fb_icon

bnr_tob_1

2020.01.08FEATURE

၂၀၂၀ရဲ့ ဂျပန်ရုပ်ရှင်ပွဲတော်

စိတ်လှုပ်ရှားဖွယ်ရာတွေအပြည့်နဲ့ ပွဲတော်တွေဟာ ၂၀၁၉ခုနှစ်မှာတင် ကျင်းပခဲ့တာမဟုတ်ပါဘူး။ ၂၀၂၀ခုနှစ်မှာလည်း စိတ်ဝင်စားဖွယ်ရာ ပွဲတော်တွေလာပါတော့မယ်။ အထူးသဖြင့် ရုပ်ရှင်ချစ်သူတွေအတွက် ပိုပြီး စိတ်လှုပ်ရှားစေမယ့် ရုပ်ရှင်ပွဲတော်ကြီးတစ်ခုကို သိပ်မကြာခင်မှာ ကျင်းပသွားတော့မှာ ဖြစ်ပါတယ်။
Japanese Films Festival Myanmar 2019-2020 ရုပ်ရှင်ပွဲတော်ကြီးကို ၂၀၂၀ခုနှစ်ရဲ့ ဇန်နဝါရီလ၊ ၁၀ရက်နေ့၊ရန်ကုန်မြို့မှာ စတင်ကျင်းပတော့မှာ ဖြစ်ပါတယ်။ နေပြည်တော်တိုင်းဒေသကြီး၊အောင်သပြေ ရုပ်ရှင်ရုံမှာတော့ ၂၀၁၉ခုနှစ်၊ဒီဇင်ဘာ-၂၀ရက်နေ့ကနေ -၂၁ရက်နေ့ထိ ကျင်းပခဲ့ပြီးဖြစ်ပါတယ်။ ဇန်နဝါရီ၊၁၀ရက်နေ့မှာတော့ Dance With Me, My Dad is a Heel Wrestler စတဲ့ ဂျပန်ရုပ်ရှင်ကားကောင်းတွေကို ရန်ကုန်မြို့မှာ ကြည့်ရှုရတော့မှာ ဖြစ်ပါတယ်။
နေပြည်တော်ရုပ်ရှင်ရုံ၊ JCGV ရုပ်ရှင်ရုံဖြစ်တဲ့ Junction City , မင်္ဂလာတာမွေရုပ်ရှင်တို့မှာ ဇန်နဝါရီ-၁၀ ရက်နေ့မှ ၁၉ရက်နေ့ထိ ပြသသွားမှာ ဖြစ်ပါတယ်။ မန္တလေးမြို့မှာတော့ ဝင်းလိုက်ရုပ်ရှင်ရုံမှာ ဇန်နဝါရီ-၃၁ရက် နေ့ကစပြီး ဖေဖေါ်ဝါရီ-၂ရက်နေ့ထိ ပြသသွားမှာ ဖြစ်ပါတယ်။ ဂျပန်နိုင်ငံရဲ့ ရိုးရာယဉ်ကျေးမှုတွေကို ရုပ်ရှင်တွေ ထဲကတဆင့် ခံစားနိုင်မှာ ဖြစ်သလို ဂျပန်နိုင်ငံရဲ့ လှပတဲ့ရှုခင်းတွေကိုလည်း ကြည့်ရှုနိုင်မှာပဲ ဖြစ်ပါတယ်။ ဝင်ကြေးအခမဲ့စီစဉ်ထားပြီး အင်္ဂလိပ်စာတန်း၊မြန်မာစာတန်းများထိုးပြီး ပြသမှာ ဖြစ်ပါတယ်။ ရုပ်ရှင်ချစ်သူတွေ သာမက ဂျပန်လူမျိုးတွေနဲ့ဂျပန်နိုင်ငံယဉ်ကျေးမှုတွေကို စိတ်ဝင်စားတဲ့လူတွေအတွက်ပါ သွားရောက်ကြည့်ရှု သင့်တဲ့ ရုပ်ရှင်ပွဲတော်တစ်ခုပဲ ဖြစ်ပါတယ်။

By : Myo Wai Thu

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img