bnr_tob_1

2020.01.27LIFE&TREND

တစ်ခါမှမပေးဖူးတဲ့ လက်ဆောင်တွေပေးသွားမယ့် THEFACESHOP က Junction City ရဲ့ ဆိုင်သစ်ဖွင့်ပွဲ

Junction City မှာ THE FACESHOP ရဲ့ ဆိုင်ခွဲအသစ်ဖွင့်နေပြီဖြစ်ပါတယ်။ THEFACESHOP ဟာ မြန်မာနိုင်ငံကို ရောက်ရှိလာတဲ့အချိန်ကစလို့ ယနေ့အချိန်အထိ ဈေး ကွက်ထဲမှာ နေရာ ရရှိနေဆဲဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ Premium Product Line ကို တဖြည်းဖြည်းကူးပြောင်းလာပြီဖြစ်သလို အားပေကြတဲ့ သူတွေကလည်း အခိုင်အမာရှိနေဆဲပါပဲ။

မြန်မာနိုင်ငံအနှံ့မှာ ဆိုင်ခွဲပေါင်း ၁၀ဆိုင်ဖွင့်ထားတဲ့ THEFACESHOP ဟာ လက်ရှိအချိန်မှာတော့ ၁၁ဆိုင်မြောက်ဆိုင်ခွဲကို ဖွင့်လှစ်လိုက်ပြီပဲဖြစ်ပါတယ်။ ဒီဆိုင်ခွဲကတော့ ရန်ကုန်မြို့ရဲ့ အကြီးဆုံးသော Shopping Center တွေထဲကတစ်ခုဖြစ်တဲ့ Junction City မှာဖွင့်လှစ်လိုက်ပြီပဲဖြစ်ပါတယ်။

THEFACESHOP ဟာ ဆိုင်ဖွင့်ပွဲအထိမ်းအမှတ်အနေနဲ့ လက်ဆောင်ပစ္စည်းပေါင်းများစွာကိုပေးသွားမှာဖြစ်ပါတယ်။ ပေးမယ့် ပရိုမိုးရှင်းအမျိုးအစားတွေကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်၊ လိုက်ပါကြည့်ရှုပေးကြပါအုံး။

Solution Mask (၅) ခုဝယ် – Solution Mask (၅) ခု လက်ဆောင်
Herb Day Master Blending Foam (၁) ဘူးဝယ် – Herb Day Facial Foam (၁) ဘူးလက်ဆောင် (Acerola or Peach Foam)
Jeju Aloe Ice Gel တစ်ဘူးဝယ် – Jeju Aloe Ice Gel တစ်ဘူးလက်ဆောင်
No Shine Sun Cream တစ်ဘူးဝယ် – No Shine Sun Cream တစ်ဘူးလက်ဆောင် အစရှိသည်တို့ကို ပေးသွားမှာပဲဖြစ်ပါတယ်။

ဒါ့ထက်အပြင်ကို အရမ်းမိုက်တဲ့ လက်ဆောင်ပေးမယ့် အစီအစဥ◌်လေးလည်းရှိနေပါတယ်။ ဒါကတော့ (၅) သောင်းဖိုးအထက်ဝယ်ယူလိုက်တာနဲ့ THEFACESHOP Member ဖြစ်နိုင်မယ့် အခွင့်အရေးရှိနေပါတယ်။

 ပုံမှန်အားဖြင့် THEFACESHOP Member Card ကို တစ်လအတွင်း ငွေကျပ် (၂) သိန်းဖိုးနှင့်အထက် ဝယ်ယူမှသာ ရရှိမှာဖြစ်ပါတယ်။ အခု THEFACESHOP ရဲ့ Junction City ဆိုင်သစ်မှာ Soft Opening အထူး အစီအစဉ်အဖြစ် ကျပ် (၅) သောင်းဖိုးနဲ့အထက် ဝယ်ယူလိုက်တာနဲ့ TFS Lifetime Member Card ကို ရရှိနိုင်မှာဖြစ်ပါတယ်။

ဝိုး….အရမ်းကို မိုက်တဲ့အစီအစဉ်ပဲနော်။

 Soft Opening ကျင်းပချိန်ကာလဖြစ်တဲ့ ဇန်နဝါရီ ၂၄ ရက်မှ ၂၆ ရက်အတွင်း Member Card ကို အရေအတွက်အကန့်အသတ်နဲ့ ထုတ်ပေးသွားမှာဖြစ်တာကြောင့် Junction City Level 3 က THEFACESHOP ဆိုင်သစ်လေးကို မြန်နိုင်သမျှ အမြန်ဆုံးလာခဲ့ဖို့တော့ လိုပါလိမ့်မယ်ရှင်။

By : Theingi Kyaw

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img