bnr_tob_1

2020.10.08SOCIAL

ကိုဗစ်လူနာကုသရေးစင်တာ အသစ်နှစ်ခုတွင် မကြာမီ လူနာများထားရှိကုသနိုင်တော့မည်

Fortune Plaza တွင် တည်ဆောက်ထားသော COVID-19 ကုသရေးစင်တာကို တွေ့ရစဉ် (ဓာတ်ပုံ − Fortune Plaza)

By မင်းလွင်

ကိုဗစ်လူနာများထားရှိ ရန် တိုးချဲ့ပြင်ဆင်လျက်ရှိသော  ကိုဗစ်ကုသရေးစင်တာနှစ်ခုအ နက် Fortune ပလာဇာမှာ ရာနှုန်း ပြည့် လုပ်ငန်းပြီးစီးပြီဖြစ်ပြီး အင်းလျားစင်တာမှာ ၉၅ ရာခိုင်နှုန်း အထိ ပြီးစီးပြီဖြစ်ကြောင်း တည်ဆောက်ရေးဆိုင်ရာ တာဝန်ရှိသူများက အတည်ပြုပြောကြား သည်။

အသစ်ထပ်မံတိုးချဲ့တည် ဆောက်လျက်ရှိသော ကုသရေးစင်တာနှစ်ခုလုံးသည် စင်တာတစ်ခုလျှင် ခုတင် ၅၀၀ ဆံ့ ပြင်ဆင် ထားသည့်အတွက် တည်ဆောက် ရေးလုပ်ငန်းအားလုံး ပြီးစီးပါက COVID-19 ရောဂါဓာတ်ခွဲ အ တည်ပြုလူနာ ၁,၀၀၀ အထိ လက်ခံကုသပေးနိုင်မည်ဖြစ်သည်။

YCC ကို  COVID-19 ကုသရေးစင်တာအဖြစ် တည်ဆောက်ထားသော အင်လျားစင်တာကို တွေ့ရစဉ် (ဓာတ်ပုံ − Inya Centre)


Fortune ပလာဇာ၌ ကုသရေးစင်တာအဖြစ် တည်ဆောက် ရေးလုပ်ငန်းများအား အဓိကတာဝန်ယူ ဆောင်ရွက်ပေးနေ သော We Love Yangon အဖွဲ့အထွေထွေအတွင်းရေးမှူး ဦးဇော်ဝင်းခိုင်က ‘‘ကျွန်တော်တို့ တည် ဆောက်ရေးနဲ့ပတ်သက်တဲ့ အတွင်းပိုင်းပြင်ဆင်မှုအားလုံး ပြီးပါပြီ။ အောက်တိုဘာ ၈ ရက်(ယနေ့)ဆိုရင် လူနာတွေစပြီး လက်ခံနိုင် တဲ့အနေအထား ဖြစ်ပါတယ်’’ဟု ပြောသည်။

ကုသရေးစင်တာတွင် ခုတင် ၅၀၀ ကျော် ထည့်သွင်းထားရာ  ယင်းအနက် အောက်ဆီဂျင်ပိုက် အသုံးပြုနိုင်သော ခုတင် ၂၀၀ ခန့်နှင့် အထူးကြပ်မတ်ကုသခန်း ခြောက်ခန်း ထည့်သွင်းပြင်ဆင် ထားကြောင်း ၎င်းက ရှင်းပြသည်။ ထို့အပြင် လူနာတစ်ဦးချင်းစီအ တွက် စောင်၊ ခေါင်းအုံးမှအစ  တစ်ကိုယ်ရေသုံးပစ္စည်းအမျိုး ပေါင်း ၃၀၊ စိတ်အပန်းပြေစေရန်  နံရံကပ်ပိုစတာများ၊ အားကစား ပြုလုပ်နိုင်သော နေရာများနှင့် ရုပ်သံတီဗီလိုင်းများပါ ချိတ်ဆက်ပြင် ဆင်ပေးထားသည်ဟု ဦးဇော်ဝင်း ခိုင်က ဆိုသည်။

‘‘အားလုံး အတွင်းထဲက ပစ္စည်းမပါ ပြင်ဆင်စရိတ် ကျပ်သိန်းငါးထောင်လောက် အကုန်အကျခံ ဆောင်ရွက်ထားပါတယ်။ အဓိကကတော့ အလှူရှင်တွေရဲ့လှူဒါန်းမှုနဲ့ အခုလိုတည်ဆောက် နိုင်တာလည်း ဖြစ်ပါတယ်’’ဟု ၎င်းက ပြောသည်။

အဆိုပါ ကုသရေးစင်တာ သည် ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်ရှိ Fortune Plaza မှ Myanmar Expo ခန်းမအား COVID-19 ကုသရေးစင် တာအဖြစ် အသုံးပြုရန် လှူဒါန်း ထားခြင်းဖြစ်သည်။

ထို့အပြင် ရန်ကုန်ကွန်ဗင်း ရှင်းစင်တာ(YCC)ကို ကမ္ဘောဇဘဏ်နှင့် ရွှေသံလွင်ကုမ္ပဏီတို့က ခုတင် ၅၀၀ ဆံ့ ကုသရေးစင်တာအဖြစ် တာဝန်ယူတည်ဆောက်  လျက်ရှိရာ ၉၅ ရာခိုင်နှုန်းခန့် ပြီးစီးပြီဖြစ်ကြောင်း အင်းလျား စင် တာဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီ အတွင်းရေးမှူး ဦးတင့် ဆန်းက ပြောသည်။

‘‘ကျွန်တော်တို့က ပြောထားတဲ့အတိုင်း ၉၅ ရာခိုင်နှုန်းတော့  ပြီးစီးပြီပေါ့။ ဒါပေမဲ့ ဝင်လာတဲ့လူနာတွေနဲ့ သဟဇာတဖြစ်တဲ့အထိဆိုရင် တစ်ပတ်လောက် တော့ ချိန်ညှိပြီး လုပ်ယူရမှာပေါ့။  ဝင်လာတာနဲ့ လူနာရဲ့အချက်အ လက်တွေပါ ထည့်နိုင်အောင် ကျူအာကုတ်တွေပါ လုပ်ထားတယ်’’ ဟု ၎င်းက ပြောသည်။

 အင်းလျားစင်တာတွင် အောင်ဆီဂျင်လိုအပ်သော လူနာများအတွက် High-DependencyUnit – HDU ပါဝင်သော ခုတင် ၁၆ လုံး ထည့်သွင်းထားပြီး အောက်တိုဘာ ၈ ရက်(ယနေ့)တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနထံ အဆောက်အအုံအပ်နှံနိုင် ရန် စီစဉ်ထားသည်ဟု ဦးတင့် ဆန်းက ဆိုသည်။

ထို့အပြင် HDU ၁၆ ခုတင်အစား လူနာ ၁၀၀ လျှင် ၂၀ ဦးခန့်အထိ အောက်ဆီဂျင်ပေးနိုင်ရန် High-Dependency Unit-HDU အား ခုတင် ၁၀၀ အထိ တိုးမြှင့်ဆောင်ရွက်ရန် စီစဉ်လျက်ရှိ ကြောင်း ၎င်းက ရှင်းပြသည်။

အင်းလျားစင်တာ တည်ဆောက်ရေးအတွက် ကမ္ဘောဇ ဘဏ်မှ ကျပ်သိန်း ၇,၀၀၀ နှင့် ရွှေသံလွင်ကုမ္ပဏီတို့မှ ကျပ်သိန်း ၃,၀၀၀ အသီးသီး မ,တည်လှူ ဒါန်းထားသည်။

အထက်ပါ ကုသရေးစင်တာများဖြစ်သော Fortune ပလာဇာ တွင် ကျန်းမာရေးဝန်ထမ်း ၈၀ ဝန်းကျင်၊ အင်းလျားစင်တာတွင် ကျန်းမာရေးဝန်ထမ်း ၁၀၀ ဝန်းကျင်  အသီးသီး တာဝန်ယူကုသပေး မည်ဖြစ်ပြီး ၎င်းတို့၏ နေထိုင်စားသောက်ရေးကို စင်တာတည် ဆောက်ရေးတာဝန်ခံအဖွဲ့အ စည်းများက တာဝန်ယူပေးမည် ဖြစ်သည်။ လက်ရှိအခြေအနေတွင် အောက်တိုဘာ ၆ ရက် ညအထိ ရန်ကုန်တိုင်းဒေသကြီးရှိ ဆေး ရုံကြီးများနှင့် ကုသရေးစင်တာ အသီးသီး၌ ပိုးတွေ့လူနာ ၇,၀၀၀ ကျော်အား လက်ခံကုသပေးနေ သည်။

Credit : https://7day.news

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img