bnr_tob_1

2021.04.07SOCIAL

မြန်မာ့ အရေးတွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်၏ ဖေဖော်ဝါရီလအတွင်း ထုတ်ပြန်ချက်များစုစည်းမှု

လတ်တလော ဖြစ်ပေါ်နေသော မြန်မာ့ အရေးတွင် အမေရိကန် နိုင်ငံမှ အလေးထား  ေဆာင်ရွက်လျက် ရှိတာကို တွေ့ရပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်ကလည်း မြန်မာ့အရေးနှင့် ပတ်သတ်ပြီး သဘောထား ထုတ်ပြန်ချက်များကို အချိန်နှင့်တပြေးညီ ထုတ်ပြန်လျက်ရှိပါတယ်။ ဖေဖော်ဝါရီလအတွင်း ထုတ်ပြန်ချက်များကို  ဘာသာပြန်စုစည်းတင်ပြပေးလိုက်ပါတယ်။

ဖေဖော်ဝါရီလ (၁)ရက်

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းခေါင်းဆောင်များအပါအဝင် အရပ်သားအစိုးရခေါင်းဆောင်အများအပြားကို မြန်မာစစ်တပ်ကဖမ်းဆီးထိန်းသိမ်းလိုက်သည့်သတင်းများကြောင့် အကြီးအကျယ် စိုးရိမ်သောကရောက်ရကြောင်း အမေရိကန်ပြည်ထောင်စုကပြောကြားလိုပါသည်။ အစိုးရတာဝန်ရှိသူအားလုံးနှင့် အရပ်ဘက်အဖွဲ့အစည်းခေါင်းဆောင်များကို ပြန်လွှတ်ပေးရန်နှင့် နိုဝင်ဘာ ၈ ရက် ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲတွင်ထုတ်ဖော်ပြသခဲ့ပြီးဖြစ်ကြသည့် မြန်မာနိုင်ငံသားများ၏ဆန္ဒကို လေးစားလိုက်နာရန် မြန်မာတပ်မတော်ခေါင်းဆောင်များကို တောင်းဆိုပါသည်။ အမေရိကန်ပြည်ထောင်စုသည် ဒီမိုကရေစီ၊ လွတ်လပ်မှု၊ ငြိမ်းချမ်းမှုနှင့်ဖွံ့ဖြိုးမှုကိုလိုလားသော မြန်မာနိုင်ငံသားများနှင့်အတူ ရပ်တည်လျက်ရှိပါသည်။ တပ်မတော်အနေဖြင့် ယခုကဲ့သို့သော ပြုမှုဆောင်ရွက်မှုများကို ချက်ချင်းနောက်ပြန်ဆုတ်ရမည်ဖြစ်သည်။ 

ဖေဖော်ဝါရီလ (၁၁)ရက်

မြန်မာနိုင်ငံအတွင်း စစ်အာဏာသိမ်းမှုနှင့်ဆက်နွှယ်သည့် တာဝန်ရှိသူများနှင့် လူပုဂ္ဂိုလ်အဖွဲ့အစည်းများကို သတ်မှတ်ခြင်း

ဖေဖော်ဝါရီလ ၁ ရက်နေ့က မြန်မာနိုင်ငံ၏ အသစ်ရွေးကောက်တင်မြှောက်ခံထားရသော လွှတ်တော်မစတင်မီ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်၊ အရပ်ဘက်လူမှုအဖွဲ့အစည်းခေါင်းဆောင်များ၊ သတင်းသမားများနှင့်လူ့အခွင့်အရေးလှုပ်ရှားသူများအပါအဝင် အရပ်သားအစိုးရခေါင်းဆောင်များစွာကို တပ်မတော်ကဖမ်းဆီးထိန်းသိမ်းခဲ့သည်။ ဤသည်မှာအာဏာသိမ်းမှုတစ်ရပ်ဖြစ်ကြောင်း မိမိတို့ရှင်းရှင်းလင်းလင်းသိပြီးဖြစ်သည့်အတိုင်း မိမိတို့အနေဖြင့် ဒီအတိုင်းထိုင်ကြည့်နေမည်မဟုတ်ပါ။ ဤအာဏာသိမ်းမှုသည် နိုဝင်ဘာ ၂၀၂၀ ရွေးကောက်ပွဲအတွင်း ပြသခဲ့ကြသည့် မြန်မာနိုင်ငံသားတို့၏ဆန္ဒကိုငြင်းပယ်ရန်ကြိုးပမ်းခြင်းဖြစ်သည်။ ဖေဖော်ဝါရီ ၁ ရက်မှစတင်၍ မြန်မာနိုင်ငံသားများသည် ငြိမ်းချမ်းစွာဆန္ဒပြခြင်း၊ လုပ်ငန်းခွင်မသွားဘဲသပိတ်မှောက်ခြင်းတို့ဖြင့် ၎င်းတို့၏ ဒီမိုကရေစီအတွက်ထားရှိသော သန္နိဋ္ဌာန်ကို ပြသနေခဲ့ကြသည်။ အမေရိကန်ပြည်ထောင်စုကလည်း ၎င်းတို့နှင့်အတူရပ်တည်ပါသည်။ 

အဆိုပါအာဏာသိမ်းမှုကိုဦးဆောင်ခဲ့သော လက်ရှိတပ်မတော်အရာရှိများနှင့် ယခင်တပ်မတော်အရာရှိ ခြောက်ဦးတို့ကိုဒဏ်ခတ်ပိတ်ဆို့ရန်ထုတ်ပြန်သတ်မှတ်ခြင်းဖြင့် အမေရိကန်ပြည်ထောင်က ယနေ့တုံ့ပြန်လိုက်သည်။ ယင်းအပြင် အသစ်ဖွဲ့စည်းလိုက်သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်လေးဦးနှင့် တပ်မတော်ကထိန်းချုပ်သော သို့မဟုတ် ပိုင်ဆိုင်သော လုပ်ငန်းအဖွဲ့အစည်းသုံးခုကိုလည်း ဒဏ်ခတ်ပိတ်ဆို့ရန်ထုတ်ပြန်သတ်မှတ်လိုက်သည်။ ဤသို့ထုတ်ပြန်သတ်မှတ်ခြင်းများသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီနည်းကျရွေးကောက်တင်မြှောက်ခံထားရသော အစိုးရကိုဖယ်ရှားရာတွင် အဓိကဦးဆောင်ခဲ့သည့် လက်ရှိနှင့်ယခင်တပ်မတော်အရာရှိများကို ပစ်မှတ်ထားခြင်းဖြစ်သည်။ ဤသည်မှာ မြန်မာပြည်သူလူထု သို့မဟုတ် ပြည်သူလူထု၏စီးပွားရေးကို ပစ်မှတ်ထားခြင်းမဟုတ်ပါ။ မြန်မာပြည်သူလူထု၏ လူသားချင်းစာနာမှုဆိုင်ရာ အခက်အခဲမဖြစ်ပေါ်စေရန် မိမိတို့အသေအချာပြည်လည်သုံးသပ်ဆောင်ရွက်ခဲ့ပါသည်။ ဤသို့ထုတ်ဖော်သတ်မှတ်မှုများသည် မြန်မာနိုင်ငံအတွင်းအခြေအနေများနှင့်စပ်လျဉ်းသောပိုင်ဆိုင်မှုထိန်းချုပ်ကန့်သတ်ခြင်းဆိုင်ရာ သမ္မတအမိန့်အသစ်အရ ဆောင်ရွက်ခြင်းဖြစ်သည်။

တပ်မတော်၏လုပ်ရပ်များကို ကမ္ဘာတစ်လွှားရှိ မိတ်ဖက်နိုင်ငံများ၊ မဟာမိတ်များနှင့်အတူ မိမိတို့ကန့်ကွက်ရှုတ်ချပါသည်။ မြန်မာနိုင်ငံသားများက အမှန်တကယ်ရွေးကောက်တင်မြှောက်ထားသော လွှတ်တော်ကိုယ်စားလှယ်များ၊ ဤအာဏာသိမ်းယူမှုကို ငြိမ်းချမ်းစွာကန့်ကွက်ဆန္ဒပြနေကြသူအားလုံးနှင့်အတူ မိမိတို့ရပ်တည်ပါသည်။ တပ်မတော်အနေဖြင့် ၎င်းတို့၏အာဏာကိုစွန့်လွှတ်ရမည်၊ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသောအစိုးရ ပြန်လည်အသက်ဝင်စေရမည်၊ မတရားဖမ်းဆီးထိန်းသိမ်းထားသူအားလုံးကို ပြန်လွှတ်ပေးရမည်၊ ဆက်သွယ်ရေးနှင့်လူမှုကွန်ရက်မီဒီယာအပေါ် ကန့်သတ်ထားမှုများကို ဖယ်ရှားပေးရမည်၊ အကြမ်းဖက်ခြင်းမှ ရှောင်ရှားရမည်။ ယနေ့အရေးယူဆောင်ရွက်မှုသည် ဒီမိုကရေစီနှင့်လူ့အခွင့်အရေးကိုရှာဖွေနေသော မြန်မာပြည်သူလူထုကို အားပေးထောက်ခံကြောင်း ရှင်းရှင်းလင်းလင်းပေးပို့လိုက်သည့် သတင်းစကားဖြစ်ပါသည်။

ဖေဖော်ဝါရီလ (၁၉)ရက်

“ ယူနိုက်တက်ကင်းဒမ်းနဲ့ကနေဒါတို့ကနေပြီး မြန်မာနိုင်ငံအတွင်း အာဏာသိမ်းမှုအတွက်တာဝန်ရှိသူတွေကို အရေးယူဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်လိုက်တဲ့အတွက် အမေရိကန်ပြည်ထောင်စုက ကြိုဆိုပါတယ်။ တာဝန်ယူမှု၊ တာဝန်ခံမှုကို မြှင့်တင်မယ့် သတင်းစကားတစ်ရပ်ကို နိုင်ငံတကာအသိုင်းအဝိုင်းကနေပြီး ညီညီညာညာနဲ ဝိုင်းဝန်းပေးပို့ကြဖို့လည်း ကျွန်တော်တို့တိုက်တွန်းပါတယ်။ ဒီမိုကရေစီနည်းကျ‌ ရွေးကောက်တင်မြှောက်ထားတဲ့အစိုးရကို အာဏာပြန်ပြီး ပေးကိုပေးရပါမယ်။

ဖေဖော်ဝါရီလ (၂၁) ရက်

နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင် — “သူတို့ဒီမိုကရေစီ နည်းကျရွေးကောက်တင်မြှောက်ထားတဲ့အစိုးရကို အာဏာပြန်လည်အပ်နှင်းဖို့ တောင်းဆိုနေကြတဲ့ မြန်မာပြည်သူလူထုအပေါ် အကြမ်းဖက်မှုတိုက်ခိုက်မှု ကျူးလွန်နေကြသူတွေကို အမေရိကန်ပြည်ထောင်စုက ခိုင်မာတဲ့အရေးယူမှုတွေ ဆက်ပြီးလုပ်ဆောင်သွားမှာဖြစ်ပါတယ်။ မြန်မာပြည်သူလူထုနဲ့အတူ ကျွန်တော်တို့ရပ်တည်နေပါတယ်။

ဖေဖော်ဝါရီလ (၂၂) ရက်

စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်ပြီး ဒီမိုကရေစီနည်းကျအုပ်ချုပ်မှု၊ ငြိမ်းချမ်းမှုနှင့် တရားဥပဒေစိုးမိုးမှုပြန်လည်ရရှိရေးအတွက် ရဲရင့်သောသတ္တိ၊ သန္နိဋ္ဌာန်တို့နှင့်အတူ နိုင်ငံတစ်နံတစ်လျားမှ ထွက်ပေါ်လာကြသောမြန်မာပြည်သူလူထုနှင့်အမေရိကန်ပြည်ထောင်စုက ခိုင်ခိုင်မာမာ တညီတညွတ်တည်း ရပ်တည်ပါသည်။ လူလေးဦးသေဆုံးပြီး ၄၀ ကျော်ဒဏ်ရာရရှိစေခဲ့သော လက်နက်မဲ့ဆန္ဒပြသူများအပေါ် လုံခြုံရေးတပ်ဖွဲ့များ၏ ရက်ရက်စက်စက်တိုက်ခိုက်မှုကို မိမိတို့ ကန့်ကွက်ရှုတ်ချပါသည်။ ရာနှင့်ချီသော နိုင်ငံရေးသမားများ၊ လူ့ခွင့်အရေးကာကွယ်စောင့်ရှောက်သူများနှင့် ငြိမ်းချမ်းစွာဆန္ဒပြသူများကို ဆက်လက်ဖမ်းဆီးထိန်းသိမ်းနေခြင်းအတွက်လည်း မိမိတို့ ကန့်ကွက်ရှုတ်ချပါသည်။ အမေရိကန်ပြည်ထောင်စုသည် ပြည်သူလူထုအပေါ်အကြမ်းဖက်မှုကို လက်မခံသည့်အကြောင်း မိမိတို့၏ မိတ်ဖက်များ၊ မဟာမိတ်များနှင့်အနီးကပ်လက်တွဲ ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှုနှင့်အတူ စစ်တပ်ကိုအထူးအလေးပေးပြောကြားလိုပါသည်။ 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှစ်ဦးဖြစ်သော မောင်မောင်ကျော်နှင့်မိုးမြင့်ထွန်းတို့ကို ဒဏ်ခတ်အရေးယူသည့်စာရင်း၌ ယနေ့ထပ်မံထည့်သွင်းခြင်းဖြင့် အမေရိကန်ပြည်ထောင်စုက တုံ့ပြန်လိုက်ပါသည်။ ဤသို့ဒဏ်ခတ်အရေးယူမှုစာရင်း၌ ထည့်သွင်းခြင်းသည် Section 1(a)(iii)(A) of Executive Order (E.O.) 14014 “မြန်မာနိုင်ငံအတွင်းအခြေအနေနှင့်စပ်လျဉ်း၍ပိုင်ဆိုင်မှုထိန်းချုပ်ကန့်သတ်ခြင်း” သမ္မတအမိန့်အရ ဆောင်ရွက်ခြင်းဖြစ်ပါသည်။ 

စစ်တပ်နှင့်ရဲတပ်ဖွဲ့အနေဖြင့် ငြိမ်းချမ်းစွာဆန္ဒပြနေသူများအပေါ်တိုက်ခိုက်နေမှုအားလုံးရပ်တန့်ရန်၊ မတရားဖမ်းဆီးထိန်းသိမ်းထားသူအားလုံးချက်ချင်းပြန်လွှတ်ပေးရန်၊ သတင်းသမားများနှင့် တက်ကြွလှုပ်ရှားသူများအပေါ် ခြိမ်းခြောက်တိုက်ခိုက်နေမှုများရပ်တန့်ရန်နှင့် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသောအစိုးရကို အာဏာပြန်ပေးရန် မိမိတို့တောင်းဆိုလိုက်သည်။ အာဏာသိမ်းခေါင်းဆောင်များနှင့် ဤအကြမ်းဖက်မှုများအတွက် တာဝန်ရှိသူများကို တာဝန်ခံမှု၊ တာန်ယူမှုရှိစေရေး တိုးမြှင့်လုပ်ဆောင်နိုင်ရန်အတွက် မိမိတို့သည် နိုင်ငံတကာမိတ်ဖက်များနှင့်အတူ ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းဆောင်ရွက်မှုတစ်ရပ်ကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။ ပြည်သူလူထု၏ဆန္ဒအား အကြမ်းဖက်၍နှိမ်နှင်းမှု ကျူးလွန်သူများကို ထပ်မံတိုးမြှင့်အရေးယူရန်အတွက် မိမိတို့လက်တွန့်နေမည်မဟုတ်ပါ။ မြန်မာပြည်သူလူထုအတွက် မိမိတို့၏အားပေးထောက်ခံမှုကလည်း ယိမ်းယိုင်သွားမည်မဟုတ်ပါ။ 

ဖေဖော်ဝါရီလ (၂၆)ရက်

“မြန်မာနိုင်ငံအတွင်း စစ်အာဏာသိမ်းမှုအတွက် တာဝန်ရှိသူများအပေါ် ယူကေနိုင်ငံ၏ ထပ်မံအရေးယူဒဏ်ခတ်ခြင်းကို အမေရိကန်ပြည်ထောင်စုက ချီးကျူးအားပေးပါသည်။ မြန်မာနိုင်ငံအတွင်း ငြိမ်းချမ်းစွာဆန္ဒပြသူများအပေါ် မကြာသေးမီကအကြမ်းဖက်မှုအတွက် တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရန် တိုးမြှင့်လုပ်ဆောင်ခြင်းနှင့် တုံ့ပြန်ခြင်းကို နိုင်ငံတကာအသိုင်းအဝိုင်းက ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သည်” 

နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်

By : TT

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img
This error message is only visible to WordPress admins

Error: API requests are being delayed for this account. New posts will not be retrieved.

Log in as an administrator and view the Instagram Feed settings page for more details.