bnr_tob_1

2020.04.30LIFE&TREND

ဆံသားကြမ်းတမ်းသူများအတွက် အသင့်တော်ဆုံး Thebodyshop ရဲ့ Shampoo များ

ယောက်ျားတို့ဘုန်း မိန်းမမှာဆံထုံးဆိုတဲ့ စကားပုံရှိပါတယ်။ အမျိုးသမီးလေးတွေ ဆံကေသာလှလှလေးဖြစ်နေရင် ရုပ်ရည်က အလိုလိုတင့်တယ်နေပါတယ်။ ဆံသားလှလှလေးရှိနေဖို့ အထူးဂရုပြုသင့်ပါတယ်။

ဆံသားတွေကို ကောက်လိုက်၊ဖြောင့်လိုက်၊ ဆေးဆိုးလိုက် လုပ်နေတဲ့သူတွေဆိုရင် ဆံသားတွေ ခြောက်သွေ့ပြီးကြမ်းတမ်းနေတတ်ပါတယ်။ မွေးကတည်းက ဆံသားက နုနုလေးပါ။ သင်တို့ ထိန်းသိမ်းမှုလိုနေတဲ့အတွက် ကြောင့် ဆံသားက ဆိုးနေရခြင်းဖြစ်ပါတယ်။

ဒီလိုဆိုရင် ဆံသားပြုပြင်ထိန်းသိမ်းဖို့အတွက် ဘာတွေလိုအပ်သလဲဆိုတာကို သိကြပါသလား။ အဓိကအရေးအကြီးဆုံးကတော့ ကွာလတီကောင်းတဲ့ ခေါင်းလျှော်ရည်လိုအပ်ပါတယ်။ ဒါကြောင့် ကျွန်မအနေနဲ့ ဒီတစ်ခါမှာဆိုရင်တော့ Thebodyshop ရဲ့ အကောင်းစား Shampoo လေးတွေနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

Ginger Anti-Dandruff Shampoo 250 ml – 14,500 ks

Ginger Shampoo ကတော့ နွေနေပူပူကြောင့် ဦးရေပြားယားယံပြီး ဗောက်ထတက်သူလေးတွေအတွက်အထူးသင့်တော်ပါတယ်။

ဦးရေပြားကို ထိရောက်မှုရှိရှိ နှစ်သိမ့်ပေးမယ့် ဒီ Ginger Shampoo လေးထဲမှာ သီရိလင်္ကာက ဂျင်းဆီပါဝင်ပါတယ်။

Panthenol ကဆံသားကို ပျော့ပျောင်းစေကာ သန်စွမ်းစေပြီး ကြွပ်ဆပ်ခြင်း၊ နှစ်ခွဖြစ်ခြင်းတို့ကို လျှော့ချပေးပါတယ်။

ပုံမှန် သုံးပေးမယ်ဆိုရင်ဗောက်များကို ကင်းစင်စေပြီး ဂျင်းဆီ၊ ဘုဇပတ်ခေါက်၊ မိုးမခပင်နဲ့ ကပ်ပါးရေညှိတို့ရဲ့ အစွမ်းကြောင့် ဆံသားကိုရော ဦးရေပြားကိုပါ ကျန်းမာစေမှာပါနော်။

ခေါင်းလျှော်ပြီးရင် ဆံသားခြောက်ခြင်းမှကင်းဝေးစေမယ့် Ethiopia က Community Trade ပျားရည်လည်းပါဝင်တဲ့အတွက် ဆံပင်အရင်းမှ အဖျားအထိနူးညံ့ ပျော့ပြောင်းစေနိုင်ပါတယ် ။

Banana Truly Nourishing Shampoo – 14,500 ks

သူကတော့ ဆံသားခြောက်သွေ့ပြီးအဟာရဓာတ်လိုအပ်နေတဲ့ ဥ◌ီးရေပြားပိုင်ရှင်လေးတွေအတွက်ဖြစ်ပါတယ်။

Banana Shampoo လေးကတော့ တောင်အမေရိက အီကွေဒေါမှရရှိတဲ့ Banana ကို အဓိက အခြေခံထားပြီး

ဦးရေပြားကိုထိခိုက်ပျက်စီးစေတက်တဲ့ ဆီလီကွန်ပါဝင်ခြင်းမရှိတဲ့အတွက် ဦးရေပြားအတွက်ရော ဆံသားအတွက်ပါ အလွန်ကောင်းမွန်တဲ့ Shampoo လေးပေါ့။

Community Trade ပျားရည်ကို အသုံးပြုထားတဲ့ အသီးနံ့သင်းနေတဲ့ Shampoo လေးက ဆံသားကို သန့်စင်ပေးပြီး နူးညံ့စေပါတယ်။

ဆီလီကွန်ပါတဲ့ ထုတ်ကုန်တွေသုံးလို့ ခေါင်းမှာတင်ကျန်ခဲ့ရင် ဒီ Shampoo လေးမှာပါတဲ့ ဆာလဖိတ်ဓာတ်က အဲဒါတွေကို ဖယ်ရှားပေးပါတယ်။

ပုံမှန်လေးသာသုံးပေးမယ်ဆိုရင် ဆံသားရဲ့လိုအပ်တဲ့အာဟာရကိုဖြည့်ဆည်းပေးနိုင်တဲ့အပြင် ဆံပင်ကျွတ်ခြင်းမှလည်းကာကွယ်ပေးနိုင်ပါတယ်နော်။

Fuji Green Tea Refreshingly Purifying Shampoo – 14,500 ks (အဆီပြန်တဲ့ဦးရေပြားအတွက်)

Fuji Green Tea Shampoo လေးက လက်ဖက်စိမ်းရွက်လေးတွေရဲ့အာနိသင်ကြောင့် ဆံသားနဲ့ဦးရေဟာသန့်ရှင်းကျန်းမာပြီး လန်းဆန်းမွှေးပျံ့တဲ့ရနံ့လေးကြောင့်လည်း စိတ်ကိုရောကိုယ်ပါ တက်ကြွလန်းဆန်းစေနိုင်ပါတယ်လို့

Fuji တောင်ခြေကလက်ဖြင့်ခူးဆွတ်ထားတဲ့ နာမည်ကြီးလက်ဖက်ရွက်စိမ်းလေးတွေက Fuji Green Tea Shampoo ရဲ့အဓိကပါဝင်ပစ္စည်းလေးပေါ့

သဘာဝလက်ဖက်စိမ်းအပြင် အီသီယိုးပီးယားက ပျားရည်ပါ ပါဝင်တာကြောင့် ဆံသားကိုပျော့ပျောင်းမှုပေးစွမ်းနိုင်ပါတယ်နော်

အဆီပြန်တဲ့ဆံသားပိုင်ရှင်တွေအတွက် အထူးကောင်းမွန်တဲ့ Shampoo ပေါ့။

Shea Richly Replenishing Shampoo – 14,500 ks

Shea Shampoo လေးဟာဆိုရင် ဂါနာမှရရှိတဲ့ Community Trade shea butter ကိုအခြေခံပြီးထုတ်လုပ်ထားတဲ့ အပြင် 100% Vegan ဖြစ်တဲ့အတွက် ထိခိုက်ပျက်စီးလွယ်တဲ့ဆံသားနဲ့

ခြောက်သွေ့တဲ့ဆံသားပိုင်ရှင်တွေအတွက် အကောင်းဆုံးအားဖြည့် Shampoo လေးပေါ့

ဒီ Shampoo လေးသုံးပေးမယ်ဆိုရင် ဆံသားနဲ့ဦးရေပြာကိုသန့်ရှင်းကာ အာဟာရ ပြည့်ဝစေပြီး နူးညံ့တဲ့ဆံသားလေးကိုပိုင်ဆိုင်စေမှာပါလို့

Strawberry Clearly Glossing Shampoo – 14,500 ks

Strawberry Shampoo လေးထဲမှာဆိုရင် အီတလီကရတဲ့ တစ်နေကုန်ချိုအီမွှေးကြိုင်နေစေမယ့် စတော်ဘယ်ရီစေ့ဆီပါဝင်ပါတယ်

ဆံသားကို စိုပြေစေမယ့် ရှားစောင်းလက်ပတ်နဲ့ အလှဆီပါဝင်လို့ အစိုဓာတ်ပြည့်ဝပြီး ဆံသားကို တောက်ပြောင်စေတဲ့အတွက် မွဲခြောက်နေတဲ့ဆံသားပိုင်ရှင်လေးတွေ သုံးပေးသင့်တဲ့ Shampoo လေးပေါ့။

ရှန်ပူကောင်းကောင်းလေးသုံးရင် စိတ်ထဲမှာလည်းနေလို့ကောင်းသွားတယ်ဆိုတာသိကြတယ်ဟုတ်။ ဒီလိုဆိုရင်တော့ Thebodyshop ရဲ့ ရှန်ပူအကောင်းစားတွေကို အသုံးပြုပေးဖို့ လမ်းညွှန်လိုက်ပါတယ်နော်။

By : Theingi Kyaw

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img