fb_icon

bnr_tob_1

2019.12.02LIFE&TREND

မြန်မာပြည်ဆောင်းရာသီအတွက် limited edition အဖြစ်ထွက်ရှိလာတဲ့ Vaseline Super Food Skin Serum

ဆောင်းရာသီမှာ အသားအရေတွေဟာ ခြောက်သွေ့လွယ်တာမို့ပိုမိုဂရုစိုက်ဖို့လိုအပ်ပါတယ်တယ်။ ဆောင်းတွင်းလို အချိန်မျိုးမှာဆို ပိုမိုခြောက်သွေ့တတ်တဲ့ အသားအရေကို ရေဓါတ်ပြည့်ဝတဲ့ Lotion, serum, oil တွေကို လိမ်းပေးဖို့အထူးလိုအပ်ပါတယ်။ ဒါပေမယ့် ကျွန်မတို့ မြန်မာနိုင်ငံရာသီဥတု အနေနဲ့ကြည့်ပြန်ရင်လည်း ရန်ကုန်လို ဒေသမျိုးတွေမှာ မနက်ပိုင်းနဲ့ ညပိုင်းလောက်မှ အချမ်းပိုတတ်ပြီး နေ့ခင်းပိုင်းတွေမှာ အပူဒဏ်ကရှိနေပါသေးတယ်။ ဒါကြောင့်မို့ အဆီဓါတ်ပါဝင်မှုများပြားတဲ့ Lotion ပြစ်ပြစ်တွေလိမ်းဖို့ ဆိုပြန်တော့လည်း Aircon ခန်းမှာ အချိန်ပြည့်အလုပ်လုပ်ရတဲ့သူမဟုတ်ရင် အဆင်မပြေလှပါဘူးနော်။ ရေဓါတ်ပါဝင်မှုမြင့်မားပြီး အသားအရေအတွင်း လျင်မြန်စွာစိမ့်ဝင်နိုင်တဲ့ jel type အလှကုန်တွေကသာ ပိုမိုအဆင်ပြေပါတယ်။

Vaseline Myanmar က ၂၀၁၉ မြန်မာပြည်ဆောင်းရာသီအတွက် New Product အနေနဲ့ အထူးထုတ်လုပ်ထားတဲ့ Superfood skin serum လေးကတော့ မြန်မာပြည်ဆောင်းတွင်းနဲ့ ကွက်တိကျလို့နေပါတယ်နော်။ Serum ဖြစ်တာမို့ ပုံမှန် Lotion တွေထက် ၃ဆလောက်ကိုပြုပြင်ထိန်းသိမ်းနိုင်စွမ်းရှိသလို အသီး ရနံ့လေးတွေက စိတ်ကို တက်ကြွလန်းဆန်းနေစေမှာပါ။ Jelly Type လေးဖြစ်တာမို့ စည်းကပ်မှုလည်း လုံးဝမရှိပဲ လွယ်ကူလျင်မြန်စွာ အသားထဲကို စိမ့်ဝင်နိုင်တဲ့အတွက် အဆင်ပြေပါတယ်။လိမ်းထားပြီးတဲ့အချိန်မှာလည်း အေးမြပေါ့ပါးပါတယ်။ ၃နာရီလောက်အထိ မွှေးရနံက ကြာရှည်ခံသလို ၈နာရီလောက်ကို အစိုဓါတ်ထိန်းပေးထားတာကိုတွေ့ရပါတယ်။
ရွေးခြယ်ဖို့ရာ အနံ့အရောင် ၃မျိုးထုတ်လုပ်ထားပါတယ်။

Green Tea – သူ့ရဲ့အာနိသင်ကတော့ ရေဓါတ်ပါဝင်မှုများပြားပြီး Antioxiant ပါဝင်တာမို့ လူကြိုက်များပါတယ်။

Citrus – လန်းဆန်းစေတဲ့ ချိုချိုချဉ်ချဉ် ရနံ့လေးနဲ့ဖြစ်ပြီး အသားအရေကို ကြည်လင်ဝင်ပစေပါတယ်။

Cranberry – Collegen ပါမှုကို အလေးပေးထားတာအကြောင့် အသားအရေကို စိုပြေတင်းရင်း ဖြူဖွေးစေမှာဖြစ်ပါတယ်။

ဈေးနှုန်းလေးကတော့ လူတန်းစားမရွေးတတ်နိုင်တဲ့ 200mL တစ်ဗူးကို 4600ဝန်းကျင်သာ ကျသင့်ပါတယ်နော်။ နီးစပ်ရာ Supermarket တိုင်းမှာ ဝယ်ယူရရှိနိုင်ပါတယ်။
Vaseline Super Food Skin Serum လေးကို Vaseline Myanmar မှ limited edition အဖြစ်ကို သင့်တင့်တဲ့ ဈေးနှုန်းလေးနဲ့ ထုတ်လုပ်လိုက်တာကတော့ မြန်မာပြည်ဆောင်းရာသီအတွက် ဆုလက်ဆောင် တစ်ခုပဲဖြစ်ပါတယ်။

Vaseline_Myamnar #Vaseline_Superfood_Skin_Serum #Lotion #Winter #Limited_edition #Health #Beauty #Customer_honest_Feedback #TT

By : TT

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img