bnr_tob_1

2020.05.14LIFE&TREND

တစ်ခေတ်တစ်ခါက ရန်ကုန်မြို့ရဲ့ ဂိုဏ်းစတား

Credit - The Guys of Yangon,1930 Page

ကဲ..Home Stay နေနေကြတဲ့ Yangon Style ပရိသတ်ကြီး ငြီးငွေ့နေကြပြီလား။ ပျင်းနေကြတဲ့ သူတွေအတွက် ခပ်မိုက်မိုက်စာအုပ်တစ်အုပ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ တစ်ခေတ်တစ်ခါက ရန်ကုန်မြို့မှာ လူမိုက်ကြီးတစ်ဦးအဖြစ်နဲ့ လူသိများနာမည်ကျော်ကြားခဲ့တဲ့ လမ်းမတော်ဖိုးတုတ်အကြောင်းကို သမိုင်းကို နောက်ခံထားပြီး ဇာတ်လမ်းအဖြစ်နဲ့ ရေးသားထားတဲ့ စာအုပ်တစ်အုပ်ပဲဖြစ်ပါတယ်။
သရော်စာတွေရေးတဲ့နေရာမှာ နာမည်ကြီးတဲ့ စာရေးဆရာဗြိတိသျှကိုကိုမောင်က သူ့ရဲ့ကလောင် အမည် တစ်ခုဖြစ်တဲ့ ခက်ဇော်ဆိုတဲ့နာမည်နဲ့ ရေးသားထားတာဖြစ်ပါတယ်။ COVID-19 , Stay Home ကာလမှာ စာရေးသူဟာ စိတ်ကူးကောင်းလေးနဲ့ ရေးဖွဲ့ထားတာဖြစ်ပါတယ်။ စစချင်းမှာ The Guys of Yangon,1930 ဆိုတဲ့ ပေချ့်မှာ အခန်းဆက်အနေနဲ့ရေးခဲ့ပါတယ်။ စရေးထဲက လူစိတ်ဝင်စားမှုအမြောက်အများ ရရှိခဲ့ပါတယ်။
The Guys of Yangon,1930 စာအုပ်ဟာ သမိုင်းကြောင်းကို နောက်ခံထားတဲ့စာအုပ်ဖြစ်တဲ့အတွက် စာအုပ်ပေါင်း -၁၈အုပ်ကို ကိုးကားပြီးရေးသားခဲ့ရတယ်လို့ ၎င်းပေချ့်မှာ ဖော်ပြထားပါတယ်။ အဆိုပါစာအုပ်ထဲ မှာ တချိန်ကရန်ကုန်မြို့ရဲ့ တည်နေရာ၊မြို့နယ်တွေကို ခေါ်ဆိုခဲ့ကြတဲ့ နာမည်တွေကို ဗဟုသုတရဖွယ် ဖတ်ရှု နိုင်မှာဖြစ်ပြီး ရန်ကုန်မြို့ရဲ့လူနေမှုဘဝ၊ ရန်ကုန်မြို့သူ၊မြို့သားတို့ရဲ့ စိတ်နေသဘောထား အားလုံးတို့ကို တခ ဏအတွင်း သိရှိရမှာ ဖြစ်ပါတယ်။ ကိုယ်တွေမမှီလိုက်တဲ့ တချိန်ကရန်ကုန်အကြောင်းကို အံ့သြတကြီးဖတ်ရှု ပြီး စိတ်ကြည်နူးမှုကိုလည်း ခံစားရမှာဖြစ်ပါတယ်။
ပေချ့်မှာ အခန်း(၃၄)ခန်းနဲ့ ဝတ္တုကိုအဆုံးသတ်ထားပါတယ်။ စာအုပ်ကို မေလ(၁၈)ရက်နေ့မှာ ဖြန့်ချီ မယ်လို့သိရပါတယ်။ငါတို့စာပေစာအုပ်တိုက်၊ We Distribution ကနေဖြန့်ချီသွားမှာဖြစ်ပါတယ်။ ဒါပေမယ့်ကြိုတင်အမှာစာတွေ ကတော့ ၁သောင်းကျော်သွားပါပြီ။
လူငယ်ရော၊လူကြီးပါမကျန် အားလုံးရဲ့ စိတ်ဝင်စားမှုကို The Guys of Yangon,1930 ရရှိနေပါတယ်။ ယခုလို COVID-19 ရောဂါနှိပ်စက်ခံနေရတဲ့ကာလမှာ စာအုပ်ရေတစ်သောင်းကျော် ကြိုတင်အမှာစာ လက်ခံရ ရှိတယ်ဆိုတာကလည်း လူအများရဲ့ စိတ်ဝင်စားမှုကို မြင့်တက်စေခဲ့ပါတယ်။
ပေချ့်မှာ ဝတ္တုကို ဇာတ်သိမ်းပြီးတဲ့နောက်မှာ စာအုပ်အဖြစ်အကောင်အထည်ဖော်နိုင်ခဲ့သလို ရုပ်ရှင် အဖြစ် အသက်သွင်းဖို့အတွက်လည်း ဒါရိုက်တာဏကြီးက လာရောက်ကမ်းလှမ်းဝယ်ယူခဲ့တယ်လို့ စာရေးသူ က သူ့ပေချ့်မှာတင်ထားပါတယ်။ ပရိသတ်တွေကတော့ စာအုပ်အဖြစ်တဝကြီး ခံစားပြီးတဲ့နောက်မှာ ရုပ်ရှင် အဖြစ်နဲ့လည်း အရသာရှိရှိ ခံစားကြရအုံးမှာပါ။
Yangon Style ပရိသတ်ကြီးတို့ကလည်း လမ်းမတော်ဖိုးတုတ်၊ဂန္ဓာမာသောင်းရီ စတဲ့ တချိန်က ရန်ကုန်ရဲ့ လူသိများခဲ့တဲ့ဇာတ်လိုက်ကြီးတွေနဲ့ ရင်းနှီးနေပြီးသားဖြစ်မှာပါ။ စာအုပ်အဖြစ်နဲ့ထွက်ရှိလာတဲ့အခါ မှာလည်း သေချာဖတ်ရှုခံစားနိုင်အောင် သတင်းစကားပါးလိုက်ရပါတယ်။
Credit – The Guys of Yangon,1930 Page

By : Myo Wai Thu

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img