bnr_tob_1

2020.09.14SOCIAL

အဖြူရောင်သွေးသစ် ကလပ်မှ တောက်ပလာတဲ့ လူငယ်လေး သွေးသစ်မောင်

မြန်မာ့ရိုးရာလက်ဝှေ့လောကမှာ လက်ဝှေ့လောကသားတွေ မသိသူမရှိလောက်အောင် ဂုဏ်သတင်းကောင်းတွေနဲ့ ကျော်ဇော်နေတဲ့ အဖြူရောင်သွေးသစ် လက်ဝှေ့ကလပ်ပဲဖြစ်ပါတယ်။ အဖြူရောင်သွေးသစ် လက်ဝှေ့ကလပ်ကို ယခုဆိုရင်ဖြင့် ပဲ့ကိုင်ရှင် ဆရာဦးအောင်ပွဲမောင် ဆုံးပါးသွားသည့် နောက်ပိုင်း ဆရာသီဟမှ နည်းပြနေရာကို ဆက်လျက်ခံယူရင်း ကစားသမားကောင်းများစွာကို မွေးထုတ်ပေးလျက်ရှိနေပါတယ်။ တချိန်က ဒဂုံအောင်လံဆုများနဲ့ ပထမတန်းလက်ဝှေ့ကျော်တွေကို မွေးထုတ်ခဲ့တဲ့ အဖြူရောင်သွေးသစ် မြန်မာ့ရိုးရာလက်ဝှေ့ကလပ်ဟာ အခုမှာလည်း အောင်မြင်တဲ့မျိုးဆက်သစ်လူငယ်များနဲ့ ရွှေခါးပတ်ချန်ပီယံများစွာကိုလည်း လက်ဝှေ့လောကအလည် တင့်တယ်စေခဲ့ပြန်ပါတယ်။ အဖြူရောင်သွေးသစ်ကလပ်မှ အောင်မြင်မှုများပိုင်ဆိုင်ထားနေတဲ့ လူငယ်ကစားသမား တစ်ဦးရှိပါတယ်။ သူကတော့ ဧရာဝတီတိုင်းဒေသကြီး ငရုတ်ကောင်းမြို့နယ် အလည်ရွာပိတောက်ကုန်းမှာ နေထိုင်တဲ့ သွေးသစ်မောင်(ခ)မင်းသက်ဆိုင်(အမည်ရင်း)ဖြစ်ပါတယ်။

ဖခင်အမည်မှာ ဦးစောထူးပွင့် နှင့် မိခင်အမည်မှာ ဒေါ်မြမြထွေး ဖြစ်ပြီး မွေးချင်းသုံးယောက်ရှိသည့်အနက် သားအလတ် ဖြစ်ပါတယ်။ လူငယ်ကစားတွေထဲမှာ အောင်မြင်တဲ့လက်ဝှေ့သမားတစ်ဦးဖြစ်ပါတယ်။  ၂၀၁၈ ခုနစ်မှာ ပိရိတ်သတ်များအထူးစိတ်ဝင်စားချင်းကို ခံခဲ့ပြီး မထင်မှတ်ထားတဲ့ အရာကိုကို ပေနှစ်ဆယ်ကြိုးဝိုင်းအပေါ် ပုံဆောင်ခဲ့သူပါ။ စက်လက်သီးလို့ အများကအသိမှတ်ပြုထားတဲ့ ဝါရင့်သဘာရင့် လက်ဝှေ့ကျော် သပြေညိုကို ၂၀၁၈ခုနစ် မန္တလေးမြို့မှာကျင်းပခဲ့တဲ့ ရွှေခါးပတ်ပြိုင်ပွဲမှာ အကောင်းဆုံးစွမ်းရည်တွေနဲ့ ယှဥ်ပြိုင်နိုင်ခဲ့ပြီး ရွှေခါးပတ်ချန်ပီယံဘွဲ့ကို အရယူခဲ့ပါတယ်။ ၂၀၁၈ခုနစ်မှာလည်း ထမ်မံ၍ တိုင်းနှင့်ပြည်နယ် ရွှေတံဆိပ်ဆုနှင့် အကောင်းဆုံး ကစားသမားဆုပါ ရရှိထားပါတယ်။ ၂၀၁၈ခုနစ်မှာပဲ ဧရာဝတီလက်ဝှေ့ပျံ့နှံ့ရေးအသင်းက ဧရာဝတီတိုင်းဂုဏ်ဆောင်ဆုကိုပါ ဆုချီးမြှောက်ချင်းခံရသူတစ်ဦးပါ ။

၂၀၁၉ခုနစ် ရွှေခါးချန်ပီယံပြိုင်ပွဲကြီးမှာလည်း ခက်ခဲတဲ့ကစားသမားကိုယှဥ်ဆိုင်ခဲ့ပြီး ဗိုလ်လုပွဲအထိတက်လှမ်းနိုင်ခဲ့သော်လည်း တစ်ချိန်က ကလပ်အတူနေ အစ်ကိုကဲ့သို့ နေခဲ့သူ air kbz ချန်ပီယံ ထွန်းနိုင်ဦးနဲ့ ယှဥ်ပြိုင်ခဲ့ရာမှာတော့ ငါးချီစလုံးအကြိတ်နှယ်ယှဥ်ပြိုင်၍ အမှတ်ဖြင့်သာ ရှုံးခဲ့ရပြီး ဒုတိယနေရာနှင့် ကျေနပ်ခဲ့ရပါတယ်။ ၂၀၁၉အကုန် ၂၀၂၀အတွင်းမှာတော့ ပြိုင်ပွဲများယှဥ်ပြိုင်ရန်ရှိနေသော်လည်း Covid 19 ကပ်ရောဂါကြောင့် ယခုချိန်ထိပွဲများနားထားရပါတယ်။ ပွဲများမဖြစ်သေးပေမယ့်လည်း ပွဲများဖြစ်လာပါက အဆင့်သင့်ယှဥ်ပြိုင်နိုင်ရန် လေ့ကျင့်မှုတွေ ယခင်အတိုင်း အသင်းဖော်ကစားသမား ညီအစ်ကိုအများနှင့် လေ့ကျင့်လျက်ရှိနေပါတယ်။

Link : Facebook link
Credit By: Myanmar Lethwei Collection

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img