2019.07.12TECH
4G ကွန်ရက်ချိတ်ဆက်နိုင်တဲ့ ဒုတိယမျိုးဆက် TicWatch Pro ကို Mobvoi ကြေညာ

Mobvoi ဟာ Wear OS သုံးထားတဲ့ စမတ်နာရီ TicWatch Pro ကို ကြေညာလာခဲ့တာ တစ်နှစ်တင်းတင်းပြည့်ပြီ ဖြစ်ပါတယ်။ TicWatch Pro မှာ ရုပ်ထွက်နှစ်ခု၊ အဆင့်မြင့်ဒီဇိုင်း၊ အားကစားလှုပ်ရှားမှုစနစ်များပါ၀င်တဲ့အပြင် များပြားတဲ့ ဘက်ထရီပါ၀င်တာကြောင့် လူကြိုက်များကြပါတယ်။
ယနေ့မှာ Mobvoi ဟာ ဒုတိယမျိုးဆက် TicWatch Pro ကို ကြေညာလာပါတယ်။ ဒုတိယမျိုးဆက် TicWatch Pro က 4G LTE အသုံးပြုနိုင်ပါတယ်။ စီလီကွန်လက်ပတ်အသုံးပြုထားကာ ဒီဇိုင်းပိုင်း အပြောင်းအလဲ လုပ်ထားပါတယ်။ TiWatch Pro 4G/LTE မှာ အားကစားလှုပ်ရှားမှုကို အလိုအလျောက်စောင့်ကြည့်နိုင်တဲ့စနစ်၊ နှလုံးခုန်နှုန်းတိုင်းစနစ် ပါ၀င်ပါတယ်။
TiWatch Pro 4G/LTE မှာလည်း ရုပ်ထွက်နှစ်ခုပါ၀င်ပြီး AMOLED နှင့် FSTN LCD ရုပ်ထွက် ပါ၀င်ပါတယ်။ FSTN LCD ရုပ်ထွက်က အလင်းရောင်တိုက်ရိုက်ကျတဲ့အချိန်မှာတောင် ကြည့်နိုင်ပြီး ဘက်ထရီသုံးစွဲမှုကလည်း နည်းပါးပါတယ်။ AMOLED ရုပ်ထွက်မှာ Wear OS သုံးနိုင်ပါမယ်။
Essential Mode သုံးရင် FSTN LCD ရုပ်ထွက်မှ အချိန်၊ နှလုံးခုန်နှုန်း၊ ခြေလှမ်းအရေအတွက်တို့ကို ကြည့်နိုင်ပါမယ်။ Smart စနစ်တွေကိုတော့ သုံးလို့မရပါဘူး။ TiWatch Pro 4G/LTE မှာ ရက် 30 ကြာ အသုံးပြုနိုင်တဲ့ ဘက်ထရီ ပါ၀င်ပါတယ်။
TiWatch Pro 4G/LTE မှာ eSIM ပါ၀င်တာကြောင့် အင်တာနက်ချိတ်ဆက်နိုင်ပါတယ်။ ဒါ့အပြင် Number Sharing ၊ Cloud Synchronization စနစ်တို့လည်း ထောက်ပံ့ထားတာကြောင့် ဖုန်းခေါ်ဆိုမှု လက်ခံခြင်း၊ မက်ဆေ့ချ်ဖတ်ခြင်း၊ Notification ကြည့်ခြင်းတို့ကိုလည်း ပြုလုပ်နိုင်ပါတယ်။ Wi-Fi ၊ Bluetooth သုံးနိုင်သလို NFC ပါ၀င်တာကြောင့် Google Pay သုံးနိုင်ပါမယ်။
TiWatch Pro 4G/LTE ကို ခေတ်အနည်းငယ်နောက်ကျနေပြီဖြစ်တဲ့ Qualcomm Snapdragon Wear 2100 ၊ RAM1GB နှင့် ပါ၀ါထောက်ပံ့ထားပါတယ်။ တစ်ခုသတိပြုရမယ့်အချက်ကတော့ ဒီဖုန်းမှာ အိပ်ချိန်စောင့်ကြည့်စနစ် မပါ၀င်ပါဘူး။ Mobvoi အနေဖြင့် လာမယ့် Update မှာမှ ယင်းစနစ်ကို ထည့်သွင်းပေးလာမလား စောင့်ကြည့်ရပါမယ်။
TiWatch Pro 4G/LTE ရဲ့စျေးနှုန်းက ဒေါ်လာ 279 ဖြစ်ပါတယ်။
Credit : NetGuide Journal (Every Wednesday)
-
ENTERTAINMENT
Penthouse:War in life Season2 စတင်ထုတ်လွှင့်ပြသမည့်ရက်ကို SBS မှ အတည်ပြုကြေညာ
-
FOOD
ချင်းအရသာစစ်စစ်တွေနဲ့ ချင်းပြည်နယ်ကိုခေါ်ဆောင်သွားမယ့် ဆိုင်လေးတစ်ဆိုင်
-
LIFE&TREND
Penshoppe’s promotion
-
SOCIAL
COVID ဒုတိယလှိုင်းတွင် နိုင်ငံခြားကုန်သွယ်မှု ဒေါ်လာ ၂ ဒသမ ၃ ဘီလီယံကျော်ကျဆင်း
-
SPORTS
အောင်လပွဲ အောက်တိုဘာ ၃၀ သေချာပြီ !!! 💥💥💥💥
-
TECH
Apple မှ Iphone 12 မိတ်ဆက်ရောင်းချမည့်ရက်ကို ကြေညာ
-
TRAVEL
ပင်လယ်ပြင်မှ နိဗ္ဗာန်ဘုံလေး ဆိတ်ကျွန်း
Ranking
1. လူကြိုက်အမျာဆုံး Mask အဖြစ်ရပ်တည်နေတဲ့ The SAEM ရဲ့ O2 Bubble Mask
2. Plus Size တွေအတွက် အဝတ်အစားဝယ်ယူဖို့အဆင်ပြေစေမယ့် ရန်ကုန်မြို့က ဆိုင် (၄) ဆိုင်
3. ရန်ကုန်ရဲ့ အလှပဆုံး ကော်ဖီဆိုင်လေးတစ်ဆိုင်ကို ရှာနေပါသလား ဒါဆိုရင်တော့ ဒီနေရာဖြစ်ပါလိမ့်မယ်
4. ဟော့ပေါ့နဲ့ အကင်ကို ၇၇ဝဝ ဆိုလို့သွားစားခါမှ မျက်လုံးပြုးပြီးပြန်လာရတဲ့အဖြစ်
5. ရိုးသားစွာ ကြက်သားစားနိုင်ကြပါစေ

アンケート登録
YANGON STYLE ではアンケートモニターを募集しています(無料)。
စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း
Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........
登録メールマガジン登録
YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。
အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း
Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။
登録広告掲載について
YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。
ကြော်ငြာကဏ္ဍ
YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။
お問い合わせ