မှတ် အကြိုအပို့ homestay အစားအသောက် trekking guideစီစဉ်ပေးလိုက်ရုံပါပဲ။$50ဆိုတာတော်တော်တန်ပါတယ်။တစ်ညအိပ်နှစ်ရက်ပါ။အသေးစိတ်အောက်ကlinkမှာဖတ်လို့ရပါတယ်
https://www.facebook.com/886399875033908/posts/960776937596201/

Sapaတောင်ကြားဒေသကလည်းဗီယက်နမ်ရောက်ရင်မသွားမဖြစ်ပဲ ကြားဖူးနေကျနေရာတွေမသွားချင်ရင်အဲဒီကိုသွားဖို့တိုက်တွန်းပါတယ်

Sapa တောင်ကြားမှာtrekkingလုပ်ခဲ့တယ် အရှေ့တောင်အာရှမှာအလှဆုံးတောင်ကြားဒေသလေး hanoiကနေ8နာရီလောက်ကားစီးရတယ်

Sapaမြို့လယ်

လှတယ်ဆိုတာထက်ပိုတယ်

ဟိုချီမင်းပြည်သူ့ကော်မတီအဆောက်အအုံကြီး ပြင်သစ်လက်ရာနဲ့ဗိသုကာလက်ရာကခမ်းနားချက်ပဲ
post office ကိုလမ်းလျှောက်သွားမယ်ဆိုရင် လမ်းမှာသေချာပေါက်ဖြတ်ရမှာ

ဟိုချီမင်းအသွားလမ်းကရှုခင်း

Ninh Binh

ပုံမှန်အားဖြင့်Ninh Binhကို Hanoiကနေdaytripသွားကြပေမယ့်အေးအေးဆေးဆေးနေချင်လို့တစ်ညအိပ်ဖြစ်တယ်။Ninh Binhဆိုပေမယ့် NinhBinhမြို့ထဲမှာနေတာမဟုတ်ဘဲ သူ့ရဲ့နယ်ခွဲလေးဖြစ်တဲ့Tam Cocမှာနေခဲ့တာပါ။ကုန်းပေါ်ကHalong Bayလို့တင်စားကြတဲ့Tam Coc Senic Areaမှာပါ။Ninh Binhရဲ့အဓိကလည်မယ့်နေရာတွေရဲ့အနီးဆုံးမှာပါ။အဲကြောင့်Ninh Binhမှာညအိပ်မယ်ဆိုTam Cocကနေရာတွေကိုbookဖို့မမေ့ပါနဲ့နော်။Hanoiကနေကားနဲ့သွားရင်Tam Cocကိုအရင်ရောက်ပီး ကားလက်မှတ်ခ$8ပေးရပါတယ်။၂နာရီကျော်ကျော်ပဲကားစီးရပါတယ်။

ကုန်းပေါ်ကHalong Bayလို့တင်စားကြတဲ့နေရာပါ။Ninh Binhရဲ့ Tam Cocဆိုတဲ့ဒေသမှာရှိတာပါ။အဲတောင်ပေါ်ကျတော့တော်တော်တက်ရပေမယ့် Tam Coc ဒေသအလှကိုဒီတောင်ပေါ်တက်မှသာအပြည့်အဝခံစားရမှာပါ။အောက်မှာမြင်နေရတဲ့လယ်ကွင်းတွေကြားထဲကမြစ်ကလှေစီးကြတဲ့နေရာပါ။

Tam Cocကဆိတ်ငြိမ်အေးချမ်းမှုကိုခံစားရတဲ့ Bich Dong Pagoda and cave

HoiAn

NinhBinhကနေHoiAnကိုတိုက်ရိုက်ကားစီးလာခဲ့လိုက်တယ်။HoiAnတော့ဗီယက်နမ်အလယ်ပိုင်းရောက်သွားပီဆိုတော့နည်းနည်းတော့ဝေးပါပီ။အချို့ကျတော့Ninh BinhကနေHanoiပြန်ပီးအလယ်ပိုင်းကိုလေယာဉ်နဲ့သွားကြပါတယ်။ကားနဲ့စျေးအတော်ကွာပါတယ်နော် ကားစီးရင် ဒီညစီးနောက်နေ့မနက်ရောက်သွားတာပဲဆိုတော့ ဘာမှ အပန်းမကြီးပါဘူး။ ပီးတော့လည်းsleeper busကြီး စဉ်းစားလို့ရအောင်ပါနော်။ ကားခက၁၅၀၀၀ဝန်းကျင်ပဲရှိတာ။ လေယာဉ်စီးရင်တော့ ဒါနန်းကိုရောက်ပါတယ် Danangနဲ့HoiAnကမိနစ်သုံးဆယ်လောက်ပဲဝေးပါတယ်။HoiAnမှာလည်လို့ပီးရင်Danangသွားလည်လည်းရပါတယ်။ကိုယ်တော့ဒီခရီးမှာ Danangကိုskipလုပ်ထားတာမို့နီးလည်းမသွားခဲ့ပါဘူး။ကားနဲ့လာတုန်းကတော့Danangမြို့ထဲဖြတ်ခဲ့ရတာဆိုတော့ကမ်းရိုးတန်းနဲ့တောင်တွေနဲ့သာယာပါတယ်။အချိန်ရရင်သွားလို့ရပါတယ် အရမ်းcrowdဖြစ်ပါတယိ။HoiAnမြို့ထဲမှာတော့လမ်းလျှောက်ပီးဟိုဒီလျှောက်ကြည့်ငေးပါ ရှေးတုန်းကတရုတ်မြို့ထဲလျှောက်သွားနေရသလိုဖြစ်နေလိမ့်မယ် တီးလုံးသံငြိမ့်ငြိမ့်လေးတွေကလမ်းတိုင်းဖွင့်ထားတာဆိုတော့တရုတ်ကားထဲရောက်နေသလိုပဲ။

HoiAnရဲ့အိမ်အဝါလေးတွေကြားမှာလျှောက်သွားလိုက် ကော်ဖီဆိုင်လေးထိုင်လိုက် ညစျေးပတ်လိုက် လက်ဆောင်ပစ္စည်းတွေလျှောက်ကြည့်လိုက်နဲ့ HoiAnရဲ့သုံးရက်ကလောက်တောင်မလောက်ချင်ဘူး။ HoiAnမြို့ကကျဉ်းကျဉ်းလေးဆိုတော့လမ်းလျှောက်သွားဖို့အဆင်ပြေတယ်။

HoiAnညအလှ

HoiAnမှာမြစ်ထဲလှေစီးတော့ မီးမျှောလို့ရအောင်မီးကြာလေးတွေပေးတယ် လှေခတစ်ယောက်ဗီယက်နမ်ငွေ70000

ဒီလိုမီးပုံးတွေဆိုတာ HoiAnရဲ့အမှတ်အသားတွေပေါ့ ဒါကြောင့်လည်းသူ့ကို Lattern cityလို့ခေါ်ပီး လှတဲ့မြို့ဆိုပီးဆုတွေလည်းအကြိမ်ကြိမ်ရထားတဲ့မြို့ပါ

Hoi anကဆိုင်ဝါလေးတစ်ခု HoiAnကလက်ဆောင်ပစ္စည်းဆိုင်တွေအသေပေါတယ်လို့ပြောရမလား ဗီယက်နမ်တစ်နိုင်ငံလုံးမှာHoiAnမှာအပေါဆုံးပဲ ပီးတော့ဆိုင်လှလှလေးတွေချည်းပဲ

HoiAnဆိုတာလမ်းဘေးထိုင်ရိုက်ရင်ကိုလှတာမျိုး

တစ်မြို့လုံးဘယ်နေရာကြည့်ကြည့် ချစ်ဖို့ကောင်းနေရော

ဆိုက်ကားလေးတွေစီးပီးလျှောက်ပတ်ကြည့်လို့လည်းရတယ်
HoiAnရဲ့ အိမ်ဝါဝါလေးတွေရှိတဲ့old townက စက်တပ်ပစ္စည်းဝင်လို့မရတဲ့နေရာဆိုတော့ စက်ဘီးနဲ့ ဆိုက်ကားလေးတွေပဲဝင်ခွင့်ပေးထားတယ်

Mua Cave ပေါ်ကတောင်ပေါ်မှာမိုးတွေမသည်းလာခင် ကြည်ကြည်လင်လင်လေးမြင်ရတဲ့ခဏ
ဗီယက်နမ်မြောက်ပိုင်းကရာသီဥတုကပုံမမှန်တော့ မိုးရွာချင်လည်းရွာတယ် အရမ်းအေးချင်လည်းအေးလာပြန်ရော။ကိုယ်ရောက်သွားတဲ့အချိန်မှာတော့မုန်တိုင်းရှိလို့တဲ့ Halong Bayထဲသင်္ဘောမသွားဘူး အဲတော့ မရောက်ခဲ့ရဘူးပေါ့

Tam Cocမှလှေစီးတာ ဂူအောက်ကိုလည်းဖြတ်ဝင်တယ်
ဘားအံဆဒ္ဒန်ဂူမှာလိုပေါ့

ဟိုချီမင်းက သွားလည်သင်တဲ့ booking street
Post officeနဲ့ကပ်ရက်ဖြစ်ပီး Notre Dame Cathedralနဲ့လမ်းတစ်ဖက်တစ်ချက်

HoiAnရဲ့နာမည်ကျော် ရှေးဟောင်းဂျပန်တံတား

စားကြည့်ခဲ့သင့်တဲ့ HoiAn streetfood

ဗီယက်နမ်ရောက်ရင်မစားမဖြစ် Banh Mi
စျေးအသက်သာဆုံးအစားအသောက်ဖြစ်ပီး ကျန်းမာရေးနဲ့လည်းညီညွတ်တယ်။ကိုယ်အဲမှာအများဆုံးစားခဲ့တဲ့မနက်စာ

Hochiminh city

ဗီယက်နမ်တောင်ပိုင်းဆင်းရတော့မှာဆိုတော့HoiAnကနေHochiminhကိုကားနဲ့18နာရီလောက်စီးရပါတယ်။ရန်ကုန်ကနေနယ်ပြန်ရင်18နာရီဆိုတာကစီးနေကြဆိုတော့ ကားနဲ့ပဲသွားပါတယ်။sleeper busကိုမြန်မာငွေ30000လောက်ရှိပါတယ်။လမ်းမှာ Dalat MuiNeစတဲ့မြို့တွေဖြတ်ရတာဆိုတော့အဲမြို့တွေမှာလည်ချင်တယ်ဆိုလည်းရပါသေးတယ်။နေ့လည်လောက်ကြီးဟိုချီမင်းရောက်ပါတယ်။District1ကခရီးသွားတွေနေကြတဲ့နေရာပါ။Bui Vien walking streetပတ်ဝန်းကျင်မှာနေပါ အရမ်းစည်ပါတယ်။Walking tourတွေfree joinလို့ရပေမယ့် ကိုယ့်ဟာကိုယ်ပဲမြေပုံနဲ့ပတ်ပါ နီးပါတယ်။Mekong Deltaတို့ Cu Chi Tunnelတို့သွားချင်ရင် သူတို့ဆီကtourလေးတွေဝယ်ပီးjoinလို့ရပါတယ်။ကိုယ်တော့အဲဒါတွေသိပ်မသွားချင်တာနဲ့ မြို့ထဲလျှောက်ကြည့် ကော်ဖီဆိုင်လေးတွေပတ်ထိုင်ဖြစ်တယ်။

hochiminhက cafe apartmentတဲ့ တစ်တိုက်လုံးကော်ဖီဆိုင်လေးတွေချည်းပဲ ဟိုချီမင်းပြည်သူ့ကော်မတီအဆောက်အအုံကြီးရှေ့ရင်ပြင်လမ်းမှာပဲရှိတာ ညဆိုလမ်းတစ်ခုလုံးစည်ကားနေတာပဲ Nguyen Hue walking streetလို့လည်းခေါ်တယ်

vietnamရောက်ရင် မသောက်မဖြစ် drip coffee

Mui Neမြို့ကိုကားနဲ့အဖြတ် mui neရဲ့နာမည်ကြီးရွှေဝါရောင်သဲကန္တာရ

Tips
-Hanoi airportကနေold quarterကို airport shuttle bus 86စီးလို့ရသလို မြို့ထဲကလေဆိပ်ကိုစီးချင်ရင်လည်းHoan Kiem lakeနားမှာရှိပါတယ်။mapsမှာ airport taxi standလို့ရှာရင်ရှိတယ်။
-Hochiminh cityမှာလည်းBui Vien streetနားမိန်းလမ်းပေါ်ကနေairport busစောင့်စီးလို့ရပါတယ်။109ကိုစီးပါ။
-သွားရင်းလာရင်း ဖုန်းအားကုန် wifiမိချင်တာမျိုးဆို Circle Kကိုဝင်ပါ။အရမ်းသဘောကျတဲ့minimart နေရာတိုင်းမှာကိုရှိတာ။
-ဗီယက်နမ်ငွေစစသုံးချင်းဆိုရင်အရမ်းခေါင်းစားပါတယ် ဗီယက်နမ်ငွေ5သောင်းကို 2$နဲ့ပဲတွက်ပါ။
-ဗီယက်နမ်မှာဆိုင်ကယ်မတိုက်မိအောင်ဂရုစိုက်ပါ။
-အမဲသားမစားတတ်ရင်Phoမှာရင်သေချာမှာပါ
-flight ticketကYGN-Hanoiဆိုရင်8သောင်းဝန်းကျင်ရှိပီး YGN-Hochiminhကတော့တိုက်ရိုက်ဆိုရင်150000ဝန်းကျင်ရှိပီး 1stopနဲ့ဆို120000ဝန်းကျင်လောက်ရှိပါတယ်။

Hostelတွေမှာပဲတည်းတော့စရိတ်စကချွေတာမိတာပေါ့နော်

မြစ်ရဲ့ဟိုဘက်ကမ်းမှာညစျေးရှိတယ် ညနေခင်းမြစ်ကမ်းမှာထိုင်ရတာဇိမ်ပဲ

ဗီယက်နမ်ကြက်ဥကော်ဖီ အရသာမညှီဘူးရယ်

Sapaမြို့လယ်

ဗီာက်နမ်ရဲ့sleeper busတွေ အဝေးကြီးစီးရလည်းသက်တောင့်သက်သာရှိတယ် ကိုယ်တော့ဗီယက်နမ်တခွင်ကားနဲ့ပဲပတ်ခဲ့တာ စျေးလည်းသက်သာတယ် အခြားမြို့တွေကိုလည်းမြင်ရတယ်
photo-credit

တစ်မြို့ချင်းစီထပ်ရေးပေးပါအုံးမယ် ကျေးဇူးပါ

တစ်မြို့ချင်းစီသီးသန့်ကိုထပ်ရေးပေးပါ့မယ်။ဒါကတော့တစ်နိုင်ငံလုံးခြုံငုံသွားခဲ့တာကိုရေးလိုက်ပါတယ်။သိချင်တာရှိရင်လာမေးလို့ရပါတယ်

Photo-tripod

Credit : https://www.facebook.com/zanflyingsolo

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img