bnr_tob_1

2020.04.06ENTERTAINMENT

Stay Home နေရတဲ့အချိန် ကြည့်သင့်တဲ့ The Platform Movie

Covid-19 ကြောင့် Stay Home နေရတဲ့ လူများအတွက် The Platform ဆိုတဲ့ Metaphor တွေးစရာကားလေးကို ညွှန်းပေးရပါစေ။ဒီကားမှာ သွေးထွက်သံယို အော်ဂလီဆန်စရာများ ပါဝင်တဲ့အတွက်ကြောင့် ကလေးသူငယ်များနှင့် ရွံတတ်သူများ ကြည့်ရှုရန်မသင့်ပါ။
ဇာတ်လမ်းအစမှာ အပေါက်တစ်ခုပါတဲ့ ဒေါင်လိုက်အလွှာတွေနဲ့ဖွဲ့စည်းထားတဲ့ထောင်ကြီးတခုရှိပြီ တစ်လွှာမှာ နှစ်ယောက်နှုန်းနေရပါတယ်။တစ်နေ့မှာ တစ်ကြိမ် စားစရာအလျှံပယ်ထည့်ထားတဲ့ အပြားကြီးအထပ်တိုင်းမှာ မိနစ်အနည်းငယ်ရပ်ပေးပါတယ်။ အဲလိုရပ်နေတဲ့အချိန်မှာ အကျဥ်းသားတွေက အမြန်စားရပြီးအစားအသောက်တွေကို သိမ်းထားခွင့်မရှိပါဘူး။
သိမ်းထားမိခဲ့ရင် အဲအထပ်ဟာ သေလောက်အောင်ပူရင်ပူ ဒါမှမဟုတ် အလွန်အေးလာပါတယ်။အကျဥ်းသားတွေဟာ လိုသလောက်ပဲစားမယ်ဆို အားလုံးဟာစားသောက်ခွင့်ရမယ်ဖြစ်ပါတယ်။နောက်တစ်ချက်က ထောင်ထဲမှာ အလွှာပေါင်းမည်မျှရှိသည်ကို မည်သူကမှ မသိကြပါဘူး။ပီတော့ တစ်လတကြိမ် အလွှာတွေကိုအလှည့်ကျပြောင်းရပါတယ်။ဆိုလိုတာက ဒီလမှာ Level 8 ဖြစ်ပေမဲ့ နောက်တစ်လကျရင် Level 120 ဖြစ်ချင်ဖြစ်မှာဖြစ်ပါတယ်။
အဓိက ဇာတ်ဆောင်ဖြစ်တဲ့ ဂေါ်ရန်ဆိုတဲ့လူဟာ ရာဇဝတ်မှုကြောင့်မဟုတ်ဘဲ ဘွဲ့ကြောင့်ဒီထောင်မှာ ခြောက်လနေရမယ်ဖြစ်ပါတယ်။အကျဥ်းသားတိုင်းဟာ ကိုယ်ကြိုက်နှစ်သက်ရာပစ္စည်းတခုကိုယူလာခွင့်ရှိပြီး ဂေါ်ရန်ဟာ စာအုပ်တစ်အုပ်ကို ယူဆောင်လာပါတယ်။ သူနိုးလာတာနဲ့ Level 48 မှာရောက်နေပီး အခန်းဖော်က အဖိုးကြီးတစ်ယောက်ဖြစ်ပါတယ်။ Level 48ဆိုတဲ့ သိပ်မဆိုးတဲ့ အခြေအနေတစ်ခုပဲဖြစ်ပီ အခန်းဖော်ကြီးကတော့အဆိုးဆုံး 137ထိရောက်ဖူးတယ်လို့ဆိုပါတယ်။ အခန်းဖော် အဖိုးကြီးယူဆောင်ခဲ့တဲ့ ပစ္စည်းကတော့ ဓါးတစ်လက်ဖြစ်ပါတယ်။ပထမတစ်လက အဆင်ပြေပေမဲ့ နောက်တစ်လနိုးလာတဲ့အချိန်မှာတော့ Level 172 ကိုရောက်နေပြီ ဂေါ်ရန်ဟာ ကြိုးဖြင့်ချည်နှောင်ခြင်းခံထားရပါတယ်။ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ ကိုယ်ကိုတိုင်ပဲ ကြည့်ရှုလိုက်ကြပါ။
ဒီရုပ်ရှင်ဟာ အထပ်1ကနေ 50 ထိက အခွင့်ထူးခံလူတန်းစားတစ်ရပ်ကို ရည်ညွှန်းပြီ အောက်ထပ်ကလူများကတော့ ငတ်ပြတ်ဒုက္ခရောက်နေတဲ့လူတန်းစားကို ပြထားတယ်လို့မြင်ပါတယ်။ဒါအပြင် ဇာတ်ကောင်တိုင်းဟာ အပြင်လောကမှာရှိတဲ့ လူ့သဘောသဘာဝတွေကို ပြောချင်ပုံရတယ်။ အဓိကဇာတ်ဆောင်ကတော့ မညီမျှခြင်းတွေကို ပြောင်းလဲဖို့အတွက်အထက်ကလူတွေသိအောင် ကြိုးစားနိုင်တဲ့လူတစ်ယောက်လားဆိုတာ ကြည့်ရှုပီဆက်တွေးနိုင်ပါတယ်။
အိမ်မှာ Stay At Homeနေရင်း တွေးစရာဇာတ်ကားလေးကို ညွှန်းပေးလိုက်ပါတယ်။

By: Myat Noe

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img