fb_icon

bnr_tob_1

2019.07.29LIFE&TREND

Tom Clancy’s Ghost Recon Breakpoint (PC)

ယခုတစ်ပတ်မှာတော့ Shooting ဂိမ်မာတွေအတွက် နာမည်ကျော် Tom Clancy’s Ghost Recon ဂိမ်းစီးရီးရဲ့ 11 ခွေမြောက်ဖန်တီးမှု Breakpoint ဆိုတဲ့အခွေလေးနဲ့ မိတ်ဆက်ပေးပါရစေ။ Tom Clancy’s Ghost Recon Breakpoint ကို ယခင်ပြီးခဲ့တဲ့ 2017 က Tom Clancy’s Ghost Recon Wildlands ရဲ့ နောက်ဆက်တွဲအဖြစ် ဖန်တီးပေးထားပြီး အပြီးသတ်အနေနဲ့ အောက်တိုဘာလလောက်ထဲမှာ ပွဲထုတ်ပေးသွားမယ်လို့ ဆိုပါတယ်။ Breakpoint ကို ဖန်တီးရေးဆွဲပေးထားတဲ့ Developer(s) ကတော့ Ubisoft Paris အုပ်စုဖြစ်ပြီး ဖြန့်ချိပေးမှာကတော့ ပင်မ Ubisoft ပါ။ ပလက်ဖောင်းတွေအနေနဲ့ကတော့ Microsoft Windows မှာသာမက PlayStation 4 နဲ့ Xbox One တို့မှာပါ တစ်ပြိုင်တည်းကစားနိုင်မှာ ဖြစ်ပါတယ်။

ဒီဂိမ်းလေးရဲ့ နောက်ခံကိုတော့ ယခင် Wildlands အပြီး 4 နှစ်အကြာ 2023 ခုနှစ်ကာလ တောင်ပစိဖိတ်သမုဒ္ဒရာထဲက တောနက်တွေဖုံးလွှမ်းနေတဲ့အပြင် နှင်းတောင်တွေရော၊ မီးတောင်တွေနဲ့ပါ ရောထွေးနေတဲ့ Auroa ကျွန်းနိုင်ငံလေးကို အခြပြုထားပြီး Tatical Shooting ဂိမ်းပလေးပုံစံ ဆော့ကစားရမှာပါ။ အဓိကဇာတ်ကောင်အဖြစ် စစ်ဆင်ရေးအထူးတပ်ဖွဲ့က Nomad အဖြစ် ၀င်ရောက်ဆော့ကစားရမှာဖြစ်ပြီး Mission ကတော့ ၄င်း Auroa ကျွန်းပေါ်မှာ အခြေစိုက်ထားတဲ့ မောင်းသူမဲ့ Drone ထုတ်လုပ်ရေး Skell Technology Blue Chip ကုမ္ပဏီရဲ့ဘီလျံနာ Jace Skell အကြောင်းကို စုံစမ်းထောက်လှမ်းရမှာ ဖြစ်ပါတယ်။ Nomad တို့ Ghost တပ်ဖွဲ့အနေနဲ့ စုံစမ်းဖို့အတွက် တိုက်စစ်ဆင်တယ်ဆိုပေမယ့်လည်း Jace Skell ဆီမှာ ဘက်ပြောင်းပြီး သစ္စာဖောက်သွားတဲ့ ယခင် Ghost တပ်ဖွဲ့ဝင်ဟောင်း Cole D. Walker ဦးဆောင်တဲ့ အလွန်တောကျွမ်းတဲ့ Wolves တပ်ဖွဲ့တွေရဲ့ တန်ပြန်ချေမှုန်းခြင်းတွေကို ကြံ့ကြံ့ခံရင်ဆိုင်ရမှာပါ။ ဂိမ်းပလေး Features တွေအနေနဲ့ကတော့ ပလေယာအနေနဲ့ Third Person Perspective အနေနဲ့ ဆော့ကစားရမှာဖြစ်ပြီး ကိုင်တွယ်ပစ်ခတ်မှုတွေမှာတော့ First Person အဖြစ် မြင်တွေ့ရမှာ ဖြစ်ပါတယ်။

မြေပုံပိုင်းမှာ တောနက်တွေ၊ စိမ့်စမ်းလျှိုမြောင်မြစ်ချောင်းနဲ့ ချောက်ကမ်းပါးတွေ၊ နှင်းတောင်တွေ၊ ချော်ရည်ပူမီးတောင်တွေ အစရှိသဖြင့် Landscape မျိုးစုံဖန်တီးပေးထားပြီး ပလေယာအနေနဲ့ တောင်စောင်းတွေကနေ လျှောတိုက်ဆင်းချတာမျိုး၊ ရွှံ့တွေနဲ့လူးပြီး ကိုယ့်ကိုကိုယ်ရုပ်ဖျက်တာမျိုးတွေလည်း ပြုလုပ်နိုင်မှာပါ။ တပ်ဖွဲ့ဝင်တွေအပိုင်းမှာလည်း တိတ်တဆိတ်ချီတက်ရတဲ့အပိုင်း၊ ပြင်ဆင်ရေးနဲ့ ဖောက်ခွဲတပ်ဆင်ရေးအပိုင်း၊ သုတ်သင်ချေမှုန်းရေးအပိုင်း၊ ကုသရေးထောက်ပံ့ရေးအပိုင်း စသဖြင့် Ability တွေ မတူညီကြတဲ့ Class 4 မျိုး ဖန်တီးပေးထားမှာ ဖြစ်ပါတယ်။ လက်နက်ပိုင်းတွေမှာလည်း ယခင်လို လက်နက်ငယ် လက်နက်ကြီး ရော့ကတ်လောင်ချာတွေ၊ မောင်းသူမဲ့ ကင်းထောက်ဒရုန်းတွေ အသုံးပြုနိုင်တဲ့အပြင် ကြည်း၊ ရေ၊ လေ ယာဉ်မျိုးစုံကိုလည်း ထည့်သွင်းပေးထားမှာပါ။ ပလေယာအနေနဲ့ မောပန်းတာ၊ ဆာလောင်တာ၊ ရေဓာတ်ခမ်းခြောက်တာ၊ ဒဏ်ရာရတာ အစရှိတဲ့ ကျန်းမာရေးအခက်အခဲတွေလည်း ထုံးစံမပျက်ပါ၀င်မှာဖြစ်ပြီး ရနိုင်သမျှ Resource မျိုးစုံကို စုဆောင်းရမှာ ဖြစ်ပါတယ်။

Health System အားနည်းလာတာနဲ့အမျှ ချီတက်မှုလေးလံလာတာတွေ၊ တိတ်တဆိတ်ချဉ်းကပ်ရမှာမျိုးတွေမှာ ဆူညံမှုပိုမိုလာတာတွေ ကြုံတွေ့ရမှာ ဖြစ်ပါတယ်။ ယခင် Wildlands မှာတုန်းက ပရိသတ်တွေရဲ့ Feed Back တွေအားလုံးကို အသေးစိတ် ဂရုတစိုက် စနစ်တကျပြင်ဆင်ထားတာမို့ ဒီတစ်ခါ Breakpoint ကတော့ Tom Clancy’s Ghost Recon ရဲ့ အမာခံဂိမ်မာတွေအတွက် စိတ်ကျေနပ်စရာဖြစ်မှာ အသေအချာပါ။ ဒီဂိမ်းလေးရဲ့ ဂရပ်ဖစ်ရုပ်ထွက်လှုပ်ရှားမှုတွေ ကြည်လင်ပြတ်သားစေဖို့အတွက် AnvilNext 2.0 ဂိမ်းအင်ဂျင်ကို အသုံးပြုဖန်တီးထားတယ်လို့ ဆိုပါတယ်။ Tom Clancy’s Ghost Recon Breakpoint ကို ဆော့ကစားမယ်ဆိုရင်တော့ OS : Windows 7, 8, 10 64 bit, CPU : Intel Core i5-4670, RAM : 6GB, GPU : Nvidia GTX 960 2GB အနည်းဆုံးလိုအပ်မှာဖြစ်ပြီး အောက်တိုဘာလ ပထမအပတ်ထဲမှာ ပွဲထွက်လာတော့မှာဖြစ်တဲ့အကြောင်း သတင်းကောင်းလေး ပေးလိုက်ရပါတယ်။

စာရေးသူ : GT (Excellent)

Credit : NetGuide Journal (Every Wednesday)

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img