bnr_tob_1

2020.11.11SOCIAL

အိမ်မှာစိုက်ပျိုးထားသင့်တဲ့ရှားစောင်းလက်ပတ်ရဲ့အစွမ်း

ရှားစောင်းလက်ပတ် နဲ့ပတ်သက်တဲ့ အသုံးဝင်ပုံတွေကို စာပေအတော်များများမှာရေးသားဖော်ပြကြတာကို တွေ့မြင်ဖူးကြမှာပါ။
ရှားစောင်းလက်ပတ် ရဲ့အသုံးဝင်ပုံတွေကို သိရှိထားရင်တော့ တကယ်ကိုအကျိုးရှိစေမှာ အမှန်ပါဘဲ။ လူ့ခန္ဓာကိုယ်မှာရှိတဲ့ နေရာအတော်များများမှာ အသုံးဝင်လှတဲ့ သဘာဝသစ်သီးသစ်ပင်ဖြစ်တဲ့အတွက် မိမိတို့ရဲ့နေအိမ်မှာ စိုက်ပျိုးထားသင့်တဲ့ အပင်တစ်မျိုးလည်းဖြစ်ပါတယ်။
ရှားစောင်းလက်ပတ်ရဲ့အသုံးဝင်ပုံတွေက တော့ များလှပါတယ်။ အလှအပအတွက်သော်လည်းကောင်း၊ ကျန်းမာရေးအတွက်သော်လည်းကောင်း အသုံးပြုနိုင်ပါတယ်။

dav

ရှားစောင်းလက်ပတ်ဟာ အသားအရေကို စိုပြေနုပျိုစေနိုင်တဲ့ အစွမ်းရှိလို့ရှားစောင်းလက်ပတ်ရဲ့အနှစ်နဲ့မျက်နှာကို ညင်သာစွာ ပွတ်တိုက်နှိပ်နယ်ပေးရင် အသားအရေကို ချောမွေ့ပြီး စိုပြေနုပျိုစေပါတယ်။
ရှားစောင်းလက်ပတ် အနှစ်နဲ့ခေါင်းလျှော်ပေးခြင်းဖြင့် ဆံသားကိုပျော့ပျောင်းနူးညံ့စေပြီး ဆံပင်ကျွတ်ခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။
ယနေ့ ခေတ်မှာ ရှားစောင်းလက်ပတ်နဲ့ထုတ်လုပ်ထားတဲ့ အလှကုန်ပစ္စည်းတွေကို နာမည်ကြီး brand တွေမှလည်း ထုတ်လုပ်ရောင်းချနေတာကိုတွေ့ရပါတယ်။
အရေပြားအပူလောင်တာကိုရှားစောင်းလက်ပတ်အနှစ်နဲ့ ပွတ်လိမ်းပေးရုံနဲ့ ပြည်မတည်စေဘဲ သက်သာပျောက်ကင်းစေပါတယ်။ မျက်စိမှုန်ဝါးပြီး မျက်စိပူတာစပ်တာတွေ၊ မျက်ရည်ပူကျတာတွေအတွက် အနှစ်ကို မျက်ခွံပေါ်မှာ နာရီဝက်ခန့် အုပ်ပေးထားရင် သက်သာပျောက်ကင်းပါတယ်။
ရှားစောင်းလက်ပတ် အနှစ်ကို အရည်ညှစ်ယူပြီး နားထဲကိုခပ်ပေးရင် နားကိုက်တာတွေကိုသက်သာပျောက်ကင်းစေပါတယ်။ရှားစောင်းလက်ပတ်အသားကို နုပ်နုပ်စဉ်းပြီး သကြားရည် သို့မဟုတ် သကြားနဲ့ဖျော်သောက်ပါက ခန္ဓာကိုယ်အတွင်း အပူကင်းစင်စေပြီး ဝမ်းမှန်စေပါတယ်။ ဆီးသွားပုံမှန်မဟုတ်ဘဲ မကြာခဏဆီးသွားတတ်သူတွေအတွက်လည်း ပုံမှန်ပြန်ဖြစ်စေနိုင်ပါတယ်။ ဆီးနီတာတွေ၊ ဆီးအောင့်တာတွေ၊ ဆီးကျောက်တည်တာတွေကိုလည်း သက်သာပျောက်ကင်းစေပါတယ်။
HIV၊ AIDS ကဲ့သိုသော ခုခံအားကျဆင်းနေတဲ့ ရောဂါတွေတောင်ရှားစောင်းလက်ပတ်ကို မှီဝဲသုံးစွဲခြင်းဖြင့် ရောဂါကိုသက်သာစေနိုင်ပြီး အားအင်ပြန်လည်ပြည့်ဖြိုးစေတယ်လို့ အဆိုရှိပါတယ်။

dav

နှလုံးအမောဖောက်ရောဂါ၊ လိပ်ခေါင်းရောဂါ၊ ကင်ဆာရောဂါ၊ အမျိုးသမီး မီးယပ်နည်းခြင်း၊ အဖြူဆင်းခြင်ရောဂါတွေကိုလည်း သက်သာပျောက်ကင်းစေပါတယ်။ လည်ပင်းကြီးရောဂါအတွက်ရှားစောင်းလက်ပတ်အသားကို လည်ပင်းမှာကပ်အုံပေးထားခြင်းဖြင့်လည်း သက်သာစေပါတယ်။
ရှားစောင်းလက်ပတ် အပင်ဟာ အာသားရော၊ အခွံပါ အသုံးဝင်ပါတယ်။ရှားစောင်းလက်ပတ်ယို၊ရှားစောင်းလက်ပတ်ချက်ဆေးတွေမှာ အခွံရော အသားပါ အသုံးပြုလေ့ရှိပါတယ်။
ရှားစောင်းလက်ပတ် အပင်ကို နေရာဒေသမရွေး စိုက်ပျိုးနိုင်ပါတယ်။ မိုးနည်းပြီး ခြောက်သွေ့တဲ့ အညာဒေသတွေမှာအများအပြား စိုက်ပျိုးဖြစ်ထွန်းပါတယ်။ မိမိတို့ရဲ့ နေအိမ်ခြံဝန်းထဲမှာ ပျိုးဘောင်လုပ်ပြီး စိုက်ပျိုးနိုင်သလို မြေအိုး ပန်းအိုတွေနဲ့လည်း အလွယ်တကူစိုက်ပျိုးနိုင်ပါတယ်။ရှားစောင်းလက်ပတ်ပင်ဟာ ကာဗွန်ဒိုင်အောက်ဆိုက်ကိုစုပ်ယူပြီး အောက်စီဂျင်ကိုထုတ်လွှတ်ကာ လေကိုသန့်စင်ပေးနိုင်တဲ့ အစွမ်းရှိတဲ့အပင်ဖြစ်လို့ နေအိမ်ဧည့်ခန်းတွေ၊ အိပ်ခန်းတွေမှာ ပန်းအိုးနဲ့အလှဆင်စိုက်ပျိုးထားနိုင်ပါတယ်။
မြေနေရာအခက်အခဲရှိသူတွေအတွက် နေအိမ်ဝရန်တာတွေမှာမြေအိုး၊ ပန်းအိုတွေနဲ့ စိုက်ပျိုးလို့ရပါတယ်။ ရေဝပ်မခံနိုင်တဲ့အပင်ဖြစ်တဲ့အတွက် တစ်ခါတစ်ရံ ရေကိုအနည်းငယ်စိုရုံသ ာ လောင်းပေးဖို့လိုပါတယ်။
စာဖတ်သူတို့လည်းရှားစောင်းလက်ပတ်ရဲ့ အသုံးဝင်ပုံတွေကို သိရှိပြီးဖြစ်တဲ့အတွက် မိမိတို့ရဲ့နေအိမ်မှာ စိုက်ပျိုးထားကြပါနော်။

By : Kyaw Thura Tun

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img