bnr_tob_1

2020.03.13LIFE&TREND

အသားအရေလျော့ရွဲမှုတွေကိုပါ သက်သာသွားပြီး အိုမင်းမှုတွေကို သိသာစွာလျော့ကျသွားတဲ့ THEFACESHOP ရဲ့ Premium Eye Cream

သင်သိပါသလား…THEFACESHOP ရဲ့ Premium Series ထဲမှာပါ၀င်တဲ့ Yehwadam ရဲ့ Eyecream က ဆေးဖက်၀င်သစ်မြစ်သစ်ဖု ၁၂မျိုး၊ မြေဆီလွှာထဲက စိန်တုံးဆိုပြီး နာမည်ကြီးတဲ့ ဆေးဖက်၀င် အတုံးအမြစ် White Truffle နဲ့ သမင်ဂျိုတို့နဲ့ အတူဖော်စပ်ပြုလုပ်ထားတယ်ဆိုတာ…၊ သူ့နာမည်က YEHWADAM HWANSAENGGO ULTIMATE REJUVENATING EYE CREAM ဖြစ်ပါတယ်။

အမျိုးသမီးတိုင်းနီးပါးဟာ Skincare လုပ်ကြပေမယ့် Eye Cream ကိုတော့ မေ့နေတတ်ကြပါတယ်။ အသက် (၃၀) ကျော်အရွယ်မှာ Eye Cream က မရှိမဖြစ်လိုအပ်တဲ့ Skincare ပစ္စည်းထဲမှာ ပါဝင်ပါတယ်။ အလှအပပညာရှင်များကလည်း Eye Cream က Moisturizer နီးနီး အရေးပါတဲ့ အရာတစ်ခုလို့ အကြံပြုထားကြပါတယ်။

ဘာလို့ Eye Cream လိုအပ်တာလဲ ? 
မျက်လုံးဧရိယာတဝိုက်က လျင်မြန်စွာအိုမင်းနိုင်ပြီး ပါးလွှာ၊ နူးညံ့သိမ်မွေ့တဲ့ အသားအရေဖြစ်သလို ရေဓါတ်ဆုံးရှုံးမှုမြန်ဆန်လို့ပဲဖြစ်ပါတယ်။

EyeCream ပေါင်းသောင်းခြောက်ထောင်လောက် စျေး ကွက်ထဲမှာရှိနေပါတယ်။ ဒီ Eye Cream တွေထဲမှာမှ… သူ့နာမည်က YEHWADAM HWANSAENGGO ULTIMATE REJUVENATING EYE CREAM ကို အသုံးပြုဖို့ ခိုင်မာစွာ အကြံပေးချင်ပါတယ်။

နံပတ်(၁)…  YEHWADAM HWANSAENGGO ULTIMATE REJUVENATING EYE CREAM ကို သစ်ဥသစ်ဖု ၁၂မျိုး၊ ၁၂မျိုး၊ မြေဆီလွှာထဲက စိန်တုံးဆိုပြီး နာမည်ကြီးတဲ့ ဆေးဖက်၀င် အတုံးအမြစ် White Truffle နဲ့ သမင်ဂျို တို့နဲ့အတူ ဖန်တီးဖော်စပ်ပြုလုပ်ထားပါတယ်

နံပတ်(၂).. YEHWADAM HWANSAENGGO ULTIMATE REJUVENATING EYE CREAM

 ဟာ သင့်အသားအရေကို အထူး(အထူး) အားဖြည့်ပေးပါတယ်။ သင့်အသားအရေကို ချက်ချင်းဆိုသလို အစိုဓာတ်ဖြန့်ပေးမှာဖြစ်ပြီး မျက်လုံးတစ် ဝိုက် က နေရာတွေကို ချက်ချင်းဆိုသလို တင်းတင်းရင်းရင်းဖြစ်စေမှာပါ။

နံပတ်(၃)…အနံ့က ဂျင်စင်းအနံ့နဲ့ ပန်းရနံ့တွေကို ရောစပ်ထားပြီး အနံ့ကအစ အရမ်း Luxury ဆန်တယ်လို့ ပြောနိုင်ပါတယ်။

နံပတ်(၄)….သင့်အသားအရေ ကို နူးညံ့စေနိုင်မှာဖြစ်လို စုပ်ယူမှုအားလည်း မြန်ဆန်ပါတယ်။

အသုံးပြုပုံကတော့ မျက်လုံးတစ် ဝိုက် ကို အသာအယာ နှိပ်နယ်ပြီး စက်ဝိုင်းပုံစံ လိမ်းကျံပေးပါ။

Creamကို မျက်လုံးကို မထိပါစေနဲ့။ အသားအရေကို ထိခိုက်စေတယ်ဆိုရင်တော့ အသုံးပြုတာကို ချက်ချင်းရပ်နားစေချင်ပါတယ်။ နေရောင်ခြည်နဲ့တိုက်ရိုက်ထိတွေ့တာမျိုး၊ အပူချိန်များတဲ့နေရာမျိုးတွေမှာထားတာမျိူးမလုပ်ပါနဲ့နော်။

နောက်ဆုံးအနေနဲ့ပြောချင်တာကတော့ သင့်အနေနဲ့ တန်ဖိုးကြီး Eyecream တစ်မျိုး ပစ်ပြီး၀ယ်လိုက်ဖို့ ၀န်မလေးပါနဲ့လို့ အမှာပါးလိုက်ပါစေရှင်။

YEHWADAM HWANSAENGGO ULTIMATE REJUVENATING EYE CREAM ရဲ့ တန်ဖိုးကတော့ ၈၉၉၀၀ ကျပ်ပါရှင်။ ရန်ကုန်က THEFACESHOP ဆိုင်များမှာသာရရှိနိုင်သေးပြီး Myanmar Plaza, Junction City နဲ့ City Mall (St.John) ဆိုင်ခွဲများမှာရရှိနိုင်ပါကြောင်း သတင်းပေးအပ်ပါရစေရှင်။

By : Theingi Kyaw

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img