fb_icon

bnr_tob_1

2019.11.25LIFE&TREND

မြန်မာပြည်ထုတ် မြန်မာပြည်သားတွေကြိုက်ကြတဲ့ The Mix by Su

လက်ရှိအနေအထားအရ မြန်မာနိုင်ငံမှာ Local Brand တွေ ပေါ်ပေါက်လာတာမြင်ရတာ သိပ်ကို ၀မ်းသာစရာကောင်းပါတယ်။ အဆိုပါ Local Brand တွေကိုပဲ မြန်မာပြည်သူ၊ပြည်သားတွေ တခုတ်တရသုံးစွဲနေတာ မြင်ရတော့ ပိုပြီး ၀မ်းသာရပါသေးတယ်။ ဒီတစ်ခါမှာတော့ မြန်မာနိုင်ငံမှာ လူကြိုက်များပြီး တော်တော်များများအားပေးနေကြတဲ့ The Mix by Su Brand အကြောင်းကို ပြောပြပေးသွားပါမယ်။

The mix by Su ကို အမျိုးသမီး(၂)ဉီးဖြစ်တဲ့ မဆုဘုန်းမို နဲ့ မခင်မဉ္ဇူခိုင် တို့ ညီအစ်မ(၂)ယောက်မှ ကိုယ်တိုင်လုပ် Skin Care တွေကို စပြီး လုပ်ရာမှ စတင်ခဲ့ပါတယ်။ စစချင်းမှာတော့ Youtube ပေါ်မှာ သင်ကြည့်ပြီး နောက်မှာတော့ အမေရိက နဲ့ ထိုင်းနိုင်ငံတို့မှာ ပညာသွားသင်တယ်လို့သိရပါတယ်။ အပြင်က ဖော်မြူလာတွေကို စိတ်တိုင်းမကျမချင်းစမ်းသပ် ပြီး နောက်ဆုံးမှာတော့ ကိုယ်ပိုင်ဖော်မြူလာနဲ့ စိတ်တိုင်းကျရခဲ့ပါတယ်။ ဆပ်ပြာက အစ သူတို့ကိုယ်တိုင် ချက်ပါတယ်လို့ကြားရပါတယ်။ ဒါတွေအားလုံးထက် ဂုဏ်ယူစရာကောင်းတာတစ်ခုလည်းရှိနေပါသေးတယ်။ Beauty Diary မှာရှိတဲ့ ရောင်းအားအကောင်းဆုံး ပစ္စည်း(၁၀)မျိုးစာရင်းထဲကို ၀င်တဲ့ တစ်ခုတည်းသော မြန်မာထုတ် product တစ်ခုလည်းဖြစ်ပါတယ်။

ဒီတစ်ခါမှာတော့ The Mix by Su ရဲ့ နာမည်ကျော် Product တွေအကြောင်းကိုပြောပြပေးသွားပါမယ်။ ကြည့်ရှုပေးပါအုံး။

(၁) Soap

   (က) Aloe Vera Soap

ရှားစောင်းပင် အစစ်နဲ့ပြုလုပ်ထားတာဖြစ်တဲ့အတွက် အသားအရေကို ရေဓာတ်ဖြည့်ပေးနိုင်တဲ့အပြင်ကို ၀က်ခြံကိုပါ ပျောက်ကင်းနိုင်ပါတယ်။

  (ခ) Yougurt Soap

အသားရေကို ကြည်ပြီး တင်းတင်းရင်းရင်းဖြစ်စေပါတယ်။ အရေးအကြာင်းပျောက်ပြီး ချွေးပေါက်လည်း ကျဉ်းစေတဲ့အပြင် Sensitive Skin သမားတွေပါ အသုံးပြုလို့ရပါတယ်။

  (ဂ) Coffee Soap

   သူကတော့ ပေါင်မှာ အထစ်အထစ် ဖြစ်တတ်တဲ့သူတွေသုံးပေးသင့်ပြီး စွဲပြီးသုံးပေးမယ်ဆိုရင် Celluite တွေပါပျောက်ကင်းစေနိုင်သလို နေလောင်ဒဏ်ရှိသူတွေလည်း အသုံးပြုပေးဖို့အတွက် အကြုံပြုလိုက်ချင်ပါတယ်။

အပေါ်က ပြောပြခဲ့တာတွေကတော့ The Mix by Su ရဲ့ Soap လိုင်းပါ။ သူတို့အားလုံးက မျက်နှာရော ခန္ဒာကိုယ်အတွက်ပါ အသုံးပြုနိုင်ပါတယ်။ နောက်ထပ် Scrub Line အကြောင်းပြောပြပေးသွားပါမယ်။

   (က)  Turmeric & Ginger Scrub

ကျွန်မတို့ မြန်မာတွေတော်တော်များများဟာ ညိုညက်တဲ့အသားအရေကို ပိုင်ဆိုင်ထားကြပါတယ်။ နေလောင်ဒဏ်ကို ပျောက်ချင်တာပဲဖြစ်ဖြစ် အသားအရေချောချောမွတ်မွတ်လေးနဲ့ ကြည်ကြည်လေးဖြစ်ချင်တယ်ဆိုရင်တော့ Turmeric & Ginger Scrub ကို အသုံးပြုနိုင်ပါတယ်။

(ခ) Cotton Candy Scrub

အသားအရည် ညီညီစိုစိုလေးဖြစ်ချင်သူများအတွက် အထူးသင့်တော်ပါတယ်။ အသားအရေကို လည်း Glow စေပါတယ်တဲ့။

(ဂ) Coffee Scrub

အသားခြောက်သူနှင့် အသားကြည်ချင်သူများအတွက် အသုံးပြုပေးသင့်ပါတယ်။

(ဃ) Baking Soda Scrub

 Baking Soda တို့ထုံးစံအတိုင်း သိသာတဲ့ ရလဒ်ကို လျင်လျင်မြန်မြန်မြင်ရမှာပါ။ အမည်းစက် အမာရွတ် အသားမညီတာတွေအားလုံးအတွက် အသုံး၀င်ပါတယ်။ Sensitive Skin သမားဆိုရင်တော့ မျက်နှာကို အသုံးမပြုစေချင်ပါဘူး။

The Mix by Su မှာ Baking Soda ကို လူအသုံးများပြီး အမာရွတ်တွေပျောက်သလို မျက်နှာလေး၀င်းလာတယ်လို့ သုံးစွဲသူတော်တော်များများထောက်ခံကြပါတယ်။

အကျဉ်းချုံးပြီးပြောပြရမယ်ဆိုရင်တော့ အသားမဲရင် – Baking Soda

တင်ပါးအစပ်နားမှာ အထစ်၊ အထစ်တွေဖြစ်တတ်ရင် – Coffee

ခြေသလုံးနဲ့ပေါင်တွေ ကြည်ချင်ရင် – Cotton

နေလောင်ထားတဲ့ ခြေဖမိုးတွေအတွက် – Turmeric လို့ ခွဲခြားပြီးမှတ်ထားနိုင်ပါတယ်။

အသုံးပြုပုံပြုနည်းကို အကြမ်းဖျဉ်းပြောပြရမယ်ဆိုရင်တော့ မိနစ် ၂၀ လောက်တွန်းပါ။

ပြီရင် ရေနွေးနဲ့ဆေးပါ။

ရိုးရိုးဆပ်ပြာတိုက်ပါ။

ပြီးရင်ရေထပ်ဆေးပါ။

အားလုံးပြီးသွားပြီဆိုရင် မိမိ နှစ်သက်ရာ Moisturizing ပါတဲ့ Lotion လိမ်းပေးပါ။

Scrub လုပ်တယ်ဆိုတာ ဆဲလ်သေတွေကို ဖယ်ရှားပေးတာပါ။ ဒါကြောင့် Scrub လုပ်ပြီးရင် အသားအရေ နူးညံ့နေတတ်ပါတယ်။၂၄ နာရီအနည်းဆုံး နေပူမခံပါဘူး။ နေအထိမခံပါဘူး ဒါကြောင့် အပြင်မထွက်တဲ့နေ့ကို ရွေးပီးလုပ်ရင်ပိုထိရောက်ပါတယ်

By : Theingi Kyaw

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img