2020.12.24TRAVEL
ထားဝယ်ကို ကိုယ့်ဟာကိုယ် လျှောက်လည်ချင်တဲ့ သူတွေအတွက် ထားဝယ်လမ်းညွှန်(Ultimate Dawei Travel guide) စာအရမ်းရှည်ပါတယ် နောက်မှ အေးဆေးဖတ်လို့ရအောင် saveထား(သို့)shareထားပါ

Part1
ကမ်းခြေတွေလည်ပတ်ခြင်း (ထားဝယ်မြို့ပေါ်တည်းသူတွေအတွက်)
ထားဝယ်ကိုစရောက်ပီဆိုပါတော့ (တည်းမယ့်ကိစ္စ ရန်ကုန်ကလာတဲ့ ကားကိစ္စ အကြံပေးချက်တွေ ဟိုးအောက်ဆုံးမှာရှိပါတယ်) အဲ့တော့ ကမ်းခြေမြင်ချင်ပီ ဘယ်ကိုအရင်သွားရမလဲဆိုတော့ ရွေးချယ်စရာ လမ်းကြောင်း နှစ်ခုရှိပါတယ် (ဒီနေရာမှာ ကမ်းခြေက ဘန်ဂလိုတွေ resortတွေမှာ တည်းမယ့်သူတွေကတော့ စဉ်းစားစရာမလိုပါဘူး မိမိတည်းခိုမယ့်နေရာကို ကားငှါးပီးတန်းသွားလို့ရပါတယ်)

1 (ခရီးပန်းလာတဲ့သူတွေအတွက်ပါ)
ထားဝယ်ရဲ့landmarkဖြစ်တဲ့မောင်းမကန်ကမ်းခြေလမ်းကြောင်းဘက်အရင်သွားပါ
ထားဝယ်ရောက်ရင်စားပစ်မယ်လို့အားခဲထားတဲ့ပင်လယ်စာတွေအတွက်မောင်းမကန်မှတပါးအခြားမရှိပါ
မောင်းမကန်ကနေ မျှော်ရစ်ဘုရား၊ ရေပူစမ်းတခါထဲ သွားလို့ရပါတယ် အဲဒီလမ်းကြောင်းကတော့ အချိန်လည်းသိပ်မပေးရဘူး နေ့တစ်ဝက်လောက်ဆိုရင် ရပီမလို့ ကျန်တဲ့အချိန် မြို့ပေါ်ဘုရားတွေ လျှောက်သွားလို့ရပါတယ်။ အဲ့လမ်းကြောင်းကော အောက်က ညွှန်ထားတဲ့ လောင်းလုံမြို့ဘက်လမ်းကြောင်းရောဆို အချိန်လုနေရပီးအဆက်မပြေပါဘူး


2 (ရောက်တာနဲ့ဖလန်းဖလန်းထမယ်ဆိုသူတွေအတွက်)
Facebookပေါ်တွေ့နေရတဲ့ ရေကြည်ကြည်ကမ်းခြေတွေ beach hopping ဆိုတာတွေအတွက် သွားရမှာကတော့ လောင်းလုံမြို့ရှိတဲ့ လမ်းအတိုင်း တောက်လျှောက်သွားရတဲ့ ထားဝယ်ကျွန်းဆွယ်ပါ။ လောင်းလုံမြို့နားကနေ ဟိုးအောက်ဆုံး ရှင်မော်အငူအထိကို ကမ်းခြေတွေက အစီအရီရှိတာမျိုးပါ (ရှင်ကိုးရှင်ဘုရားဖူးလမ်းညွှန်အတွက် သီးသန့်အပိုင်းလည်းအောက်မှာရှိပါတယ်)

ကျွန်းဆွယ်တစ်လျှောက်သွားတာများတဲ့ ကမ်းခြေတွေကတော့
-ဖိုးဖိုးကျောက်ကမ်းခြေ
-ရှင်မော်ဘုရား
-မြင်းခွါအော်ကမ်းခြေ
-ဆင်ထောက်ကမ်းခြေ (ဘန်ဂလိုရှိပါတယ်)
-Myanmar Paradise Beach(ဘန်ဂလိုရှိပါတယ်)
-တီဇစ်ကမ်းခြေ
ကျွန်းဆွယ်အဆုံးဖြစ်တဲ့ ရှင်မော်ကမ်းခြေအရင်သွားပါ။ ပီးမှလမ်းတစ်လျှောက် မြင်းခွါအော်ကမ်းခြေ၊ ဖိုးဖိုးကျောက်ကမ်းခြေစသဖြင့် ဝင်လို့ရပါတယ် ဆင်ထောက်ကမ်းခြေတို့ Myanmar Paradise Beach တို့ကျတော့ သူတို့ဆီက ဘန်ဂလိုလေးတွေမှာ ညအိပ်တည်းရင်းသွားတာက ပိုအဆင်ပြေပါတယ်


နောက်ပီး ထားဝယ်ကျွန်းဆွယ်တစ်လျှောက် cruiseနဲ့ လျှောက်သွားတဲ့ tour packageတွေ ရှိပါတယ်။ ကားနဲ့သွားရတာ ပင်ပန်းတဲ့သူတွေအတွက် အဆင်ပြေပါတယ်။ လောင်းလုံမြို့နားက တီဇစ်ကမ်းခြေတို့ ပညစ်ကမ်းခြေတို့ ပဲ့စင်ကျွန်းတို့ကိုပို့ပေးတာပါ။ ရေမီးအစုံ daytripလေးပေါ့နော် Dawei Princess Cruiseနဲ့ Dawei Panorama tours(09781800181)မှာစုံစမ်းလို့ရပါတယ်။ ကြိုတင်စုံစမ်းဖို့လိုပါတယ်။ ထားဝယ်ကနေရှင်မော်အငူအထိကမိုင်၅၀ကျော်ရှိပီးလမ်းကောင်းပါတယ်

Part2
ထားဝယ်က ကျွန်းတွေလည်ခြင်း
မြိတ်ဘက်က ကျွန်းတွေလည်ရသလိုမျိုး ထားဝယ်မှာလည်း ကျွန်းတွေလည်လို့ရပါတယ် ကျွန်းတွေဖြစ်တဲ့အတွက် စက်လှေနဲ့သွားရတာဖြစ်လို့ tour package ဝယ်ရပါတယ်။ ဘုတ်ကျွန်းဘက်သွားတာပါ။ ရေငုပ်တာတွေအကုန်ပါတာမျိုးကို 80000 လောက်ကျပါတယ် အကုန်အပီးအစီးပေါ့နော်။ Dawei Princess Cruise နဲ့ Dawei Panorama Toursမှာစုံစမ်းလို့ရပါတယ်။ ကြိုတင်စုံစမ်းဖို့လိုအပ်ပါတယ်။

Part3
ရှင်ကိုးရှင်ဘုရားဖူးခြင်း
လူကြီးတွေတော်တော်များများကတော့ ရှင်ကိုးရှင်ဖူးချင်လို့အဓိကပါ။ လူငယ်တွေကတော့ ရှင်ကိုးရှင်မပြည့်လည်း beach hopping လုပ်တာကိုပိုကြိုက်ကြပါတယ်။ ရှင်ကိုးရှင်ဘုရားရှိနေပုံကဒီလိုပါ
ထားဝယ်မရောက်ခင်ရန်ကုန်-
ထားဝယ်လမ်းပေါ်မှာနှစ်ဆူရှိပါတယ်။ကလိန်အောင်မြို့က ကလိန်အောင်ဆံတော်ရှင်နဲ့ ထားဝယ်နဲ့နီးတဲ့မောင်မယ်ရှောင်ရွာက ရှင်ဓာတ်ဝဲဘုရားပါ
ထားဝယ်-မြိတ်ကားလမ်းပေါ်မှာနှစ်ဆူရှိပါတယ်။ထားဝယ်မြို့အလွန် ရှင်မုတ္တီးရွာက ရှင်မုတ္ထီးဘုရားနဲ့ သရက်ချောင်းမြို့က ရှင်တောင့်ပုံဘုရားတို့ပဲဖြစ်ပါတယ်
ထားဝယ်ကျွန်းဆွယ်အဆုံးမှာတော့မြတ်ရှင်မော်ဘုရားပေါ့နော်
မြို့ပေါ်မှာကတော့ ရှင်ပင်ခရုရယ် ရှင်ဥဩရယ်ရှိပါတယ်
မောင်းမကန်ဆင်းတဲ့လမ်းမှာက ရှင်တောက်ထိန် နဲ့ ရှင်ဇလွန်ရှိပါတယ်
-အဝေးဆုံးဘုရားနှစ်ခုဖြစ်တဲ့ ကလိန်အောင်ဆံတော်ရှင်နဲ့ မြတ်ရှင်မော်ဘုရားနှစ်ခုထဲက တစ်ခုကို အစောကြီးထသွားလိုက်ရင် ရှင်ကိုးရှင်ဘုရား ကိုတစ်နေ့ထဲဖူးလို့ရပါတယ် (ကိုယ်တိုင်လည်းအဲလိုသွားဖူးပါတယ်)
-တစ်နေ့ထဲမဖူးရလည်း ရတယ်ဆိုသူတွေကတော့ နှစ်ရက်လောက်အေးဆေးဖူးပါ။ မြတ်ရှင်မော်ဘုရားသွားပီး ထားဝယ်ကျွန်းဆွယ်တောက်လျှောက် ကမ်းခြေတွေလည်ရင်းနဲ့ပေါ့လေ


Part4
ကမ်းခြေကဘန်ဂလိုတွေမှာတည်းခြင်း
မောင်းမကန်ကမ်းခြေကresortတွေ
hotelတွေကတော့ တချို့မြို့ပေါ်မနေချင်တဲ့သူတွေ တော်တော်များများတည်းကြပါတယ် (ကိုယ်တိုင်လည်း ထားဝယ်ရောက်တိုင်း မောင်းမကန်က hotelတွေမှာပဲ တည်းဖြစ်ပါတယ်-ဟိုးအောက် တည်းခိုမယ့်အပိုင်းကျမှ ပြည့်ပြည့်စုံစုံrecommend လုပ်ပေးပါမယ်) ထားဝယ်မြို့ပေါ်နဲ့ မောင်းမကန်က မိနစ်၃၀ပဲဆိုတော့ အဲကနေတစ်ဆင့် ရှင်မော်လမ်းဘက် လျှောက်လည်လည်းရပါတယ်။ ကိုယ့်ကားနဲ့ကိုယ်လာတဲ့သူတွေအတွက် မောင်းမကန်ကိုrecommendလုပ်ပါတယ်

Myanmar Paradise Beach Bunglowsကတော့ဖိုးဖိုးကျောက်နဲ့နီးပါတယ် အောက်ကျောက်ဝပ်ရွာမှာပါ။တောထဲမှာပဲသူ့ဟာနဲ့သူတိတ်တိတ်ဆိတ်ဆိတ်ဘန်ဂလိုလေးတွေမလို့အဖွဲ့လိုက် မိသားစုလိုက်အတွက်အဆင်ပြေပါတယ်။အပြင်ပြန်ထွက်ဖို့ကတော့ခက်ပါတယ်
ဆင်ထောက်ကမ်းခြေကဘန်ဂလိုလေးတွေလည်းအဲလိုမျိုးလေးတွေပါပဲ သွားရတာနဲနဲပိုခက်ပါတယ် မိသားစုလိုက် အဖွဲ့လိုက်အတွက်ပိုအဆင်ပြေပါတယ်

Part5
မြို့ပေါ်ကလေ့လာစရာတွေနဲ့အခြားနေရာများ
-ထားဝယ်မြို့ပေါ်ကအိမ်ပုံစံလေးတွေထူးခြားပါတယ် လေ့လာကြည့်ပါ။
-ထားဝယ်ယဉ်ကျေးမှုပြတိုက် ရွှေတောင်စားစေတီဝင်းထဲရှိပါတယ် အမွေအနှစ်တွေအများကြီးမြင်ရပါလိမ့်မယ်
-ရေဖြူမြို့နယ် ကလုံးထာရွာမှာ တလိုင်းယာချောင်းအရမ်းလှပါတယ် ကျောက်တုံးကျောက်ဆောင်တွေနဲ့ တော်တော်လှတဲ့နေရာတစ်ခုပါပဲ အခုCBTလည်းလုပ်နေပါပီ
-ထန်းပင်တန်းလမ်း (မြိတ်ကားလမ်းပေါ်ကိုအထွက်လေးမှာပါ ထန်းပင်လေးတွေအစီအရီနဲ့လှပါတယ်)

Part6
Hiking & Camping
ထားဝယ်က ပင်လယ်ကမ်းရိုးတန်းမြို့ပေမယ့် အရမ်းလှတဲ့ တောင်တွေလည်း အများကြီးရှိပါတယ်။
-ကံပေါက်ဒေသကရေကန်တောင်ဆိုလည်းတောင်ပေါ်ရေကန်ကြီးနဲ့အရမ်းလှပါတယ်
-ထိုင်းနယ်စပ်ဘက်သွားတဲ့လမ်း မေတ္တာမြို့နယ်က ထင်းရှူးတောင်ဆိုလည်း ထင်းရှူးပင်တွေအများကြီးနဲ့တော်တော်လှပါတယ်
ထားဝယ်ရဲ့တောင်တွေ ပင်လယ်ကမ်းခြေတွေဘက်မှာCampingလုပ်ချင်ရင် Camp Around Dawei ကိုဆက်သွယ်လို့ရပါတယ်

Part7
တည်းခိုဖို့အတွက်
မြို့ပေါ်နဲ့ကမ်းခြေဆိုပီးနှစ်မျိုးရွေးလို့ရပါတယ်
မြို့ပေါ်
20000 to 40000
-New Light Hotel(05923951)
-New Power Hotel(0592023288)
-Hotel best house(09961312255)
-Ruby guest house(09422190490)
လက်လှမ်းမှီသလောက်ထည့်ပေးထားတာပါ ကိုယ်တိုင်တော့မတည်းဖူးပါ အများအဆင်ပြေတယ်လို့ပြောတာလေးတွေပါ ကျန်ခဲ့တဲ့hotelတွေ guesthouseတွေလည်းအများကြီးကျန်ပါသေးတယ်။
35000-70000
-Golden Guest hotel(05923335)
-Diamond Crown Hotel(05921117)
-Shwe Moe Hotel(09427788789)
-ဇေယျာထက်စံHotel(05923902)

ကမ်းခြေ
မောင်းမကန်ကမ်းခြေ
-Tanintharyi Hotel(sea viewနဲ့သူအမိုက်ဆုံးပါ)(35000လောက်ကစ)(09422201819)
-Dawei resort(နောက်အသစ်ဖွင့်တဲ့ရေကူးကန်နဲ့resortပါ စားဖို့သောက်ဖို့ကသိပ်အဆင်မပြေပါ)(75000လောက်ကစ)(09688999555)
-Miss Yamon Villa(seaviewတော့မဟုတ်ပေမယ့် သေးသေးကျစ်ကျစ်ခေါင်မိုးအချွန်လေးတွေနဲ့ဘန်ဂလိုလေးတွေပါ)(35000လောက်ကစ)(09258613544)
စျေးနှုန်းတွေကဟိုတယ်ကိုဖုန်းဆက်ပီးသေချာမေးစေချင်ပါတယ်
Part8
လည်ပတ်ဖို့နဲ့tour packageဝယ်ဖို့အတွက် Dawei Panorama Toursကိုဆက်သွယ်လို့ရပါတယ်။ဆိုင်ကယ် ကား သူ့ကိုဆက်သွယ်ငှါးရမ်းလို့ရပါတယ်
Part9
Yangon-Dawei Bus
-ရန်ကုန်-ထားဝယ်ကားတွေကတော့ standardနဲ့VIPဆိုပီးသုံးမျိုးရှိပါတယ်VIPကားတွေကတော့ မန္တလာမင်း/ရွှေမန္တလေး/မိုးကောင်းကင်/အန်တီဝင်းစသဖြင့်အများကြီးပါ VIPကားတွေကတော့ အစီးသင့်ဆုံးပါပဲ Standard တွေကတော့ budget အရမ်းချွေတာမှစီးပါ။ ကားလိုင်းတွေကတော့ အစုံပဲ မိုးကောင်းကင်နဲ့ အောင်ရတနာကတော့ အမြဲတမ်းစီးဖြစ်တဲ့ ကားတွေပါ။ အောင်ရတနာကတော့ အစီးများဆုံးပါ သူက စျေးလည်းအသက်သာဆုံး ဖြစ်ပါတယ် အခုက covid ကာလဆိုတော့ လက်မှတ်စျေးတွေက အမျိုးမျိုးပြောင်းနေတာမလို့ စျေးတော့မရေးပေးတော့ပါဘူး။
Part10
Dawei Itinerary
တချို့တွေကျတော့ လမ်းညွှန်တွေဖတ်လည်း စီစဉ်ပီးမသွားတတ်တဲ့ သူတွေရှိပါတယ်။ ဒါကတော့sample itineraryပါ။ ဥပမာ-ထားဝယ်ကို နှစ်ညအိပ်သုံးရက်လည်မယ့်သူဆိုပါတော့
Day1
Arrive-Hotel checkin-ထားဝယ်ကျွန်းဆွယ် (ရှင်မော်ဘုရား/ဖိုးဖိုးကျောက် etc…)-မောင်းမကန်ကမ်းခြေ (Cruiseတွေနဲ့သွားမယ်လို့ ကြိုတင်စီစဉ်ထားတဲ့သူကတော့ Cruiseပေါ့လေ)
Day2
ကလိန်အောင်ဆံတော်ရှင်-ကလုံးထာချောင်း-ဓာတ်ဝဲ-ရှင်တောင့်ပုံ-ရှင်မုတ္ထီး (Cruiseနဲ့package ထားဝယ်ကျွန်းဆွယ်က တခြားကမ်းခြေတွေလည်လို့ရပါတယ်)(ကျွန်းတွေဘက်လည်ချင်လည်းရပါတယ်)
Day3
မနက်အစောကြီး မောင်းမကန်ဆင်းချင်ဆင်း မြို့ထဲဘုရားတွေ လျှောက်လည် စျေးသွား မုန့်လျှောက်စား လက်ဆောင်ဝယ် လုပ်လို့ရပါတယ် ညနေကားနဲ့ပြန်ပေါ့ အဲလိုမျိုး
Part11
ထားဝယ်လက်ဆောင်ဝယ်မယ်
မြို့မစျေးထဲ ငါးခြောက်ငါးခြမ်း ဝယ်လို့ရပါတယ် ထားဝယ်ငါးမုန့်ကတော့ နာမည်ကြီးတယ် ထားဝယ် ရိုးရာထမိန်တွေလည်း ဝယ်သင့်ပါတယ် ရွှေတောင်စားဘုရားလမ်းက မလိငပိဆိုင်မှာတော့ လက်ဆောင်ပစ္စည်း အကုန်ရပါတယ်
Part12
စားမယ်သောက်မယ်
ပင်လယ်စာတွေအတွက်ကတော့
မောင်းမကန်ကဆိုင်တွေမှာ စားတာအဆင်ပြေပါတယ် ထားဝယ်မုန့် လက်သုပ်လည်းမစားမဖြစ်ပဲ (စားနေကျကတော့ ဘုမ္မော်ရပ်ကွက်က မအေးစိုးဆိုင်မှာ ကျန်တာကလည်း သူ့ဟာနဲ့သူကောင်းပါတယ် နီးစပ်ရာမေးကြည့်ပီးစားပါ)
ထားဝယ်မုန့်ဟင်းခါးတို့ ဝက်ခေါင်းလက်သုပ်တို့လည်း အရမ်းကောင်းပါတယ်။ မနက်ပိုင်းဆိုရင်တော့ လမ်းဆုံကြီးက မရှုကြည်ဆိုင်မှာ ထားဝယ်မုန့်ဟင်းခါး ကောင်းပါတယ်။ မရှုကြည်ဆိုင်အရှေ့မှာပဲ အခေါက်ကင်ဆိုင်ရှိတယ် (ထားဝယ်ရောက်တိုင်းစားတာ အရသာဘယ်နေရာနဲ့မှမတူ)။ လက်ဘက်ရည်ဆိုင်ဆိုရင်တော့ လမ်းဆုံကြီးမရှု ကြည်ဆိုင်နားကပဲ သဟာယကဖေးရှိပါတယ်။ နောက်ရွှေဝယ်သီရိအားကစားရင်ပြင်က Bamboo garden မှာလည်း ဆိုင်လှလှလေးဆိုတော့ စားရတာရော toiletတွေလည်း အရမ်းအဆင်ပြေပါတယ်။ DDPC shopping စင်တာဘေးမှာလည်း ဆိုင်တွေအများကြီးရှိပါတယ်။ မုန့်ခြောက်လိပ်ဆိုတဲ့ ထားဝယ်မုန့်တစ်မျိုးလည်း စားကြည့်ပါ ရွှေတောင်စားလမ်းမှာညဘက်ရောင်းပါတယ်။
လွတ်လပ်စွာမျှဝေနိုင်ပါတယ် စာနဲ့ပုံများကိုလုံးဝ(လုံးဝ)ကူးယူခွင့်မပြုပါ။
ကျေးဇူးတင်ပါတယ်
-
ENTERTAINMENT
Sisyphus: The Myth
-
FOOD
ချင်းလူမျိုးတို့ရဲ့ ဆာဘူးသီး
-
LIFE&TREND
အဆီပြန်ပြီး ဝက်ခြံထွက်လွယ်သူတွေ အသားအရေကို ဘယ်လိုထိန်းသိမ်းမလဲ
-
SOCIAL
မြန်မာ့အရေးတွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်၏ မတ်လအတွင်း ထုတ်ပြန်ချက်များစုစည်းမှု
-
SPORTS
အောင်လပွဲ အောက်တိုဘာ ၃၀ သေချာပြီ !!! 💥💥💥💥
-
TECH
Apple မှ Iphone 12 မိတ်ဆက်ရောင်းချမည့်ရက်ကို ကြေညာ
-
TRAVEL
ဆင်များ အစာရှားပါးလာမှုကြောင့် မန်းရွှေစက်တော် မန်းချောင်း ဆင်စခန်းမှာ ကိုဗစ်စည်းကမ်းများနဲ့ အညီ ဆင်စာကျွေးရင်း လာရောက်လည်ပတ်နိုင်
Ranking
1. လူကြိုက်အမျာဆုံး Mask အဖြစ်ရပ်တည်နေတဲ့ The SAEM ရဲ့ O2 Bubble Mask
2. Plus Size တွေအတွက် အဝတ်အစားဝယ်ယူဖို့အဆင်ပြေစေမယ့် ရန်ကုန်မြို့က ဆိုင် (၄) ဆိုင်
3. ရန်ကုန်ရဲ့ အလှပဆုံး ကော်ဖီဆိုင်လေးတစ်ဆိုင်ကို ရှာနေပါသလား ဒါဆိုရင်တော့ ဒီနေရာဖြစ်ပါလိမ့်မယ်
4. ဟော့ပေါ့နဲ့ အကင်ကို ၇၇ဝဝ ဆိုလို့သွားစားခါမှ မျက်လုံးပြုးပြီးပြန်လာရတဲ့အဖြစ်
5. ရိုးသားစွာ ကြက်သားစားနိုင်ကြပါစေ

アンケート登録
YANGON STYLE ではアンケートモニターを募集しています(無料)。
စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း
Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........
登録メールマガジン登録
YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。
အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း
Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။
登録広告掲載について
YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。
ကြော်ငြာကဏ္ဍ
YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။
お問い合わせ
Error: API requests are being delayed for this account. New posts will not be retrieved.
Log in as an administrator and view the Instagram Feed settings page for more details.