fb_icon

bnr_tob_1

2019.10.22TRAVEL

အရှေ့တောင်အာရှ အလှနတ်သမီး Vietnam မှာ မရောက်မဖြစ်လည်ပတ်သင့်သော နေရာများ

မြန်မာနိုင်ငံကနေ နီးနီးနားနား ပေါ့ပေါ့ပါးပါး သွားရောက်လည်ပတ်နိုင်တဲ့ ဗီယက်နမ်ဆိုတာ သဘာဝ တောတောင် အလှအပများ

ဥရောပဆန်ဆန် အဆောက်အဦးများ

Golden Bridge လို ဖန်တီးထားသော Tourist Attraction များ

ကျန်မာရေးနဲ့ အထူးသင့်လျော်တဲ့ ဗီယက်နမ်အစားအစာများ

သက်သာသော ငွေကြေးနှုန်းထားများ စတာတွေကြောင့် အာရှမှ မဖြစ်မနေ လည်ပတ်စရာ နိုင်ငံအဖြစ် နာမည်ကျော်လှပါတယ်။

ဒါကြောင့် မရောက်ဖူးရမဖြစ်ရလေအောင် ပိတ်ရက်အားလပ်ရက်တွေမှာ ခရီးစဉ်ထွက်ဖို့ Vietnam ကို ဘယ်နေရာတွေကို သွားရောက်လည်ပတ်သင့်လဲဆိုတာကို ပြောပြပေးလိုက်ပါတယ်။

Golden bridge

ဗီယက်နမ်ရဲ့ အဓိက မြို့တစ်မြို့ဖြစ်တဲ့ Danang မှာ2018 June လက စတင်ဖွင့်လှစ်ပြီး မီတာ ၁၅၀ အရှည်ရှိတဲ့ Golden Bridge ကတော့ နိုင်ငံတကာ ခရီးသွားတွေ စိတ်ဝင်တစားလာရောက်အလည်ပတ်ဆုံး Vietnam ရဲ့ နေရာသစ်တစ်ခုဖြစ်ပါတယ်။

Halong bay

UNESCO မှအသိအမှတ်ပြုထားတဲ့ Halong Bay ကတော့ သဘာဝအလှများ စုဝေးရာ ဗီယက်နမ်နိုင်ငံရဲ့ အမှတ်အသား တစ်ခုပဲဖြစ်ပါတယ်။

Ba Na Hill

Ba Na Hill မှာဆိုရင်တော့ အရှည်ဆုံး တစ်ခုဖြစ်တဲ့ Cable ကားကို စီးနှင်းနိုင်မှာဖြစ်ပြီး တောင်ထိပ်မှာတော့ ကမ္ဘာမှာ တတိယ အကြီးဆုံးဖြစ်တဲ့ ကစားကွင်း ရှိနေပါတယ်။
ပြင်သစ်စတိုင် French Village ကတော့ တကယ့်ဥရောပကို ရောက်သွားသလို ခံစားရမှာဖြစ်ပါတယ်။ ပြင်သစ်ကိုလိုနီခေတ်က ပြင်သစ်ဘုရင်မနေထိုင်ခဲ့တဲ့နေရာလည်း ဖြစ်ပါတယ်နော်။ Bana တောင်ပေါ်မှာ ပဲ တည်ထားကိုးကွယ်ထားတဲ့ ဆုတောင်းပြည့် ထိုင်တော်မူ Linh Ung Pagoda ကို ဖူးမြော်နိုင်ပါသေးတယ်။

Hoi An

ဟွေ့အန်းဆိုတဲ့ ရှေးဟောင်း မြို့လေးကတော့ တရုတ်ရိုးရာ အိမ်ပုံစံလေးတွေ နှင့် ချစ်ဖို့ကောင်းနေပြီး ဗီယက်နမ်နာမည်ကျော် Coffee Shop များ Bar များ ဈေးဆိုင်လေးတွေနဲ့အတူ စည်ကားလျက်ရှိပါတယ်။ Ancient Street ကတော့ ညဘက်တွေမှာ ရိုးရာမီးပုံးလေးတွေနဲ့ အင်မတန်လှပတဲ့နေရာတစ်ခုဖြစ်ပြီး နိုင်ငံတကာခရီးသွားတွေနဲ့ အသက်ဝင်လှပနေပါတယ်။

Hochi Minh Mausoleum

ဗီယက်နမ်နိုင်ငံရဲ့ အထူးလေးစားချစ်ခင်ရသော နိုင်ငံရေးခေါင်းဆောင် ဟိုချီမင်း၏ ရုပ်ကလာပ် တည်ရှိရာ သွားရောက်လေ့လာလည်ပတ်သင့်တဲ့ နေရာတစ်ခုဖြစ်ပါတယ်။

Temple of Literature

ဗီယက်နမ်နိုင်ငံရဲ့ ပထမဆုံး တက္ကသိုလ်လည်းဖြစ် ဗီယက်နမ်စာပေ စတင်ပေါ်ထွန်းရာ နေရာလည်းဖြစ်တဲ့ Temple of Literature မှာတော့ စာမေးပွဲကံကောင်းစေဖို့ လာရောက်ဆုတောင်းလေ့ရှိပါတယ်။

Thien Chung Cave

Thien Chung Cave ဆိုတာနှစ်ပေါင်းရာချီ သက်တမ်းရှိ ကျောက်ခက်ပန်းဆွဲတွေနှင့်အတူ သဘာဝအတိုင်း အံ့မခန်း တည်ရှိနေတဲ့ ဗီယက်နမ်နိုင်ငံရဲ့ ဂုဏ်ယူဖွယ် အထင်ကရနေရာတစ်ခုဖြစ်ပါတယ်။

အခုပြောပြခဲ့တဲ့နေရာတွေကတော့ ဗီယက်နမ်လာရောက်လည်ပတ်တဲ့ ခရီးသွားတွေကြား မရောက်မဖြစ်နေရာတွေအဖြစ်ကို ကျော်ကြားလျက်ရှိပါတယ်။

Vietnam #Tour #Asia

By : TT

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img