bnr_tob_1

2020.01.29LIFE&TREND

အရမ်းချစ်ဖို့ကောင်းတဲ့ THEFACESHOP ရဲ့ Premium Skin Care Promotion

THEFACESHOP ဟာ မြန်မာနိုင်ငံကို ပထမဆုံးရောက်ရှိလာတဲ့ Skin Care Brand ဖြစ်အားလျော်စွာ အားပေးသူ အခိုင်အမာရရှိထားပါတယ်။ THEFACESHOP ဟာ တစ်ကမ္ဘာလုံးဆိုင်ရာမှာ Premium လိုင်းဖက်ကို တဖြည်းဖြည်းနဲ့ပြောင်းလဲလာတော့မှာဖြစ်ပါတယ်။ နိုင်ငံတကာနည်းတူ မြန်မာနိုင်ငံမှာလည်း THEFACESHOP မှ Premium Skin Care ဖက်ကို တဖြည်းဖြည်းပြောင်းလဲလာပါပြီ။

THEFACESHOP ရဲ့ချစ်ဖို့ကောင်းတဲ့အချက်ကတော့ Premieum Skin Care ပစ္စည်း၀ယ်ယူသူတိုင်းကို တစ်လနဲ့တစ်လမတူညီရအောင် လက်ဆောင်ပစ္စည်းတွေပေးနေတာပဲဖြစ်ပါပဲ။ ဒီ ဇန်န၀ါရီလမှာဆိုရင်လည်း လက်ဆောင်ပစ္စည်းမျိုးစုံကို ပြင်ဆင်ထားပါတယ်တဲ့။ ဘာတွေပြင်ဆင်ထားသလဲဆိုတာကို ကျွန်မနဲ့ လိုက်ပါကြည့်ရှုလိုက်ရအောင်လားရှင်။

ပထမဆုံးတစ်ခုပေးမယ့်လက်ဆောင်ကတော့ Rice Water Bright Facial Foam (150ml) ပဲဖြစ်ပါတယ်။ THEFACESHOP ရဲ့ Chia Seed Hydro Skincare Series ထဲက ကိုယ်ကြိုက်နှစ်သက်ရာတစ်ခု ဝယ်ယူပြီး Rice Water Bright Facial Foam (150ml) တစ်ခုကို ရယူနိုင်ပါတယ်။

Chia Seed Hydro Skincare Series  ဟာ Revitalizing , Brightening Effect များရစေပြီး အသားအရေအတွင်းပိုင်းထိ အစိုဓါတ်နှင့်ရေဓါတ်ကိုဖြည့်ပေပါတယ်။  ပုံမှန်အသားအရေနဲ့ အဆီပြန်တဲ့အသားအရေကို ပိုင်ဆိုင်ထားတဲ့သင်တို့အတွက် အထူးသင့်တော်တဲ့ THEFACESHOP ရဲ့ စီးရီးလေးတစ်ခုဖြစ်ပါတယ်။ Rice Water Bright နဲ့ မျက်နှာကို သန့်စင်ပြီး Chia Seed Hydro Skincare Series နဲ့ Skincare လုပ်.. အို လေပြေလေးတို့အသားအရေက ပြန်ပြီး ကျေးဇူးတင်နေမှာပါ။ တန်ဖိုးတွေကတော့….

Chai Seed Hydro Cream – 38,800 Ks
Chai Seed Hydro Emulsion – 29,800 Ks
Chai Seed Hydro Toner – 28,800 Ks အသီးသီးဖြစ်ပါတယ်။

နောက်ထပ် လက်ဆောင်ကတော့ Yehwadam First Serum (50ml) နဲ့ Yehwadam Cleansing Kit တို့ကိုပေးသွားမယ့်လက်ဆောင်ဖြစ်ပါတယ်။ ဟုတ်ပါတယ် လက်ဆောင်ပစ္စည်း၂မျိုးတိတိပေးသွားမှာပါ။

ဒီလက်ဆောင်ကတော့ THEFACESHOP ရဲ့ Yehwadam Skincare ထဲက ကိုယ်ကြိုက်နှစ်သက်ရာတစ်မျိုးကို ၀ယ်ယူလိုက်တာနဲ့ ရရှိမယ့်လက်ဆောင်ပစ္စည်းပါ။

 Yehwadam (ရာယ်ဟွာဒမ်) ဆိုတာ ကမ္ဘာမြေကြီးရဲ့ တောင်ထိပ်နဲ့ ပင်လယ်ထဲကလာတဲ့ ညွှတ်ပေ့ဆိုတဲ့ ပစ္စည်း ၂မျိုးနဲ့ အဓိက ဖော်စပ်ထားတာ။ တောင်ကိုရီးယားရဲ့ စျေးကြီးလှပါပေ့ဆိုတဲ့ တောင်ထိပ်က ဂျင်စင်းဖြူ ၊ ပင်လယ်ပြင်ကလာတဲ့ ပုလဲအမှုန့်တွေ အပြင်ကို အခြားသော သဘာဝပစ္စည်းတွေနဲ့ အချိုးကျကျပေါင်းစပ်ထားတဲ့ Skin Care ဖြစ်ပါတယ်။

ပရိုမိုးရှင်းအစီအစဉ်လေးကတော့.. THEFACESHOP ရဲ့ Yehwadam Skincare ထဲက ကိုယ်ကြိုက်နှစ်သက်ရာ Skin Care တစ်မျိုးကို ဝယ်ယူလိုက်မယ်ဆိုတာနဲ့ Yehwadam First Serum (50ml) နဲ့ Yehwadam Cleansing Kit ကို လက်ဆောင်ရရှိမှာဖြစ်ပါတယ်။

ပရိုမိုးရှင်းကာလက ဇန်နဝါရီ (၂၆) ရက်နေ့ကနေ (၃၁) ရက်နေ့အထိဖြစ်ပြီး လက်ဆောင်ပစ္စည်းလက်ကျန်ရှိတဲ့အထိ ထုတ်ပေးသွားမှာဖြစ်ပါတယ် တဲ့။

အရမ်းကို ၀ယ်ချင်နေပြီထင်တယ်..၊ ဟုတ်ကဲ့ပါ ကျွန်မက မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ THEFACESHOP ဆိုင်ခွဲ ၁၀ဆိုင်ကိုပြောပေးသွားပါမယ်။
မြန်မာပလာဇာ
လှည်းတန်းစင်တာ
City Mall (St.john)
ယုဇနပလာဇာ
Junction Square
Junction Maw Tin

Junction City

မန္တလေးမှာဆိုရင်
Central Point
The One Shopping Mall

နေပြည်တော်မှာဆိုရင်
Junction Nay Pyi Taw
တို့မှာ ဝယ်ယူပြီး ပရိုမိုးရှင်းလေးတွေရယူနိုင်ပါပြီနော်။အားလုံးပဲ လှသည်သထက်လှနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်။

By : Theingi Kyaw

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img