fb_icon

bnr_tob_1

2019.08.06LIFE&TREND

Total War: Three Kingdoms (PC)

စာရေးသူ: GT (Excellent)

ယခုတစ်ပတ်မှာတော့ လတ်တလောထွက်ရှိထားတဲ့ Total War: Three Kingdoms ဆိုတဲ့ အခွေလေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဒီခွေလေးဟာ နာမည်ကျော် Total War ဂိမ်းစီးရီးရဲ့ (12)ခွေမြောက် ဖန်တီးမှုဖြစ်ပြီး ပလက် ဖောင်းတွေအနေနဲ့ Windows Version အပြင် OSX နဲ့ Linux သမားတွေအတွက်ပါ ကစားနိုင်မှာဖြစ်ပါတယ်။ ယခု Three Kingdoms ကို ရေးဆွဲဖန်တီးပေးထားတဲ့ Developer(s) အုပ်စုကတော့ Creative Assembly ဖြစ်ပြီး တာဝန်ယူဖြန့်ချိပေးမယ့် Publisher(s) ကတော့ ပင်တိုင်ရှင် Sega ပါ။

ဒီတစ်ခါမှာတော့ Three Kingdoms ရဲ့နောက်ခံကာလကို အေဒီ (190)၀န်းကျင်ဖန်တီးပေးထားပြီး သမိုင်းဝင် တရုတ် ဟန်မင်းဆက် ဟန်အင်ပါယာကြီးစိုးမင်းမူတဲ့ Themes ပုံစံမျိုးနဲ့ မြင်တွေ့ရမှာဖြစ်ပါတယ်။ စစ်ဘုရင်တွေအနေနဲ့ နာမည်ကျော် Cao Cao, Liu Bei, Sun Jian တို့အပါအဝင် Playable အနေနဲ့ Faction (12)မျိုး၊ စစ်ဘုရင် (12)ဦး ပါ၀င်မှာဖြစ်ပြီး Non-Playable အပါအဝင် Faction စုစုပေါင်း (36)မျိုး ပါ၀င်မှာဖြစ်ပါတယ်။

ဂိမ်းပလေးအနေနဲ့ကတော့ Strategy ဂိမ်းတွေရဲ့ထုံးစံအတိုင်း ယခင်လိုပဲ လူသူလက်နက်အင်အားစုဆောင်း၊ အဆောက်အဦတွေ တိုးချဲ့၊ ခံတပ်တွေတည်ဆောက်၊ စီးပွားရေးတောင့်တင်းအောင်စီမံ၊ လေ့ကျင့်ရေးတွေ ပြုလုပ်၊ အင်ပါယာချဲ့ထွင် စတာတွေ ပြုလုပ်ရမှာပါ။ Game Mode တွေအနေနဲ့ Romance နဲ့ Classic ဆိုပြီး (2)ခု ပါ၀င်မှာဖြစ်ပြီး Playable Faction အနေနဲ့ Cao Cao, Sun Jian, Liu Bei, Ma Teng, Liu Biao, Zhang Yan, Yuan Shao, Zheng Jiang, Kong Rong, Yuan Shu, Gongsun Zan, Dong Zhuo ဆိုပြီး စစ်ခေါင်း ဆောင် (12) မျိုးပါ၀င်မှာဖြစ်ပါတယ်။

နောက်ထပ်ထွက်ရှိလာမယ့် Yellow Turban Rebellion Warlord DLC Pack အတွက်လည်း Gong Du, He Yi, Huang Shao စစ်ခေါင်းဆောင် (3)မျိုး ထပ်မံပါ၀င်လာဦးမယ်လို့ ဆိုပါတယ်။ Character ပိုင်းတွေအနေနဲ့လည်း ယခင်လိုပုံသေမဟုတ်တော့ဘဲ Spy, General, Governor အဆင့်ဆင့် ပြောင်းလဲကစားနိုင်အောင် ဖန်တီးပေးထား မှာပါ။ ဒါ့အပြင် ရှေးဟောင်း တရုတ်စာပေယဉ်ကျေးမှု အတွေးအခေါ်ဖလော်ဆော်ဖီတွေနဲ့ ဆက်စပ်ချိတ်ဆက်ကစားရမယ့် Wu Xing gameplay mechanic အသစ်၊ Dueling Battle mechanics နဲ့ Diplomacy, ခေါင်းဆောင်အချင်း ချင်း ချိတ်ဆက်ဆော့ကစားနိုင်တဲ့ Guanxi System (Friendship and Loyalty) အစရှိတဲ့ Campaign mechanics သစ်တွေနဲ့အတူ ယခင် Hero mechanic လည်း ဒီခွေမှာပြန်လည်ပါ၀င်လာမှာဖြစ်ပါတယ်။

နောက်ခံဂရပ်ဖစ်ပိုင်းတွေကိုလည်း HD Quality ပံ့ပိုးပေးနိုင်အောင် ဖန်တီးပေးထားပြီး Mode ပိုင်းမှာ ယခင်လို Single Player ရော Multiplayer ပါ ဆော့ကစားနိုင်မှာပါ။ Strategy ဂိမ်မာတွေအတွက်လည်း ကျေနပ်အားရမယ့် အခွေဖြစ်ပြီး အစဉ်အလာကောင်း မွန်တဲ့ နာမည်ကျော်စီးရီးဖြစ်တာကြောင့် စျေးကွက်မှာလည်း ထိပ်ကရပ်တည် နေလျှက်ရှိပါတယ်။ Total War: Three Kingdoms အခွေလေးကို ဆော့ကစားမယ်ဆိုရင်တော့ OS: Windows 10 64-bit., CPU:Intel Core i5-6600 3.3GHz or AMD Ryzen 5 2600 3.6GHz., RAM: 8GB, GPU RAM: 4 GB Nvidia GeForce GTX 970 or AMD Radeon R9 Fury X. လိုအပ်မှာဖြစ်ပြီး အမြို့မြို့အနယ်နယ် တိုင်းမှာရှိတဲ့ Excellent Softwares & games ဆိုင်တိုင်းမှာ မေးမြန်းဝယ်ယူရရှိနိုင်ပြီဖြစ်တဲ့အကြောင်း သတင်း ကောင်းလေးပေးလိုက်ရပါတယ်။

Credit : NetGuide Journal (Every Wednesday)

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img