bnr_tob_1

2020.11.16SOCIAL

ဂျပန်နိုင်ငံကို အလည်သွားတော့မယ်ဆိုရင် သိထားသင့်တဲ့အချက်များ

            မြန်မာနိုင်ငံနဲ့ ဂျပန်နိုင်ငံဟာ ချစ်ကြည်ရင်းနှီးကြတဲ့ မိတ်ဆွေနိုင်ငံများ ဖြစ်ကြပါတယ်။ နှစ်နိုင်ငံ ယဉ် ကျေးမှု၊ ဓလေ့ထုံးတမ်းများက နီးစပ်မှုရှိကြပြီး အပြန်အလှန် ရိုးရာယဉ်ကျေးမှုချင်း ဖလှယ်နေကြပါတယ်။ ဒီတခါ မှာတော့ ဂျပန်နိုင်ငံကို သွားရောက်လည်ပတ်လိုတဲ့ မြန်မာနိုင်ငံသားတွေ သတိပြုဆင်ခြင်သင့်တဲ့ ဂျပန်လူမျိုးတွေ ရဲ့ ဓလေ့ထုံးစံအချက်အချို့ကို ဗဟုသုတရဖွယ် ပြောပြပေးချင်ပါတယ်။

            တိုင်းပြည်တိုင်း၊နိုင်ငံတိုင်းမှာ ၎င်းတို့ရဲ့ နိုင်ငံ၊လူမျိုးရဲ့ ယဉ်ကျေးမှု ကိုယ်ပိုင်ဓလေ့ထုံးတမ်းတွေဆိုတာ ရှိကြပါတယ်။ သူတပါးနိုင်ငံကို ဧည့်သည်အဖြစ်သွားရောက်လည်ပတ်ကြမယ်ဆိုရင် သူတို့နိုင်ငံရဲ့ အခြေခံအမူ အကျင့် ရိုးရာတွေကို သတိပြုလိုက်နာသင့်ပါတယ်။

၁) ဖိနပ်တွေချွတ်ရခြင်း

            ဂျပန်နိုင်ငံကို အလည်သွားတော့မယ်ဆိုရင် သင့်ရဲ့ဖိနပ်တွေကို လိုအပ်တဲ့အချိန်မှာ ချွတ်ဖို့ မမေ့လျော့ သင့်ပါဘူး။ နိုင်ငံရဲ့ နေရာတိုင်းမှာတော့ ဖိနပ်ချွတ်စရာမလိုပါဘူး။ ဒါပေမယ့် လူကြီးသူမတွေရဲ့အိမ်ကို သွား ရောက်လည်ပတ်တဲ့အခါမျိုး၊ အိမ်တွင်းမှာ ဖျာခင်းထားတာကို တွေ့တဲ့အခါမျိုး၊ အိမ်ရှေ့တံခါးမကြီးရဲ့ အတွင်း ဘက်မှာရှိတဲ့ အိမ်တံခါးမှာ ဖိနပ်ချွတ်ထားတာကို တွေ့တဲ့အခါမျိုးတွေမှာတော့ သင့်ဖိနပ်ကို မဖြစ်မနေ ချွတ်ပြီး မှ အတွင်းဖက်ကို ဝင်သင့်ပါတယ်။

၂) ခါးညွတ်နှုတ်ဆက်ခြင်း

            ဂျပန်လူမျိုးတွေဟာ တစ်ဦးနဲ့တစ်ဦး ဆုံတွေ့တဲ့အခါမှာ အပြန်အလှန် ခါးညွတ်ကာ အရိုအသေပေးတဲ့ အနေနဲ့ နှုတ်ဆက်တတ်ကြပါတယ်။ သင့်အနေနဲ့ ၎င်းနှုတ်ဆက်နည်းကို သေချာမတတ်ကျွမ်းခဲ့ရင် အရမ်းစိတ်ပူစရာတော့ မလိုပါဘူး။ ဂျပန်လူမျိုးတွေဟာ နိုင်ငံခြားသားဧည့်သည်တွေအပေါ် နားလည်ပေးလေ့ ရှိကြပါတယ်။ ဒါပေမယ့် ဧည့်ကောင်းဆောင်ကောင်းတစ်ဦးဖြစ်အောင်တော့ သင်တို့အနေနဲ့ ကြိုးစားသင့်တယ် မဟုတ်လား။ နှုတ်ဆက်တဲ့အခါမှာ ခါးကိုမတ်နေအောင်တဖြောင့်ထဲထားပြီး ကိုယ်ကို ညွတ်ပြီး တလေး တစား နှုတ်ဆက်ကြတာဖြစ်ပါတယ်။ ခေါင်းငုံ့လိုက်တာမျိုး မဟုတ်ပါဘူး။ ဒါ့အပြင် လက်နှစ်ဖက်ဟာ ဘေးမှာ တဖြောင့် ထဲ ရှိနေရမှာ ဖြစ်ပြီး ရင်ဘတ်မှာ ရှိနေခဲ့ရင်တော့ နှုတ်ဆက်နည်းဟာ မှားနေတယ်ဆိုတာ သတိပြုသင့်ပါတယ်။ ဒါဟာ ဂျပန်လူမျိုးတွေရဲ့ အခြေခံနှုတ်ဆက်နည်း ဖြစ်ပြီး မိတ်ဆွေတစ်ဦးနဲ့တစ်ဦး အပြန်အလှန်ထားရှိတဲ့ လေးစား မှုကို ပြသတဲ့သဘောလည်း ဖြစ်ပါတယ်။

၃) လက်ဆောင်ပေးခြင်း

            သင်ဟာ ဂျပန်နိုင်ငံကို အလည်သွားပြီး ဂျပန်လူမျိုးမိတ်ဆွေကို လက်ဆောင်ပေးတော့မယ်ဆိုရင် သေချာ သိထားသင့်တဲ့ အချက်ရှိပါတယ်။ ဒါကတော့ ဂျပန်လူမျိုးတွေရဲ့ အကြိုက်ကို သိအောင်လေ့လာဖို့ပါပဲ။ တကယ်လို့ သင်ဟာ သင့်မိတ်ဆွေကို နေကာမျက်မှန်တွေ၊ ဒေါက်ဖိနပ်တွေ လက်ဆောင်ပေးဖို့ ဝယ်ထားမိတယ်ဆိုရင် ၎င်းပစ္စည်းတွေကို အမြန်သာ စွန့်ပစ်လိုက်ပါတော့။ ဘာကြောင့်လဲဆိုတော့ ဂျပန်လူမျိုးတွေဟာ လက်ဆောင် လက်ခံတဲ့နေရာမှာ အသုံးအဆောင်ပစ္စည်းတွေထက် အစားအစာတွေကိုပဲ ပိုမိုနှစ်သက်တတ်တာကြောင့် ဖြစ်ပါတယ်။ သင့်အနေနဲ့ မြန်မာရိုးရာမုန့်ဖြစ်စေ၊ ဂျပန်ရိုးရာမုန့်ဖြစ်စေ ဝယ်ပြီးလက်ဆောင်ပေးလိုက်ခြင်းဟာ မှန်ကန်တဲ့ ရွေးချယ်မှုဖြစ်ပါလိမ့်မယ်။

၄) Business Cards ဆောင်ထားခြင်း

            ဂျပန်နိုင်ငံကို အလည်သွားတော့မယ်ဆိုရင် Business Cards ကို အမြဲအသင့် ဆောင်ထားသင့်ပါတယ်။ တစ်ဦးနဲ့တစ်ဦး တွေ့ဆုံတဲ့အခါမှာ Business Cards ကို မဖြစ်မနေ အပြန်အလှန်ပေးတတ်ကြပါတယ်။

၅) မြေအောက်ရထားစီးတဲ့အခါ သတိပြုရခြင်း

            ဂျပန်နိုင်ငံမှာ မြေအောက်ရထားပို့ဆောင်ရေးလုပ်ငန်းဟာ အလွန်တွင်ကျယ်တဲ့ ပို့ဆောင်ရေးလုပ်ငန်း တစ်ခုပဲ ဖြစ်ပါတယ်။ တကယ်လို့ သင်ဟာ ဂျပန်နိုင်ငံမှာ မြေအောက်ရထားစီးပြီး ခရီးသွားတော့မယ်ဆိုရင် သတိ ပြုသင့်တဲ့ အချက်တွေ ရှိနေပါတယ်။ ဒါကတော့ ဂျပန်လူမျိုးတွေဟာ မြေအောက်ရထားစီးတဲ့အခါမှာ ရထားပေါ် မှာ ဖုန်းပြောခြင်း၊ အစားအစာများ စားသောက်ခြင်းတွေကို မပြုလုပ်ကြပါဘူး။ ခရီးသည်တစ်ဦးနဲ့တစ်ဦး အပြန် အလှန် လေးစားခြင်းအားဖြင့် အခြေခံယဉ်ကျေးမှုတစ်ခုအနေနဲ့ ရှောင်ကြည်ကြခြင်းဖြစ်ပါတယ်။

By : Myo Wai Thu

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img