bnr_tob_1

2020.03.31LIFE&TREND

မျက်နှာလေးကို အထူးနူးညံ့သွားစေပြီး သိသာတဲ့ Effect ရစေတဲ့ THEFACESHOP ရဲ့ Solution Mask

Covid19 ကြောင့်အိမ်တွင်းအောင်းနေရချိန်မှာTHEFACESHOP ရဲ့ The Solution Mask နဲ့အတူ အသားအရေထိန်းသိမ်းရင်း အိမ်တွင်းအောင်းကြရအောင်။ ကျွန်မအနေနဲ့ Solution Mask ကို အသုံးပြုဖို့အကြံပေးရခြင်းနောက်ကွယ်က အာမခံလို့ရတဲ့အကြောင်းအရင်းများစွာရှိပါတယ်။ ပထမအချက်အနေနဲ့ Solution Mask မှာ Mask အမျိုးအစားဆယ်မျိုးခန့်ပါ၀◌င်ပါတယ်။ အသားအရေခြောက်သွေ့သူ၊ အသားအရေစိုပြေသူ၊ Combination Skin ရှိသူ၊ Sensitive Skin သမားများနှင့် အားလုံးအသုံးပြုလို့ရအောင် ထုတ်လုပ်ထားပါတယ်။ အားလုံးပဲ…Work From Home ဆိုတဲ့အတိုင်း အိမ်မှာ အေးအေးဆေးဆေးနဲ့ အသားအရေထိန်းသိမ်းကြဖို့ အဆင်သင့်ဖြစ်နေပြီဆိုရင်တော့ အောက်ပါအချက်တွေကို လိုက်ကြည့်လိုက်ရအောင်လား။

THEFACESHOP ရဲ့ The Solution Mask နဲ့ ကိုယ့်အသားအရေကို အိမ်တွင်းအောင်းနေတဲ့ အချိန်မှာ Glow အောင်ဖန်တီးနိုင်ပါတယ်။ တစ်ရက်ကို Mask တစ်မျိုးစီနဲ့ ၇ ရက်ဆက်တိုက် Mask ကပ်ပေးရပါမယ်။ ဒါပေမယ့်လည်း ၂ရက်ဆက်တိုက်လောက်သုံးပေးလိုက်တာနဲ့ ရလဒ်က သိသာပါတယ်နော်။

 ပြီးတော့ အထုပ်ထဲမှာ Serum တွေအများကြီးပါတာမို့ Mask ကပ်ထားပြီး လက်ကျန် အိတ်ထဲက Serum တွေနဲ့လက်တွေ၊ လည်ပင်းတွေ ကိုလည်း သုတ်လိမ်းထားပေးလို့ရပါတယ်။

Mask ကို ဘယ်လိုအသုံးပြုရမလဲဆိုတော့ မျက်နှာသစ် သန့်စင်ပြီး၊ Toner လိမ်းပြီး Mask လေးကပ်ပေးပါ။ Mask ကပ်ပြီးသွားရင် ရေနဲ့ပြန်ဆေးမချပါနဲ့နော်။ မျက်နှာကို Massage လေးလုပ်ပေးလိုက်ပါဦး။ ဒါဆိုရင်တော့ Glow ဖြစ်ဖို့က မလွဲမသွေပါပဲနော်။

ဈေးနှုန်းကတော့ Mask တစ်ခုကို 3,500 Ks ကျသင့်မှာဖြစ်ပြီး ပေးရတဲ့ဈေးနဲ့ ပြန်ရရှိတဲ့ အကျိုးအာနိသင်က တန်တယ်လို့ပြောနိုင်ပါတယ်နော်။

ကဲ ဒီလိုဆိုရင် ဘယ် Mask က ဘယ်လိုအစွမ်းသတ္တိတွေရှိမလဲဆိုတာကို ကြည့်ရှုလေ့လာပေးပါအုံးနော်။

The Solution: Hydrating Face Mask : Hyaluronic Acid ပါဝင်တာကြောင့် ခြောက်သွေ့နေတဲ့အသားရေကို အစိုဓာတ်နဲ့ရေဓာတ်ဖြည့်တင်းပေးပြီး စိုပြည်နေစေပါတယ်။

The Solution: Moistruizing Face Mask  : Ceramide ပါဝင်တာကြောင့် အသားရေကို အစိုဓာတ်ဖြည့်ပေးပါတယ်။

The Solution: Brightening Face Mask : Pearl & Niacinamide ပါဝင်တာကြောင့်ညိုညစ်နေတဲ့အသားရေကိုဖြူစင်စေပါတယ်။

The Solution: Firming Face Mask : Peptide & Adenosine ပါဝင်တာကြောင့် အသားအရေရဲ့ကျုံ့နိုင်ဆန့်နိုင်စွမ်းတွေကို တိုးတက်ကောင်းမွန်စေပြီး အသားအရေချောမွေ့စေပါတယ်။

The Solution: Wrinkle Care Face Mask : Peptide နဲ့ Adenosine တို့ပါဝင်တဲ့အတွက် Anti-Wrinkle ဖြစ်စေပြီး အသားအရေကို တင်းတင်းရင်းရင်းဖြစ်စေပြီး ကြည်လင်စေပါတယ်။

The Solution: Pore Care Face Mask : Tannis နဲ့ Natural Polyphenol ကြောင့် ချွေပေါက်တွေပိုကျဉ်းစေပြီး အသားရေကိုချောမွေ့စေပါတယ်။

The Solution: Nourishing Face Mask : Propolis & Adenosine ပါဝင်တာကြောင့် ပင်ပန်းနွမ်းနယ်နေတဲ့ အသားရေကို အဟာရဖြည့်ပေးပြီး လန်းဆန်းစေပါတယ်။

The Solution: Soothing Face Mask : Madecassoside ပါဝင်တာကြောင့် အသားရေကိုချောမွေ့စေပါတယ်။

By : Theingi Kyaw

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img