fb_icon

bnr_tob_1

2019.12.13LIFE&TREND

Top (5) in Fashion Brands

ကမ႓ာပေါ်မှာ Fashion နဲ့ပတ်သတ်ပြီး Brands အမျိုးအစားမြောက်များစွာရှိပါတယ်။
Brand မှန်းသိသာစေတဲ့ အချက်တွေကတော့ ချုပ်ရိုးချုပ်သားကောင်းမွန်ခြင်း၊ဝတ်တဲ့ အခါမှာ သက်တောင့်သက်သာရှိခြင်း၊စမတ်ကျခြင်း၊ သပ်ရပ်ခြင်း စသဖြင့် ဂုဏ်အဂါင်္ရပ်များပိုင်ဆိုင်ပါတယ်။ ဘယ် Fashion Brands တွေက ထိပ်ဆုံးမှာဦးဆောင်ပြီး ရပ်တည်နေတာလဲ ဆိုတာVOUGE မဂ္ဂဇင်းက အောက်ပါအတိုင်း ဖော်ပြထားတာကို တွေ့ရပါတယ်။

1. Gucci

နံပါတ် ၁ အနေနဲ့ ထိပ်ဆုံးမှာရပ်တည်နေတာကတော့ Gucci ပါ။ Gucci Fashion House ကို၁၉၂၁ ခုနှစ်က Guccio Gucci က Itlay နိုင်ငံFlorence မြို့မှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။အမျိုးသား အမျိုးသမီးတိုင်းအတွက်Fashion နဲ့ပတ်သတ်လို့ ခေါင်းအစ ခြေအဆုံးအကုန်ရရှိတဲ့အပြင် ခရီးဆောင်အိတ်တွေနဲ့အလှကုန်ပစ္စည်းတွေပါ မကျန် ထုတ်လုပ်ရောင်းချပါတယ်။ တစ်ကမ႓ာလုံးမှာ Gucci Brand ဆိုင်ခွဲပေါင်းဟာ ၅၅၀ နဲ့အထက်ရှိပါတယ်။ တန်ဖိုးကြီးပြီး ဂုဏ်သိက္ခာမြင့်သော ကြောင့်တစ်ကမ႓ာလုံး လူကြိုက်အများဆုံးBrand အဖြစ်နှစ်ပေါင်းစွာရပ်တည်နိုင်ခဲ့ပါတယ်။

2. Off-White

Off-White brand ကိုကြားဖူးကြလားတော့မသိဘူး ဆိုပေမဲ့ အခုမှကြားဖူးချင်စရာလည်း ဖြစ်မှာပေါ့ ၂၀၁၂ ခုနှစ် မှစပြီး မိတ်ဆက်ခဲ့တာကိုး။ Off-White brand ရဲ့ Founder ကတော့ American Creative Designer ဖြစ်တဲ့Virgil Abloh က Itlay နိုင်ငံ Milan မြို့မှာ ၂၀၁၂ ခုနှစ်ကမှ စတင် မိတ်ဆက်ရောင်းချခဲ့ပါတယ်။သူကဘယ်လို Fashion တွေကိုအဓိက ထုတ်လုပ်သလဲ ဆိုတော့ အမျိုးသား အမျိုးသမီးများအတွက်ရာသီအလိုက် ထသွားထလာ ဝတ်ဆင်နိုင်တဲ့ Fashion တွေကို ဦးစားပေးပြီးထုတ်လုပ်ပါတယ်။ဒီ brand ကို ကမ႓ာကျော် Rapper တော်တော်များများစွဲလမ်းနှစ်သက်စွာ ဝတ်ဆင်တာကိုတွေ့ရပါတယ်။နှစ်အနည်းငယ်အတွင်းမှာကမ႓ာ့နံပါတ် ၂ brand အဖြစ်ရပ်တည်နိုင်တဲ့သူ့ရဲ့ အရှိန်အဝါကလည်း မသေးလှပါဘူး။

3. Balenciaga

နံပါတ် ၃ မှာ ရပ်တည်နေတဲ့ Balenciaga Brand ကိုတော့ ၁၉၁၇ ခုနှစ်မှာ Cristobal Balenciaga က Spain နိုင်ငံ San Sebestian မြို့လေးမှာ သူ့ရဲ့ Fashion House ကို စတင်ဖွင့်လှစ်ခဲ့ပါတယ်။ Spain နိုင်ငံရဲ့ တော်ဝင်မျိုးနွယ် မိသားစုတွေက သူ့ရဲ့ Fashion Design ကိုအရမ်းကြိုက်နှစ်သက်ကြတယ်။Spain နိုင်ငံရဲ့ စစ်ပွဲဖြစ်ခဲ့တဲ့ ကာလအတွင်းမှာ သူ့ရဲ့ ဆိုင်ကို စစ်ပွဲကြောင့် ပိတ်ခဲ့ရပါတယ်။နောက်စစ်ပွဲအပြီး ၁၉၃၇ ခုနှစ်မှာ Paris မြို့ကိုအပြီးပိုင်ပြောင်းရွေ့ဖွင့်လှစ်ခဲ့ပါတယ်။အခု Balenciaga Brand ရဲ့ပိုင်ရှင်ကတော့ပြင်သစ်နိုင်ငံသား Kering ဖြစ်သွားခဲ့ပါပြီး။

4. Givenchy

Givenchy Brand ကိုတော့ ကြားဖူးကြမယ်လို့ထင်ပါတယ်။ ဘာလို့လဲဆိုတော့ မကြာသေးခင်ကာလ ကမှမင်္ဂလာဆောင်သွားတဲ့ တော်ဝင်မင်းသား Harry ရဲ့ဇနီးဖြစ်သူ Meghan Markle ရဲ့ မင်္ဂလာဝတ်စုံကို Givenchy Brand က တာဝန်ယူပေးလို့ဟိုးလေးတကျော်ကျော်တောင်ဖြစ်ခဲ့သေးတယ်လေ။ပြင်သစ် designer တစ်ယောက်ဖြစ်တဲ့Hubert de Givenchy က ၁၉၅၂ ခုနှစ်မှာGivenchy Brand ကို စတင်အသက်သွင်းခဲတာ အခုဆို နှစ်ပေါင်း ၆၆ နှစ်တိုင်ခဲ့ပါပြီး။ အမျိုးသား အမျိုးသမီးတိုင်းအတွက် ခေါင်းအစ ခြေအဆုံး Fashion တွေအပြင် ရေမွှေးနဲ့ အလှကုန်ပစ္စည်း မျိုးစုံကိုလည်း အောင်မြင်စွာထုတ်လုပ်လျှက်ရှိပါတယ်။

5. Dolce & Gabbana

D&G လို့လူသိများပါတယ်။ ၁၉၈၅ ခုနှစ်မှာItlay Designer နှစ်ယောက်ဖြစ်တဲ့ Domenico Dolce နဲ့ Stefano Gabbana တို့က ၁၉၈၀ ခုနှစ် က Milan မြို့မှာ ဆုံကြပြီး D&G Brand ကို စတင်တည်ထောင်ခဲ့ပါတယ်။ ၁၉၈၂ ခုနှစ်မှာ design နဲ့ပတ်သတ်ပြီး အကြံပေးတဲ့ အေဂျင်စီကို ထူထောင်ခဲ့တယ်။ သူတို့ရဲ့ ပထမဆုံး Women’s collection ကို၁၉၈၅ မှာစတင်မိတ်ဆက်ခဲ့ပါတယ်။နောက်တစ်နှစ် ၁၉၈၆ ခုနှစ်မှာတော့ Milan မြို့မှာ သူတို့ နာမည်နဲ့ Brand ဆိုင်ကို စတင်ဖွင့်လှစ်ခဲ့ပါတယ်။၁၉၈၉ မှာ အောက်ခံဘောင်းဘီ design နဲ့ ရေကူးဝတ်စုံတွေကို စတင်ထုတ်လုပ်ပြီး Japan နိုင်ငံကို တင်ပို့ခဲ့ပါတယ် ပြီးမှ US ကို ထပ်မံတင်ပို့ခဲ့ပါတယ်။

By: Zin Mar

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img