fb_icon

bnr_tob_1

2019.11.27ENTERTAINMENT

The Mask Singer Myanmar ၏ မျက်နာဖုံးရှင်တစ်ဦး ဖော်ထုတ်

Me Channel တွင် တင်ဆက်နေသော The Mask Singer Myanmar သည် စိတ်ဝင်စားမှုများပေးသည့်အပြင် ပရိသတ်အားပေးမှုလည်းတိုးပွားလာပါတယ်။ နိုဝင်ဘာ ၂၂ရက် သောကြာနေ့က ကျင်းပခဲ့သော The Mask Singer Myanmar ပြိုင်ပွဲ တွင် မျက်နှာဖုံးအနောက်မှ ဆယ်လီ တစ်ဦးကိုဖော်ထုတ်နိုင်ခဲ့ပါတယ်။

The Mask Singer Myanmar ပြိုင်ပွဲကတော့ အားလုံးသိကြတဲ့အတိုင်း မျက်နှာဖုံးအောက်က အဆိုရှင်ကိုဖော်ထုတ်ရတဲ့ပွဲ ဖြစ်ပါတယ်။ သီဆိုတဲ့ အဆိုတော်တွေကတော့ ဒီဇိုင်းအလန်းများနဲ့ မျက်နှာဖုံးများတပ်ကာ ဖျော်ဖြေတင်ဆက်ရပြီး ပရိသတ်များနဲ့ ဆယ်လီ စုံထောက်လေး‌ယောက် က အဆိုရှင်ကို ဖော်ထုတ်ရတဲ့ပွဲဖြစ်ပါတယ်။ ဆယ်လီ စုံထောက်လေး‌ယောက် ဖြစ်သော လူရွှင်တော် အရိုင်း၊ ခိုင်သင်းကြည်၊ ထွန်းထွန်း (Example)၊ ရတနာမိုင် တို့၏ ဖော်ထုတ်မှုနှင့် ဟာသများမှာ စိတ်ဝင်စားပြီး ပျော်ရွှင်ဖွယ်ကောင်းပါတယ်။ The Mask Singer Myanmar ရဲ့  host ပိုင်ဇေရဲထွန်း ကလည်းတင်ဆက်မှုကောင်းမွန်ပါသော‌ကြောင့် မျက်နှာဖုံးအဆိုရှင်ကို ဖော်ထုတ်ရန်စိတ်ဝင်စားကြရပါတယ်။ The Mask Singer Myanmar Group A ရဲ့ယှဉ်ပြိုင်မှုကို နိုဝင်ဘာ ၂၂ရက် သောကြာနေ့က ကျင်းပခဲ့ ရာ ကျားမျက်နှာဖုံးစွပ် ထားသောအဆိုရှင်ကိုဖော်ထုတ်နိုင်ခဲ့ပါတယ်။ အဆိုရှင်ကိုဖော်ထုတ်ရာတွင် ပွဲကြည့်ပရိသတ် နှင့် ဆယ်လီ စုံထောက်လေး‌ယောက်၏ မဲပေးသည့်စနစ်ဖြင့်ရွေးချယ်ခဲ့ပါတယ်။ မဲစနစ်တွင် ပွဲကြည့်ပရိသတ်၏မဲများကို ၁မှတ်ပေး၍၊ ဆယ်လီ စုံထောက်လေး‌ယောက်၏ မဲကိုတော့ ၁၀မှတ်ပေးထားပါတယ်။ မဲစနစ် ဖြင့်ဖော်ထုတ်ရာမှာတော့မျက်နှာဖုံး အဆိုရှင်များအနက် ကျားမျက်နှာဖုံးစွပ် အဆိုရှင်ကိုဖော်ထုတ်နိုင်၍ မျက်နှာဖုံးချွတ်ပေးခဲ့ရပါတယ်။ ထို ကျားမျက်နှာဖုံးစွပ် အဆိုရှင်ကတော့ “ပိုင်တံခွန်” ဖြစ်ပါတယ်။ ဆက်လက်၍ လာမည့် တစ်ပတ် သောကြာနေ့ ၌ လည်း နောက်ထပ် မျက်နှာဖုံးရှင်တစ်ဦးကိုရွေးချယ်မည်ဖြစ်ရာ စောင့်မျှော် အားပေးနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါတယ်။

By: Zaw Gyi

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img